ထိုင်းလုပ်ငန်းရှင်များသည်
မြန်မာရွှေ့ပြောင်း အလုပ်သမားများကို လုပ်အားခနှုန်း ချိုသာစွာဖြင့် အသုံးချလိုကြ
သော်လည်း အများစုမှာ ၄င်းအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက်
တာဝန်ယူလိုစိတ်မရှိကြပါ။ တရားမျှတမှု ကင်းမဲ့ယုံသာမက ထိုင်းနိုင်ငံသား အများစု၏
ကျန်းမာရေးလုံခြုံမှုကိုပါ ခြိမ်းခြောက် လာနိုင်သော ကိစ္စလည်း ဖြစ်ပါသည်။ (စူပါရာ
ကျန်ချစ်ဖါ)
ဖန်ငါ
ခရိုင်ရှိ ဆေးရုံတရုံတွင် ဖြစ်ပါသည်။ အတန်ငယ် စောနေသေးသော နံနက်ခင်းတစ်ခုတွင်
လူနာအများအပြား ဆရာဝန်ကို တွေ့ဆုံရန် စောင့်ဆိုင်းနေကြပါသည်။ ၀င်းဝင်း
(အမည်ရင်းမဟုတ်) နှင့် ၄င်း၏ အမျိုးသားမှာလည်း စောင့်နေသော လူအုပ်တွင်
အပါအ၀င်ဖြစ်ပါသည်။
၎င်းတို့အပေါ်
ဝဲပျံနေသော ဒေသခံ ထိုင်းများ၏ မနှစ်မြို့သော အကြည့်များကို မကြည့်ဘဲ
သိနေကြပါလိမ့်မည်။ ထိုင်းနိုင်ငံသားများအတွက် ရည်ရွယ်ထားသော ဆေးရုံသို့ မြန်မာလူမျိုးများ
လာရောက်ကာ ကျန်းမာရေး ၀န်ဆောင်မှု ခံယူနေကြသည့်အတွက် ငြီးငြူ ပြောဆိုနေသံများကို
တစ်ချို့တစ်ဝက် နားလည်ကောင်း နားလည် နေကြပါလိမ့်မည်။
“ထိုင်းနိုင်ငံသား များအတွက်တောင် ဆရာဝန်
ဆရာမများ မလုံလောက်တဲ့ အထဲ ဒီမြန်မာတွေကို ဘာဖြစ်လို့ ထိုင်းဆေးရုံတွေက လက်ခံ
ကုသနေရသလဲနော်” တစ်ဦးကမေးသည်။ ဖြေသူက ပိုပြီး
အမြင်ကျယ်ပုံရပါသည်။ “သူတို့မှာ သေလောက်တဲ့ရောဂါတွေဘာတွေ
ရှိလို့ ဖြစ်မှာပေါ့။ မကုပေးပြန်ရင်လဲ ကျုပ်တို့ကိုပါ ကူးစက်ပြန့်ပွားလာရင်
ဘယ့်နှယ် လုပ်ကြမလဲ”
ဆေးရုံ
အရေးပေါ်ဌာန တွင်းက တီးတိုး ပြောဆိုနေကြသော အကြောင်းအရာများသည် ကျန်းမာရေး
စောင့်ရှောက်မှုလောက်နှင့် ရပ်တန့်မသွားပါ။ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့်
ပတ်သက်သည့် ကျန်အထွေထွေ မကျေနပ်ချက်များပါ တသီတတန်းကြီး ပါလာပါသည်။
“ကူရဘူရီဆေးရုံမှာဆိုရင် တစ်ခါတလေမှာ မြန်မာ
လူနာတွေဟာစုစုပေါင်းလူနာဦးရေရဲ့ ၅၀ ရာခိုင်နှုန်းတောင် ကျော်လွန် နေတတ်ပါတယ်။” ဟု ဖန်ငါးခရိုင် ကူရဘူရီတွင် နေထိုင်သော “အရီးရတ်” ကပြောပြပါသည်။ ဖရထုန်ကျွန်းမှာမွေးပြီး တရားဝင် မှတ်ပုံတင် မရှိကြတဲ့
ထိုင်းလူမျိုးစစ်စစ်တွေတောင် မြန်မာတွေလောက် အခွင့်အရေး မရရှိကြကြောင်း သူမက
ငြီးငြူပါသည်။ တရားဝင် နေထိုင်ခွင့် မရှိသော မြန်မာများက ဘတ် (၃၀)ဖြင့် ကုသမှု
ခံယူနေကြသော အချိန်တွင် အချို့ ထိုင်းအမျိုးသားများမှာ ကုန်ကျစရိတ် အပြည့်
ပေးဆောင် နေရကြောင်း သူမက ပြောပြပါသည်။
