တရုတ်နိုင်ငံအတွင်း AIDS ဖြစ်ပွားမှုဟာ
ကြီးမားလျက်ရှိပါတယ်။ အများစုမှာ ရောဂါရှိနေသူများအား စမ်းသပ် ဖော်ထုတ်မှု မရှိခြင်းကြောင့်
တစ်ကြောင်း၊ ရောဂါရှိသူကလည်း ကုသမှုခံယူရန် ငြင်းဆိုခြင်းကြောင့်တစ်ကြောင်း၊ ထို့အပြင်
အာဏာပိုင်များ အနေဖြင့်လည်း သွေးသွင်းခြင်း၊ သွေးလှူဒါန်းခြင်း ကိစ္စများတွင် စနစ်တကျ
စမ်းသပ် စစ်ဆေးခြင်း မရှိတာက တစ်ကြောင်း HIV ကူးစက်မှုဟာ သန်းနဲ့ချီပြီး ရှိနေပါသည်။
အိတ်ခ်ျနဲ့ ရောဂါ အကြောင်းနှင့် ပတ်သက်၍ ပွင့်လင်းလွတ်လပ်စွာ ပြောဆိုမှုများကို ကန့်သတ်ထားခြင်းနှင့်
ပြစ်တင် ရှုတ်ချပြီး ခွဲခြားဆက်ဆံ လေ့ရှိခြင်းကြောင့်လည်း တရုတ်နိုင်ငံတွင်း အိတ်ခ်ျ
ရောဂါ ပြန့်ပွားမှု အဆိုးဆုံး အချိန်သို့ ရောက်ရခြင်း ဖြစ်ပါသည်။ တရုတ်ပြည်တွင်
HIV/AIDS ကူးစက်ခံထားရသူ တစ်သန်းခန့် ရှိတယ်လို့ ဆိုပါတယ်။
ဘေကျင်း၊ ဟောင်ကောင်နဲ့ ယူနန်ပြည်နယ်တွင်းမှာ
ရှိတဲ့ ရဲအရာရှိများ၊ မူးယစ်ဆေး သုံးစွဲသူများ၊ AIDS ရောဂါပြန်ပွားနေသော အလုပ်သမားများ၊
HIV/AIDS ကူးစက်ခံထားရသူများ ဒါဇင်ပေါင်းများစွာကို တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ရာမှာ
ယင်းတို့က “တရုတ်အစိုးရဟာ HIV/AIDS ကူးစက်ခံရလို့ဖြစ်တဲ့ ရှုတ်ချ၊ လူမှုရေး အသိုင်းအဝိုင်းက
ဝိုင်းပယ်ခြင်း ခံထားရသော ပြဿနာများကို အရှိန်မြှင့်ပြီး ကိုင်တွယ်ဖြေရှင်း လျက်ရှိသည်”
ဟုဆိုပါသည်။
ပုလိပ်ရောဂါပိုးကို ကူးစက်ပြန့်ပွားစေသော
ရောဂါပိုး သယ်ဆောင်သူ ကြွက်သန်းများ တစ်နေရာမှ တစ်နေရာခုန်ပျံကူးသန်း သည်နှင့်အမျှ
ပုလိပ်ရောဂါ ကူးစက်စေသလိုပင် AIDS ရောဂါကလည်း ပြန့်ပွားနေသည်ဟု ဆိုပါသည်။ တရုတ် အစိုးရ၏
ထုတ်ပြန်သော အစီရင်ခံစာများပေါ် လေ့လာ၍ လူ့အခွင့်အရေး စောင့်ကြပ်ကြည့်ရှူ့သူများက
“HIV ဗိုင်းရပ် ကူးခံထားရသော သူများ၏ အရေအတွက်မှာ အစိုးရက ဝန်ခံပြောဆို ထားသည်ထက် များစွာ
မြင့်မားနေသည်” ဟုဆိုပါသည်။
၁၉၈၀ နှစ်လယ်ကာလများက သွေးရောင်းစားမှု
ပြဿနာများကို အပြစ်တင်ရမှာ ဖြစ်သည်ဟု ဆိုပါသည်။ ဘေကျင်းသည် ကမ္ဘာပေါ်တွင် အဆိုးဆုံး
HIV/AIDS ပြန့်ပွားမှု အန္တရာယ်ကို ဆက်လက် ဖုံးကွယ်လျက်ရှိသည်ဟု လူ့အခွင့်အရေး စောင့်ကြပ်
ကြည့်ရှူ့ရေးအဖွဲ့က အပြစ်တင် လိုက်ပါတယ်။ တရုတ် အစိုးရ အနေနဲ့ ဘက်မလိုက်သော စုံစမ်း
ဖေါ်ထုတ်မှု ပြုလုပ်ရန် လိုသည်ဟု ဆိုပါသည်။
၁၉၈၀ နှစ်လယ်ကာလများက တရုတ်ပြည်နယ်
များစွာရှိ ကျေးရွာများစွာတွင် မသန့်ရှင်းသော သွေးသွင်းမှုများကြောင့် HIV/AIDS ကူးစက်မှု
ဖြစ်ပွားခဲ့ရပါသည်။ တရုတ်ပြည်နယ် (၇) ခုအတွင်း လူဦးရေ သန်း (၄၂၀)ခန့်ရှိသည်။
ဟိုင်နန် ပြည်နယ် တစ်ခုတည်းတွင်ပင်
တရုတ်အစိုးရက ဦးဆောင်ပြုလုပ်သော အခကြေးငွေဖြင့် သွေးလှူဒါန်းခြင်း အစီအစဉ်ကြောင့်
လူတစ်သန်းခန့် HIV ကူစက်ခံရကြောင်း သိရပါသည်။ ပြီးခဲ့သည့် ၁၀စုနှစ်အတွင်း ကပ်ရောဂါအသွင်
