24
Feb

တခါသုံး ဆေးထိုးအပ် သုံးဖို့ WHO လှုပ်ရှား

တခါသုံး ဆေးထိုးအပ်တွေကို ၂၀၂၀ ခုနှစ်အမီ သုံးစွဲသွားကြဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဆော်သြ ထားပါတယ်။ ဆေးထိုးအပ်တွေကို တခါမက ပြန်လည် အသုံးပြုတဲ့ အတွက် တနှစ်မှာ လူ ၂ သန်းကျော်ဟာ HIV နဲ့ အသည်းရောင် ရောဂါတွေအပါအ၀င် ကူးစက်ရောဂါတွေ ဖြစ်ပွားကြတယ်လို့ ဆိုပါတယ်။

တခါသုံး ဆေးထိုးအပ်တွေက ဈေးပိုကြီးပေမယ့် ရောဂါဖြစ်လို့ ကုသရတဲ့ ဆေးကုသစရိတ် ထက်စာရင် ဒီအပ်တွေ သုံးစွဲတာက အကုန်အကျ သက်သာပါတယ်လို့ WHO အဖွဲ့ကြီးက ပြောပါတယ်။

တခါသုံး ဆေးထိုးအပ်ကို အသုံးပြုခြင်းအားဖြင့် အသည်းရောင် ဘီအမျိုးအစား ရောဂါသည် ၁.၇ သန်းကျော်၊ စီအမျိုးအစား ရောဂါသည် ၃ သိန်း နဲ့ HIV ရောဂါသည် ၃ သောင်းခွဲခန့် နှစ်စဉ်ဖြစ်ပွားနေတာကို တားဆီးနိုင်မှာ ဖြစ်တယ်လို့ WHO ဆေးထိုး ကုသမှုဆိုင်ရာ အဖွဲ့မှ Dr Selma Khamassi က ဘီဘီစီကို ပြောပါတယ်။

နှစ်စဉ် ထိုးဆေး ၁၆ ဘီလီယံကျော် သုံးစွဲနေရတယ်လို့လည်း ဆိုပါတယ်။ မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေကြောင့် လူတွေ သန်းနဲ့ချီပြီး နှစ်စဉ် HIV နဲ့ အသည်းရောင် ရောဂါတွေ ဖြစ်နေတဲ့ အတွက် ရောဂါဖြစ်မှု လျှော့ချရေးအတွက် WHO က လှုပ်ရှားဆောင်ရွက်မှု တခုကို စတင်လိုက်တာ ဖြစ်ပါတယ်။

BBC - တခါသုံး ဆေးထိုးအပ် သုံးဖို့ WHO လှုပ်ရှား

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top