ယင်းသို့
အခြေအမြစ် မရှိလှသော စိုးရိမ်ပူပန်မှုများ တစ်ဘက်စောင်းနင်း အမြင်များကို
လက်ခံပြောဆိုနေသူများမှာ သာမန် အရပ်သားများ သာမက ထိုင်းကျန်းမာရေးဝန်ထမ်း
အချို့ပင် ပါဝင်နေသည်ကို နယ်စည်းမထား ဆရာဝန်များ အသင်းက ကြီးမှူး ကျင်းပသော ၂၀၀၄
ဆူနာမီ တတိယ နှစ်ပါတ်လည် အခန်းအနားတွင် သိသာထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
မြန်မာများသည် ထိုင်းများထက်ပင် အခွင့် အရေးရရှိနေကြကြောင်း တစ်ဦးက ထောက်ပြသည်ကို
အများအပြားက ထောက်ခံခဲ့ကြပါသည်။ ယင်းတို့၏ ခံစားချက်ကိုလည်း နားလည်နိုင်ပါသည်။ ထို
ဝန်ထမ်းများမှာ အခကြေးငွေ ပိုမရဘဲ မြန်မာ လူနာများအတွက် ပိုအလုပ်ရှုပ်ခံနေကြရပါသည်။
ယင်းလူနာများအနက် အချို့မှာ တရားဝင်ခြင်းမရှိသဖြင့် အခွန် ဆောင်ထားသူများလည်း မဟုတ်ကြပါ။
အစိုးရက
ဆေးရုံတစ်ရုံစီအတွက် ချမှတ် ပေးသော ဘတ်ဂျက်ခွဲတမ်းမှာ ထိုဆေးရုံအပေါ် မှီတည်နေသော
ထိုင်းလူဦးရေ အရ အချိုးကျသတ်မှတ်ထားကြောင်း၊ ထိုခွဲတမ်းကို ၀င်လုနေကြသော
ထိုဒေသရှိ တရားမ၀င် လုပ်သား မည်မျှရှိသည်ကို ထည့်သွင်း မတွက်ချက်ထားကြောင်း
အရာရှိတစ်ဦးကပြောပြပါသည်။ လူမှုရေး အမြင်မှကြည့်လျှင် ဆေးရုံသို့ရောက်ရှိလာသော
နိုင်ငံခြားသားများကို လစ်လျှူရှုထားလို့မရကြောင်း တစ်ချိန်တည်းမှာဘဲ
ထိုင်းအစိုးရအနေဖြင့် ထို ပြဿနာကို မသိကျိုးကျွံပြုနေကြောင်း တင်ပြဆွေးနွေးပါသည်။
ဖန်ငါခရိုင်
လူထုကျန်းမာရေးဌာန အရာရှိ တဦး အဆိုအရ ထိုခရိုင်ရှိ ဆေးရုံးအားလုံးအတွက်
ခွဲတမ်းရရှိသော ၂၀၀၇ ခုနှစ် ခွဲတမ်း ဘတ်ငွေ သုံးသန်းမှာ ထိုဒေသရှိ ရွှေ့ပြောင်း
အလုပ်သမားများ၏ ကျန်မာရေး အသုံးစိတ် အဖြစ် သုံးစွဲခဲ့ရပါသည်။
ရွှေ့ပြောင်းလုပ်သားများ၏
အရေးပါမှု
ဘေးအန္တရာယ်
ရှိ၍သော်လည်းကောင်း၊ ညစ်ပတ်၍ သော်လည်းကောင်း၊ ခက်ခဲလွန်း၍သော်လည်းကောင်း၊
ထိုင်းအလုပ်သမားများ မလုပ်ကိုင်လိုသော အလုပ်ကြမ်းများအတွက် ထိုင်းအလုပ်ရှင်
အတော်များများက မြန်မာလုပ်သားများကို ငှားရမ်းလိုကြပါသည်။ သို့သော် လုပ်အားခနှင့်
ခံစားခွင့် အပေါ် ညှိနှိုင်းပြောဆိုသောအခါ ကျန်းမာရေး ကုန်ကျစရိန် ကို ထည့်သွင်းဆွေးနွေးခြင်း
ပြုလေ့ မရှိကြပါ။
မြန်မာ
ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံ ကျန်းမာရေး ၀န်ဆောင်မှုကို
အခွင့်အရေးယူနေကြသည် ဟူသော အယူအဆမှာ မမှန်ကန်ပါ။ တရားဝင် မှတ်ပုံတင်ထားသော
အလုပ်သမားတစ်ဦးအနေဖြင့် မှတ်ပုံတင် ချိန်တွင် ကျန်းမာရေး အာမခံငွေ ဘတ် ၁၃၀၀ ကို