ကူးစက်မှုက သိသာ ထင်ရှားလာပါသည်။ တရုတ် ဗဟိုအစိုးရက ၂၀၀၁ခုနှစ်တွင် AIDS ပြဿနာနှင့်
ပတ်သက်၍ ထုတ်ဖေါ် ပြောဆိုခဲ့သော်လည်း အသေးစိတ်ကို ပြောဆိုခဲ့ခြင်း မရှိပါ။
၂၀၀၂ ခုနှစ် သြဂုတ်လတွင် တရုတ်နိုင်ငံအတွင်း
လူတစ်သန်းခန့် HIV ကူးစက်ခံနေရသည်ဟု ကြေငြာခဲ့ပြီး၊ အခကြေးငွေဖြင့် သွေးလှူဒါန်းခြင်း
အစီအစဉ်ကြောင့် မည်မျှကူးစက်သည်ကို ဖေါ်ပြခြင်း မရှိခဲ့ပါ။ လူ့အခွင့်အရေး စောင့်ကြပ်သူများ၏
အာရှဆိုင်ရာ ဌာနခွဲ အမှုဆောင် ညွှန်ကြား ရေးမှူး ဘရက်ဒ်အဒန်(မ်စ်)က “တရုတ်နိုင်ငံအနေနှင့်
သွေးသွင်းတဲ့ ကိစ္စများနှင့် ပတ်သက်၍ ရင်ဆိုင်ဖြေရှင်းဖို့ အချိန်ရောက်ပြီ” လို့သူက
ဆိုပါတယ်။
သူက ဆက်လက်ပြောဆိုသည်မှာ ဘေကျင်းအနေနှင့်
HIV/AIDS နှင့် ပတ်သက်၍ဖြစ်သည့် ကျန်းမာရေးပညာပေးခြင်း၊ ကာကွယ်ရေး စီမံချက်များ ရေးဆွဲခြင်း၊
ရောဂါဖြစ်သူအား ဝိုင်းပယ်ခြင်းမှ ရှောင်ရှားခြင်း စသည်တို့ ပါဝင်သည့် အကောင်းဘက်က ရှူ့မြင်သော
မူဝါဒများ ထုတ်ပြန် ခဲ့သော်လည်း နောက်ထပ်လုပ်စရာတွေ အများကြီး လိုသေးသည်ဟု ဆိုပါသည်။
ကျန်းမာရေး လုပ်သားများအား
နိုင်ငံအနှံ့ လေ့ကျင့်ပေးရေး ရောဂါ ခံစားနေရသူများအား ဝိုင်းပယ်မှုကို ဥပဒေအရ တားဆီးပေးရေး
မူးယစ်ဆေး သုံးစွဲသူများအား ဆေးကုဌာနများတွင် တက်ရောက် ကုသစေခြင်း စသည့်လုပ်ငန်းများ
လုပ်ဆောင်ရန် ဖြစ်ပါသည်။
HIV ကူးစက်ခံနေရသူများ အနေဖြင့်
ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမရှိသလောက် ဖြစ်နေသည့်အပြင် ဝိုင်းပယ်ခံရမှုများလည်း
ပိုမိုဆိုးရွားလျက် ရှိသည်ဟု ဆိုပါသည်။ ဆက်လက်၍ တရုတ်အစိုးရသည် ထိုကိစ္စများကို ဖြေရှင်းရမည့်အစား
အားပေးအားမြောက် ပြုနေသည် ဟုလည်း ဆိုပြန်ပါသည်။
ဤသို့ ပြုလုပ်ခြင်းအားဖြင့်
ရောဂါဖြစ်နေသူကို မကူညီပဲ မြေအောက်လောကသို့ တွန်းပို့နေသလို ဖြစ်သောကြောင့် ကပ်ရောဂါအသွင်
ကူးစက်မှု ဖြစ်ပွားလာသည်ဟု ဆိုပါသည်။ အချို့သော နေရာများတွင် HIV/AIDS ရှိနေသော သူများအား
ရေကူးကန်များတွင် ရေကူးခွင့် မပေးခြင်း၊ အစားအစာ ထုတ်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်ခွင့်
မပြုဟု ဆိုပါသည်။ ရောဂါ ရှိသူများအား လူ့အသိုင်းအဝိုင်းမှ ဝိုင်းပယ်ခြင်းသည် ထိုသူများအား
သီးခြား ဖြစ်သွားစေပြီး တရုတ် အစိုးရကိုယ်တိုင် ထိုကဲ့သို့ ပြုလုပ်မှုကို အားပေးနေသည်ဟု
“အဒမ်” ကပြောပါသည်။
“ဒီလို လုပ်နေခြင်းအားဖြင့်
AIDS ရောဂါ ပြန့်ပွားမှုကို ပိုမိုဆိုးဝါးစေမှာ သေချာပါတယ်။” ဟုလည်း ဆိုလိုက်ပါသည်။
လူ့အခွင့်အရေး စောင့်ကြပ် ကြည့်ရှူ့သူများ၏ အစီရင်ခံစာအရ “ဆားစ်” ရောဂါ နှိမ်နှင်းရေးတွင်
အောင်မြင်ခဲ့သော တရုတ်အစိုးရသည် AIDS ရောဂါကိုလည်း တိုက်ဖျက်ရန် အင်အား အလုံအလောက်
ရှိသည်ဟု ဆိုပါသည်။
ဇီဝက ကျန်းမာရေး မဂ္ဂဇင်း
(အမှတ် (၁၀၈) ၂၀၀၄ ခုနှစ် ဇန်နဝါရီလ )




