ဘေဂျင်း သြဂုတ် ၂၀
7 Day News Journal အတွဲ (၆) အမှတ် (၂၄) - (၃၀၊၈၊၂၀၀၇)
တရုတ်နိုင်ငံပိုင် မီဒီယာများက AIDS ရောဂါသည်
အဓိကအားဖြင့် လိင်မှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်ဟု ရေးသားဖေါ်ပြကြသည်။ ယခင်က မူးယစ်ဆေးဝါး
ထိုးသွင်းမှုမှ AIDS ရောဂါအများဆုံး ဖြစ်သည်ဟုသာ ဖေါ်ပြခဲ့ကြသည်။
ယခုကဲ့သို့  လိင်မှတစ်ဆင့် အဓိကကူး စက်ခြင်းဖြစ်သည်ဟု ၀န်ခံလိုက်ကြသောကြောင့် HIV ရောဂါ ကူးစက်ခြင်းသည် အန္တရာယ်ရှိသော အုပ်စုများ အတွင်းတွင်သာ ကူးစက်ရာမှ လူများကြားကူးစက် လာနိုင်သည်ကို
စိုးရိမ်မှုများ ပေါ်ထွက်လာခဲ့ရသည်။
တရုတ်နိုင်ငံတွင် HIV ကူးစက်ခံရသူ ခြေက်သိန်းခွဲ
ရှိသည်ဟု ခန့် မှန်းထားသော်လည်း သတင်းမပို့ သော ဖြစ်စဉ်များ ရှိသည့်အတွက်
ရောဂါကူးစက်ခြင်းကို ခန့် မှန်းရာတွင် အခက်ကြုံရလေ့ရှိသည်။
အစိုးရအစီရင်ခံစာများအရ ၂၀၀၅ ခုနှစ်တွင်
ရောဂါကူးစက်ခံရသူ ခုနှစ်သောင်း ခန့် ရှိပြီး တစ်ဝက်မှာ လိင်မှတဆင့် ကူးစက်ခံရခြင်း
ဖြစ်သည်ဟု ဖေါ်ပြခဲ့ကြသည်။ ထိုအချက်က တရုတ်နိုင်ငံသည် HIV ဗိုင်းရပ်စ်
ကိုတားဆီးရေးတွင် ပိုမိုပွင့်လင်းလာသည်ကို ပြသခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည်
လိင်ကိစ္စ ကိုရှက်စရာ အမူအကျင့် အဖြစ်သဘောထားသောနိုင်ငံဖြစ်သည်။
7 Day News Journal အတွဲ (၆) အမှတ် (၂၄) - (၃၀၊၈၊၂၀၀၇)