ကိုယ်တိုင်သော်လည်းကောင်း အလုပ်ရှင်က သော်လည်းကောင်း ပေးဆောင်ရကာ ကျန်းမာရေး
စစ်ဆေးရန်အတွက် ဘတ်ငွေ ၆၀၀ ကို ပေးဆောင်ရပါသေးသည်။
ကျန်းမာရေးဝန်ကြီးဌာနနှင့်
လူမှုဝန်ထမ်းဝန်ကြီးဌာန အဆိုအရ ၂၀၀၆ ခုနှစ် စာရင်းဇယားအရ တရားဝင် မှတ်ပုံတင်ထားသော
နိုင်ငံခြား အလုပ်သမား ၈၂၆ ၇၉၆ ဦးရှိကာ ၂၀၀၅ ခုနှစ် မှတ်ပုံတင်ဦးရေ ၈၄၁၂၇၇
ဦးနှင့် စာလျှင် လျော့နည်း လာသည်ကို တွေ့ရပါသည်။ အမှန်တကယ် ရှိသော လုပ်သားဦးရေ
၁.၈ သန်း နှင့် စာလျှင် ထက်ဝက်ပင်မရှိပါ။ အစိုးရကသာ မှတ်ပုံတင်ခွင့်ပြုလျှင်
မှတ်ပုံတင်မည့်သူ အများ အပြားရှိပါသည်။ နောက်ထပ် ၀င်လာသူများကို မှတ်ပုံတင်ခြင်း
ဆိုင်းငံ့ထားသောကြောင့် တရားမ၀င်ဦးရေ ယခုလောက် များနေရခြင်း ဖြစ်ပါသည်။
ယမန်နှစ်
အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ၏ အစီရင်ခံစာကို ကြည့်ပါ။ ယမနှ်နှစ် တစ်နှစ်လုံး
ပြည်ပ လုပ်သားများ၏ လုပ်အားခငွေပမာဏမှာ နှစ် ဘီလီယံဒေါ်လာ (သန်းနှစ်ထောင်) ဖြစ်ပါသည်။
ထိုင်းနိုင်ငံ၏ ယခင်နှစ် ထွက်ကုန် ပမာဏ ဒေါ်လာ ၁၁ ဘီလီယံ၏ ၆.၂ % ဖြစ်ပါသည်။ ထို
ကုန်ထုတ်လုပ်အား၏ ၇၅ % သည် မြန်မာနိုင်ငံမှ ဖြစ်ပါသည်။ ကျန် အစိတ်အပိုင်းကို
လောနှင့် ဗီယက်နမ် မှပံ့ပိုးခဲ့ပါသည်။
ဖူးခက်နှင့်
ဖန်င ခရိုင် လုပ်ငန်းရှင် အများအပြားကို မေးကြည့်ပါ။ မြန်မာ လုပ်သားများ၏
အရေးပါမှုကို ပြောပြသက်သေခံ ကြပါလိမ့်မည်။
ဖူးခက်မြို့
လိုင်းကားဆရာတစ်ဦးက- ထမင်းနပ်မှန်အောင်းစားရဘို့ ဗမာတွေကိုဘဲ အားကိုးနေရတယ်။
ထိုင်းတွေက ချမ်းသာကုန်ပြီလေ။ ကိုယ်ပိုင်ကားတွေ ဆိုင်ကယ်တွေနဲ့ ဖြစ်ကုန်ပြီ။
ကျွှန်တော်တို့ကားကို မစီးကြတော့ဘူး။ ကားအငှားလိုက်ရဖို့ မြန်မာ အလုပ်သမားတွေကိုပဲ
စောင့်နေရတယ်။ ဟု ရှင်းပြပါသည်။
ဒေသ
အတော်များများတွင်လည်း ဈေးဆိုင် ပိုင်ရှင်များက ထိုသို့ ငြီးငြူလေ့ရှိပါသည်။ “ဒီကလူတွေကတော့ မြို့ကြီးတွေကကုန်စုံဆိုင် စတိုးကြီးတွေမှာပဲ
ဈေးဝယ်ထွက်လေ့ရှိတယ်။ သိပ်ဝေးဝေး မသွားနိုင်တဲ့မြန်မာ အလုပ်သမားတွေ လာဝယ်တာကိုပဲ
စောင့် ရောင်းနေရတယ်” ဟု ပြောပြပါသည်။
မြန်မာ
ရွေ့ပြောင်းအလုပ်သမား အများစုမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ထိုင်းအစိုးရ
ဆေးရုံများကို သာ မှီံခို အားထားခဲ့ကြပါသည်။ အချို့မှာ MSF ကဲ့သို့သော အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ချဉ်းကပ်ကြပါသည်။
