20
Dec

ညီမျှခြင်းပွဲတော်သို့ ဖိတ်ကြားခြင်း

image





သူငယ်ချင်းတို့ရေလို့ ဆိုလာတဲ့
ညီမျှခြင်းပွဲတော် ဖိတ်စာလေးရတော့ မော်ဒရေတာတို့ အနေနဲ့ တစ်ခုခု လုပ်ပေးဖို့
လိုတယ်။ သူတို့ နှစ်တိုင်း လုပ်နေတာ ဒီနှစ်ပါဆိုရင် (၃) နှစ်ရှိပြီ။ ကျုပ်တို့လည်း
ကျုပ်တို့သူငယ်ချင်းတွေနဲ့ အတူရှိကြောင်း ပြောဖို့ လိုအပ်လာတယ်။
တက်နိုင်တဲ့အပိုင်းက အားဖြည့်ပေးဖို့ လိုအပ်တယ်။ ဒါကြောင့် ဒီဖိတ်စာလေးကို
ဒီနေရာမှာ တင်ပြ လိုက်ပါတယ်။ သူငယ်ချင်းတို့လည်း ငွေအား၊ လူအားနဲ့
အကူအညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ သူတို့ရဲ့ ညီမျှခြင်းပွဲတော်ကို ရန်ကုန်
ယုဒသန်ခန်းမ လာမယ့် ဇန်န၀ါရီလ ၁၇ ရက်နေ့၊ နေ့လည် (၁၂) နာရီကနေ ညနေ (၃) နာရီအထိ ပြုလုပ်ကြမှာ
ဖြစ်ပါတယ်။
ဖိတ်စာကို
အခုပို့စ်ရဲ့ ပူးတွဲပါဖိုင် (Attach File) အနေနဲ့ တပါတည်းထည့်ထားပါတယ်။

We All Are Equal,

မော်ဒရေတာ (ဟင်းမ်)

+++++++++++++++++++++

သူငယ်ချင်းတိုရေ

 

ငါပြောတဲ့ ညီမျှခြင်းပွဲတော် ဆိုတာ အဲဒါပဲ။ ငါတို့ အဲဒါလုပ်တာ ဒီနှစ်နဲဆို သုံးနှစ်ရှိပီ။ အဲဒီ့အချိန်မှာ ငါ့ရဲ့ အရောင်အသွေးတွေကို ချွတ်ထားတဲ့အတွကိုင်ငံရေးမှာ နာမည်ရှိသူတွေကို မဖိတ်ဘူး။ ငါတိုနဲဆက်ထားတဲ့ လူနာ ၂၅၀ လောက် ထဲက ရံပုံငွေပေမှာ မူတည်ပီး ၇၀ မှနေ ၂၀၀ အထိ ဖိတ်တယ်။ မနှစ်ကအထိ ပြည်ပအလှရှင် မပါဘူး အဲ့ဒီ့နေမှာ ငါတိုက သူတိုကို တီဘီတို ကိုယ်ခံအားတိုဘာမှမပြောဘူး (အခွေတော့ ပိုချင်ပါတယ်)။ သူတိုနဲအတူတူ အတူတူပါကွာဆိုတဲ့ သီချင်းဆိုတယ်။ သူတိုရင်ဘတ်ထဲက အကောင်းတွေ ပြောချင်ရင် တက်ပြောလိုရအောင် စင်အဆင်သင့် ဆောက်ထားတယ်။ ကာရာအိုကေလဲ လုပ်ပေးထားတယ်၊ ဆိုချင်ဆိုပစေပဲ မနှစ်ကတော့ ဘန်ဘီနိုညီအစ်မက လာကူပေးတယ်။ အရင်နှစ်ကပေါင်ချိန်နဲဒီနှစ်ပေါင်ချိန်ကို တိုက်ကည့်ပီး တနှစ်တာအတွင်း ကျန်းမာရေးအကောင်းဆုံးဆုကို ပေးတယ်။ တိုးတက်မမရှိဆုံး လူကိုလဲ တစ်နှစ်တာအတွင်း မတိုးတက်ဆုံးဆုကို ပေးတယ်။ပီးတော့ ဒီပွဲကိုလာတဲ့ လူနာတွေ အကုန်လုံးကို ငါတိုစုထားတဲ့ အ၀တ်အစား၊ အေအာဗီဆေးဝါး(ိုင်သလောက်)၊ စထရင် (လာတဲ့သူတိုင်း)။ိမပါတဲ့အားဆေး (တက်လာသူတိုင်း)။ပီးတော့ ရတဲ့ ရံပုံငွေထဲက လူနာတစ်ယောက်ဆီအတွက် အချိးကျပိုက်ဆံပေးပီး ပွဲကို သိမ်းလိုက်တာပဲ။

