2
Jul

တစ်လုံးထဲ သောက်နိုင်မည့် HIV ဆေး ပေါ်ထွက်လာ

အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူများအတွက် တစ်နေ့လျှင် တစ်ကြိမ်သာ သောက်သုံး ရသော လေးမျိုးပေါင်းဆေးသစ်မှာ ဘေးကင်းပြီး အကျိုးရှိကြောင်း သုတေသနတစ်ရပ်က ဖော်ပြသည်။

အိပ်ခ်ျအိုင်ဗွီသည် ပျောက်ကင်းသည်အထိ ကုသမရနိုင်သော်လည်း  ကူးစက်မှုကို ထိန်းချုပ်ခြင်းဖြင့် မပျံ့ပွားစေရန် ဆောင်ရွက်နိုင်ပြီး အသက်ရှည်စေရန် ဆောင်ရွက်ပေးနိုင်သည်။ ဆေး အများစုမှာ နေ့စဉ် အမြောက် အမြား သောက်သုံးရပြီး  ဆေးတစ်ဖုံစာ မေ့လျော့သည်နှင့် ရောဂါပိုးကို တိုက်ခိုက်မှုမှာ အရာမထင် ဖြစ်သွားတတ်သည်။ သို့ဖြစ်ရာ သုတေသနပညာရှင်များနှင့် ဆေးကုမ္ပဏီများသည် တစ်မျိုးတည်း တစ်နေ့ တစ်လုံးသောက်ရုံဖြင့် အလုပ်ဖြစ်နိုင်သော ဆေးပေါင်းကို ဖန်တီးခဲ့ ကြခြင်းဖြစ်သည်။

လေးမျိုးပေါင်းထားခြင်းကြောင့် Quad ဟု အမည်ပေးထားသည့်ဆေးကို သုံးကြိမ်တိုင် စမ်းသပ်ပြီးနောက် စိတ်ချစွာ သောက်သုံးနိုင်သည့် အခြေအနေတွင်ရှိကြောင်း အမေရိကန်မှ သုတေသန ပညာရှင် များက ဆေး ပညာဂျာနယ် Lancet တွင် ရေးသားဖော်ပြခဲ့သည်။

အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး(FDA) အကြံပေးအဖွဲ့၏ ထောက်ခံမှုလည်း ရရှိထားပြီး လာမည့်သြဂုတ်လတွင် အက်ဖ်ဒီအေက အပြီးသတ် ဆုံးဖြတ်ချက် ချမှတ် မည်ဖြစ်သည်။ ဆေးသောက်သုံး သူများတွင် ကျောက်ကပ် ဆိုင်ရာ ပြဿနာရှိနိုင်သော်လည်း အခြားဆေးများနှင့် ယှဉ်ပါက ပိုမိုအလုပ်ဖြစ်နိုင်ကြောင်း ပညာရှင်များက ထောက်ခံထားသည်။

Eleven - တစ်လုံးထဲ သောက်နိုင်မည့် HIV ဆေး ပေါ်ထွက်လာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top