ဆူုနာမီနောက်ပိုင်း အဖွဲ့အစည်းအတော်များများ ရောက်ရှိလာခဲ့ပါသည်။ MSF တွင် ငါးဖမ်းလှေဆိပ်များ၊ ပန်းရံဆိုက်များ၊ ရော်ဘာခြံများသို့ ပုံမှန်
သွားရောက် စစ်ဆေးကုသ ပေးနေသော ရွှေ့ပြောင်း ကျန်းမာရေး အဖွဲ့ နှစ်ဖွဲ့ ရှိပါသည်။
စုစုပေါင်း လူဦးရေ ၁၀ ၀၀၀ ခန့်ကို ကျန်းမားရေး စောင့်ရှောက်မှု ပေးလျှက်ရှိပါသည်။
ဥပမာ
မင်းမင်း (အမည်ရင် မဟုတ်) သည် ထိုင်းစကား မပြောနိုင်သော AIDS ဝေဒနာရှင် တစ်ဦးဖြစ်ပါသည်။ သူ့အတွက် MSF
က ဆေးဝါး
အထောက်အပံ့ပေးရုံမက စကားပြန် ပါ စီစဉ်ပေးပါသည်။ မင်းမင်းသည် ၁၆ နှစ်သားကတည်းက
ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး ငါးဖမ်းလှေတွင် တစ်လ လုပ်အားခ ၁၈၀၀ ဘတ်ဖြင့်
လုပ်ကိုင်ခဲ့ပါသည်။ မိမိတွင် ရောဂါစွဲကပ်နေကြောင်း သိရသည်မှာ မကြာသေးပါ။ အခြေအနေ
အတော် ဆိုးမှ သိခဲ့ရပါသည်။ MSF ကြောင့်
အသက်ဆက်ရှင်နေနိုင်ခြင်းဖြစ်ပါသည်။ “ကျွှန်တော် မြန်မာပြည် ပြန်လို့
မဖြစ်ဘူး၊ ဟိုမှာ ဘာဆေးမှ ရှိမှာ မဟုတ်ဘူး”
ဟု ပြောပြပါသည်။
စောင့်ရှောက်မှု
ရရှိရေးအတွက် အဟန့်  အတားများ
ဘင်္ဂလား
ပင်လယ်အော် ကမ်းခြေ တစ်လျှောက် ကျဉ်းမြောင်းသော ကုန်းတန်း များအပေါ်ရှိ
တောတောင်ထူထပ်သော ရာဘာ ခြံများထဲတွင် မြန်မာ လုပ်သားများ ထောင်ျေသောင်း ချီပြီး
နေထိုင် နေကြပါသည်။ ရိုးရိုးသာမန် ဖြစ်သလို ဆောက်လုပ်ထားသော အိမ်များတွင်
နေထိုင်ကြရသော်လည်း ကျန် အလုပ်သမားများ (ဆောက်လုပ်ရေး လုပ်သားများ) နှင့်စာလျှင်
လစာဝင်ငွေကောင်းကောင်း ရရှိ၍ အတန် အသင့် ပို ကောင်းသော အိမ်ယာများတွင်
နေထိုင်ခွင့် ရကြပါသည်။
အချို့
ရာဘာခြံပိုင်ရှင်များက အလုပ်သမားများ၏ ကျန်းမာရေးကို ဂရုစိုက်တာဝန်ယူကြသော်လည်း
အလုပ်ရှင် အများစုမှာ ထိုကိစ္စကို စိတ်မ၀င်စားကြပါ။
ငယ်ရွယ်သူများမှာ
ဖျားနာခဲပါသည်။ သို့ရာတွင် အသစ်ရောက်လာသူများ ကလေးငယ်ရှိသူများ အသက်အရွယ်
ကြီးသူများ အတွက် ရံဖန် ရံခါ ပြဿနာ ကြုံရတတ်ပါသည်။
အလုပ်ရှင်
အပြောင်းအလဲကြောင့် တရားဝင်ဘ၀မှ တရားမ၀င် ဘ၀သို့ ရောက်ရှိသွားသူများအတွက်လည်း
ဆေးရုံဆေးခန်းသွားရန် အခက်အခဲ ရှိပါသည်။
တရားမ၀င်
လုပ်သားများမှာ ရောဂါမည်မျှပြင်းထန်နေသည် ဖြစ်စေ ဆေးရုံသို့ မသွားလိုကြပါ။
ဖမ်းဆီးခံရမည့် အရေးကို ပူပန် ကြပါသည်။ အချို့ကလည်း ဝေးလွန်းလို့ မသွားချင်ကြပါ။
အချို့ကလည်း ကုန်ကျစရိတ် မတတ်နိုင်လို့ အချို့ကလည်း စကား မတတ်လို့ တော်ရုံတန်ရုံ
ဆေးရုံဆေးခန်း သွားလေ့မရှိကြပါ။ ရောဂါဖြစ် လာလျှင် နီးစပ်ရာ ကြံဖန် ကုလေ့ရှိပါသည်။