 

အရောင်မပါတဲ့နေ့ပေါ့ဟာ။ ဒါကောင့် ဒီပွဲအကောင်းကို မဖြဖြသင်းတိုသိပေမယ့် ငါတိုက သူတိုကို မဖိတ်ဘူး သူလူနာတွေကိုပဲ သူက တ်ပေးတယ်။ တစ်ခုတော့ရှိတယ် အဲဒီ့ပွဲကို တက်လာတဲ့ လူငယ်တွေဟာ ငါုံးကို ခေမလာဘဲ ငါစုထားတဲ့လူငယ်တွေပဲ တခါမှုံးမလာဘူးလိုငါကအရောင်ကင်းတယ်လိုဆိုတယ်။ အရင်နှစ်တွေက ငါတိုဒီဇင်ဘာနောက်ဆုံးပတ်မှာ တရက်ရက် လုပ်နေက။ စက်တင်ဘာ ရှောင်နေရင်းနဲတောင်မှ ငါတိုဖြစ်အောင် လုပ်နိုင်တယ် အဓိက ငါတိုကို ကူညီနေတာက MIT လိုခေတဲ့ ခရစ်ယာန်ကျမ်းစာသင်ကျောင်း အင်းစိန်မှာ ကွန်ပျတာဆိုင်းရင့်တိုဘာတိုသင်တယ်။ နောက် ၅၉ လမ်း ဗလီအုပ်စုကပဲ ဒီနှစ်ကတော့ အဲ့ပွဲတော်ကို အဓိကတာဝန်ယူပီး လုပ်တဲ့လူ သုံးယောက်မှာ MIT က သူငယ်ချင်းက တောင်ကိုးရီးယားမှာ မာစတာတက်နေတယှ်စှ်စ်ကာမယ်။ နောက် ၅၉ လမ်း ဗလီအုပ်စုက
ချိတ်ထားတဲ့
သူက ထောင်သုံးနှစ် ကျသွားလို နောက်ဆုံး ငါတစ်ယောက်ပဲ ကျန်တယ်။

 

ပထမတော့ မလုပ်တော့ဘူးလို ဒါပေမယ့် MSF သတင်းရယ် နောက်ပညာသွားသင်တဲ့ ကောင်မလေးကတော့ ထားပါတော့ ထောင်ထဲက ကောင်ကိုလဲ သတိရတာနဲငါလုပ်မယ်လိုဆုံးဖြတ်လိုက်တာ ဒါပေမယ့် ငါတစ်ယောက်တည်းက လိုက်ဆက်သွယ်ရတာ ဆိုတော့ ဒီဇင်ဘာ မမှီနိုင်တာနဲ လပိုင်းကို ရွေလိုက်တာ ကျန်တဲ့ သူတွေကတော့ သူတိုလဲ လုပ်မယ်တဲ့ အဲဒါသူငယ်ချင်းတိုတတိုင်သလောက် လှစေချင်တယ်။

 

ဒါပဲနော်

မင်းရဲ့သူငယ်ချင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top