အချို့ လုပ်ငန်းခွင် ထိခိုက်မှု ကြောင့် ကွဲရှနာများ ချုပ်ဖို့လိုသည်ကိုပင်
ဆေးရုံမပို့ဘဲ အိမ်တွင် ရရာအပ်များဖြင့် ချုပ်ကြပါသည်။ ပိုက်ဆံမရှိတာရယ်
ဆေးရုံလက်မှတ် မရှိတာရယ်ကြောင့် ဖြစ်ပါသည်။ မီးဖွားစရာရှိလျှင်လည်း
ရာဘာခြံထဲမှာပင် ဖြစ်သလို မွေးဖွါးလေ့ရှိပါသည်။ ပိုလုံခြုံသည်ဟု ပြောပါသည်။ အနည်းဆုံး
အဖမ်းခံရမည့် ဘေးမှ ကင်းဝေးပါသည်။ ၀မ်းဆွဲဆရာမကိုလည်း အကြွေးဖြင့် ခေါ်ယူ
နိုင်ပါသည်။ အချို့မှာ ဘတ်လုပ်ရသည့် ဒုက္ခမည်မျှ ကြီးပါစေ လုပ်လိုကြပါသည်။ သို့သော်
လူသစ်များ မှတ်ပုံတင်မည့် မူဝါဒ ပြောင်းလဲလာရန် မည်မျှ စောင့်ဆိုင်းရဦးမည် မသိပါ။
ရာဘာခြံ
လုပ်သား အများစုက တရားဝင် မှတ်ပုံတင်လိုကြပါသည်။ သို့မှသာ လွတ်လတ်စွာ
သွားလာနိုင်မည် ဖြစ်ပြီး ကျန်းမာရေး အတွက်လည်း စိတ်အေးရမည် ဖြစ်ပါသည်။
MSF မှ သူနာပြု စွတ်စရီ စန်နီယာဟာ
အဆိုအရ ယမန်နှစ်က အလုပ်သမားတစ်ဦးသည် မိမိတွင် ငှက်ဖျားရောဂါ ရှိကြောင်း မသိဘဲ
သေဆုံးသွားခဲ့ပါသည်။ ဆေးရုံရောက်ချိန်တွင် အလွန် နောက်ကျ နေပြီ ဖြစ်ပါသည်။
အလုပ်သမား အတော်များများမှာ ရောဂါအခြေအနေ အလွန်ဆိုးပြီး မခံနိုင်သည့် အဆုံးမှသာ
ဆေးရုံသို့ သွားကြပါသည်။ အများစုက မိမိဝေဒနာသည် သာမန် နာမကျန်းဖြစ်ခြင်း ဖြစ်သည်
ဟု ယူဆနေချိန်တွင် သွေးလွန်တုပ်ကွေး စသည့် ရောဂါများ ခံစားနေတတ်ကြပါသည်။ မိမိဘာသာ
ကုမနိုင်တော့မှ ဆေးရုံး ပြေးကြပါသည်။ သူမ၏ အတွေ့အကြုံအရ တီဘီ ဝေဒနာရှင် တစ်ဦးမှာ
မပြောမဆို မြန်မာပြည် ထပြန် သွားပါသည်။ ဆေးညွှန်း ကိုလည်း ကုန်အောင် သောက်မသွား
ယူမသွားပါ။ ထိုသူသည် မကြာမီ ကွယ်လွန်မည်မှာ မလွဲပေ။ ထိုအပြုအမူများသည် ရောဂါ ပျံ့ပွားအောင်
တမင် ပြုမူနေသကဲ့သို့ ဖြစ်ပါသည်။
ကျန်းမာရေးစောင့်ရှောက်မှု
အခွင့်အလမ်း တိုးမြှင့် ရေး
အပြည်ပြည်ဆိုင်ရာ
ရွှေ့ပြောင်းအလုပ်သမားနေ့ အခမ်းအနားတွင် MSF
အဖွဲ့က
ထိုင်းအစိုးရအား ထိုင်းနိုင်ငံတွင် နေထိုင်နေကြသော မြန်မာ ရွှေ့ပြောင်း
လုပ်သားများအတွက် ကျန်းမာရေး ၀န်ဆောင်မှု တိုးမြှင့် ဆောင်ရွက်သွားရန် တိုက်တွန်
ပြောကြားခဲ့ပါသည်။
(Kannikar
Kijtiwatchakul, MSF Access to Essential Medicine Campaigner ) ထိုင်းနိုင်ငံအနေဖြင့် ဈေးချိုသော
လုပ်အားများ ရရှိနိုင်ရန် မြန်မာ ရွှေ့ပြောင်းလုပ်သားများ ဆက်လက် ရှိနေဦးမည်မှာ
မလွဲပေ။ သို့ရာတွင် ထိုလုပ်သားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို အလေးမထားပါက
ကျန် ထိုင်းနိုင်ငံသားအားလုံး၏ ကျန်းမာရေးကို ခြိမ်းခြောက်လာ နိုင်သော အန္တရာယ်
ရှိပါသည်။ ဥပမာ ကူးစက်ပျံုံပွားမြန်သော တီဘီ ကဲ့သို့ သော ကပ်ရောဂါများ ကို
ဂရုစိုက်သင့်ပါသည်။ အလုပ်ရှင်များအနေဖြင့် မိမိ အလုပ်သမားများ၏ ကျန်းမာရေး
စောင့်ရှောက်မှု တာဝန်ယူရန် မငြင်းဆန် သင့်ပါ။
(Richard Veerman, MSF
migration coordinator for Thailand)
အလုပ်သမားတိုင်း
ဆေးရုံကဒ် ရှိသင့်ပါသည်။ ၄င်းတို့ ရရှိသော လစာနည်းလွန်းသည့်အတွက် ကုန်ကျစရိတ်
အပြည့်ပေးဆောင်နိုင်ကြမည် မဟုတ်ပါ။
ခရိုင်အသီးသီးရှိ
အလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့် ခံစားနိုင်ရန်- အလုပ်သမား
မှတ်ပုံတင် ခြင်းကို အမြန်ဆုံး ပြန်လည် ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းလိုပါသည်။
အလုပ်သမားတိုင်း မည်သည့် လုပ်ကိုင်နေထိုင်ခွင့် ကဒ် ကို ကိုင်ဆောင်သည် ဖြစ်ပါစေ
ဆေးရုံ လက်မှတ် ရရှိနိုင်အောင် စီစဉ် ပေးစေလိုပါသည်။
Dr Charnwit Tharathep of
the Ministry of Public Health (MoPH)
အလုပ်သမားများ
မှတ်ပုံတင်ခွင့် ရရှိရေးမှာ အလုပ်ရှင်များအပေါ် ပိုမူတည်ပါလိမ့်မည်။
အလုပ်သမားများသည် လုံခြံရေးအတွက် အနှောက်အယှက် ပေး၊ မပေး ပေါ်လည်း
မူတည်နိုင်ပါသည်။ အချို့ အလုပ်ရှင်များအနေဖြင့် အလုပ်သများများ
အလုပ်ထွက်သွားသောအခါ မိမိတို့ ပေးဆောင်ထားသော ကျန်းမာရေး နှင့် မှတ်ပုံတင်
ကြေးများ ဆုံးရှုံးမည်ကို လည်း စိုးရိမ်နိုင်ပါသည်။(Dr Charnwit added that)
လူထုကျန်းမာရေး
ဌာနအနေဖြင့် အလုပ်သမားများ မှတ်ပုံတင် သည်ဖြစ်စေ မတင်သည် ဖြစ်စေ ဆေးရုံကဒ်
ကိုင်ဆောင်နိုင်ရန် စီစဉ် လျှက်ရှိပါသည်။ သို့ရာတွင် အချိန် ယူရပါမည်။
မိမိတို့
တင်သွင်းထားသော ကျန်းမာရေး အာမခံအစီအစဉ်မှာ ကမ္ဘာတွင် အဘိုးနှုန်း
အချိုသာဆုံးဖြစ်ပါသည်။
မူအရ
ဆေးရုံအုပ်ကြီးတွင် လူနာနှင့် ပတ်သက်ပြီး တပါးသူအတွက် အန္တရာယ်
တစ်စုံတရာမရှိကြောင်း အာမခံရမည် ဖြစ်ပါသည်။
မိမိတို့
ဆရာဝန်များအနေဖြင့် ဆေးရုံသို့ မီးဖွားရန် လာရောက်ခြင်းဖြစ်စေ ကုသမှု ခံယူရန်
လာရောက်ရုံဖြင့် ရဲစခန်းသို့ သတင်းပို့ တိုင်တန်းမည် မဟုတ်ကြောင်း လောလောဆယ်
ရာဇ၀တ်မှု ကျူးလွန် ထားကြောင်း ရဲစခန်းမှ အကြောင်းကြား အကူညီ တောင်းလာမှသာ
ကူညီဆောင်ရွက်ပေး ရမည် ဖြစ်ကြောင်း အလေးအနက် ပြောကြားလိုပါသည်။
မိမိတို့ဌာန
အနေဖြင့် အလုပ်သမားများ၏ ကျန်းမာရေးကို တိုးမြှင့် ဆောာင်ရွက်ပေးရန် အစီအစဉ်များ
ချမှတ်ထားကြောင်း အလုပ်သမားအချို့ကို ပုံမှန် ကျန်းမာရေးစစ်ဆေးမှု
များပြုလုပ်ပေးနေပြီး အချို့ကို ကာကွယ်ဆေးများ ပုံမှန် ထိုးနှံပေးနေကြောင်း
လည်းထည့်သွင်းပြောကြားသွားပါသည်။
၎င်းမှ
ဆက်လက်ပြောကြားရာတွင်- နှစ်စဉ် အလုပ်သမားများထံမှ ကောက်ခံသော ၁၉၀၀ ဘတ်မှာ
ပျမ်းမျှအားဖြင့် လုံလောက်မှု ရှိကြောင်း တခါတရံ အရေးပေါ်ကိစ္စများတွင် ဆေးရုံမှ
စိုက်ထုတ် ကုန်ကျခံရသည်လည်းရှိကြောင်း၊ ထို့ကြောင့် “တစ်ကျပ်သားဘိုးမျှ ကာကွယ်မှုဖြင့် တစ်ပိသာဘိုး ကုသမှုကို သက်သာစေနိုင်သည်” ဆိုသောမူကို မိမိတို့ လက်တွေ့ကျင့်သုံးနေကြကြောင်း။ ထိုသို့ဆောင်ရွက်ခြင်းသည်
ထိုင်းအမျိုးသားများ၏ လုံခြုံမှုအတွက်လည်း ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။
အဖြစ်မှန်
ကို လက်ခံစေချင်
ဆူနာမီ
အပြီး သုံးနှစ်သာကြာခဲ့ပါပြီ။ ဖန်ငါ ခရိုင်တွင် တဟုန်ထိုး ကြီးထွားလာသော
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ရေလုပ်ငန်း၊ ရော်ဘာလုပ်ငန်း များကို ကြည့်ပါ။
ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ ပံ့ပိုးမှုကို
ငြင်းမရပါ။
မှန်ပါသည်။
နိုင်ငံအတွင်း တိုင်းတပါးသား ယခုလောက်များမျာ လက်ခံထားရှိခြင်းအားဖြင့် လုံခြံရေး
အန္တရာယ် ရှိနိုင်ပါသည်။ သို့သော် ဒုစရိုက်မှု ဖြစ်ပွါးမှုနှုန်းကို ကြည့်ပါ။
လူအပါအ၀င် မူးယစ်ဆေးဝါးစသော တရားမ၀င် ဖေါက်ကားမှုဟာ မဆိုစလောက်သာရှိပါသည်။
အဖွင့်စာပိုဒ်တွင်တင်ပြသကဲ့သို့ယခုလောက်များသောရွှေ့ပြောင်းအခြေချခြင်းကြောင်
လူမှုရေးအရ မနာလိုမှုများ၊ မုန်းတီး မှုများ ခွဲခြားဆက်ဆံမှုများ
ဖြစ်ပေါ်လာနိုင်ပါသည်။
လက်တွေ့မှာမူ
ကြီးထွားလာနေသော နိုင်ငံ့ စီးပွါးရေးကဏ္ဍအတွက် လိုအပ်နေသော လုပ်အား များစွာကို ထို
ရွှေ့ပြောင်းအလုပ်သမားများက ဖြည့်ဆည်းပေးနေ ပါသည်။ ၄င်းတို့အထဲတွင် ဟိုတယ်
လုပ်ငန်းလည်း အပါအ၀င် ဖြစ်ပါသည်။ ဆူုနာမီအတွင်းပျက်စီးသွားသော ဟိုတယ်
အတော်များများကို လွန်ခဲ့သည့် တစ်နှစ်နှင့် တစ်နှစ်ခွဲကာလ အတွင်း ပြန်လည်
လည်ပတ်နိုင်ခဲ့ပြီ ဖြစ်ကာ ယခင်လအတွင်း ဟိုတယ်ခန်းများ တည်းခိုမှု ရာခိုင်နှုန်းမှာ
၉၀ ရာခိုင်နှုန်းထိ ရှိခဲ့ပါသည်။
ကျွန်ုပ်တို့သည်
ထို လုပ်အားများ၏ တန်ဘိုးကို သိသိနှင့် မသိကျိုးကျွံ ပြုနေခဲ့ကြပါသည်။ သူတို့သာ
မရှိခဲ့ရင် လုပ်အားခကုန်ကျစရိတ်မှာ ယခုထက်ပိုမည်ဖြစ်ပြီး ပိုမို၍
အချိန်နှောင့်နှေးမည်မှာ မလွဲဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း မန်နေဂျာတစ်ဦးက
ဆောက်လက်စ အဆောက်ဦး အပေါ်ဆုံးထပ်တွင် လုပ်ကိုင်နေကြသော မြန်မာ လုပ်သားများကို
ညွှန်ပြကာ ပြောပြခဲ့ပါသည်။
ထိုင်းနိုင်ငံတွင်
တစ်နေ့တစ်ခြား တိုးတက်မွေးဖွားနေသော ရွေ့ပြောင်းလုပ်သား ကလေးသူငယ်များပြားကြောင်း၊
မိမိတို့ သားသမီးများ ကျန်းမာရေး အခွင့်အရေး ဆုံးရှုံးမည်ကို တွေးတော ပူပန်နေသော
ထိုင်းပြည်သူများအတွက် ဂျပန် နိုင်ငံတွင် တွေ့ကြုံခဲ့သော “ကန်နီကာ” ၏ အတွေ့အကြုံကို နားထောင်ကြည့်ပါ။
ဂျပန်
ရောက် ထိုင်းအလုပ်သမားတစ်ဦး နာမကျန်းဖြစ်ကာ ဆေးရုံတက်ရန် ကြိုးစားသော်လည်း
ဆေးရုံး (၈)ခုက လက်ခံရန် ဆက်တိုက်ငြင်းဆန်ခံခဲ့ရသည်။ န၀မ မြောက်ဆေးရုံက
လက်ခံခဲ့သော်လည်း အချိန် နှောင်းခဲ့ပါပြီ။
အခြား
ထိုင်းအမျိုးသမီးတစ်ဦမှာ AIDS ဝေဒနာကြောင့် ပြင်းထန်စွာ
ခံစားနေခဲ့ရပါသည်။ အိမ်ပြန်ရန်ကြိုးစားခဲ့သော်လည်း လူဝင်မှု အရာရှိများက သူမအား
မည်သည့် စောင့်ရှောက်မှုမျှ မပေးပဲ ၁၄ ရက် ထိမ်းသိမ်းထားခဲ့ပါသည်။
၂၀၀၁
ခုနှစ် ထိုင်းအလုပ်သမားတစ်ဦး ဆေးရုံတက်ရန် ငွေကြေးမရှိသဖြင့်
ထိုင်းသံရုံးရှေ့တွင်ပင် သေဆုံးခဲ့ပါသည်။
အလုပ်သမားများအပေါ်
ကျန်းမာရေးစောင့်ရှောက်မှု ပိတ်ပင်လေလေ အိမ်ရှင် ပြည်သူများအတွက် အန္တရာယ်
နီးလေဖြစ်ပါသည်။
ဥပမာ-- မျိုးးပွါးခြင်းဆိုင်ရာ
ဗဟုသုတ နည်းပါးလေ မလိုအပ်ပဲ ကိုယ်ဝန်ဆောင်မှု များပြားလေဖြစ်ကာ သင်တို့
အလွန်ကြောက်သော သင်တို့၏ အခွင့်အရေးများကို လုယူမည့် တရားမ၀င် ကလေးသူငယ်များ
ပေါများလာလေ ထိုင်းနိုင်ငံ၏ ကျန်းမာရေးကုန်ကျစရိတ် ပိုမိုလာလေ ဖြစ်ပါမည်။
၎င်းတို့အား
ကာကွယ်ဆေး ထိုးပေးရန် ငြင်းဆန်ပါက ထိုင်းပြည်သူလူထုကြား မလိုအပ်သော ရောဂါများ
ကူစက် ပြန့်ပွားလေ ဖြစ်နိုင်ပါသည်။
ရွှေပြောင်း
လုပ်သားများအနေဖြင့် ကျန်းမာရေး စောင့် ရှောက်ခံပိုင်ခွင့်သည် ၄င်းတို့၏
အခြေခံအခွင့်အရေး ဖြစ်ရုံသာမက ၄င်းတို့သည် မည်သည့် နိုင်ငံသားဖြစ်စေ တရားဝင်မှု
ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ မိမိတို့ အနေဖြင့် အလေးထားကာကွယ်ပေး ရမည့်
အခွင့်အရေးလည်း ဖြစ်ပါသည်။ အိမ်ရှင်နိုင်ငံသားများ၏ ကျန်းမာရေး လုံခြုံမှုနှင့်လည်း
နီးကပ်စွာ ယှက်နွယ်လျှက်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ---------
“ရောဂါ ကပ်ဘေးဟူသည် နိုင်ငံသားမရွေး ဘက်လိုက်မှုမရှိ
နယ်နမိတ် စည်းမျဉ်များကို ကျော်ဖြတ်ရန် အမြဲ အသင့်ရှိပါသည်။”
တစ်ကျပ်သားဘိုးမျှ
ကြိုတင် ကာကွယ်ခြင်း




