5
Nov

တရုတ်နိုင်ငံမှာ မိခင်လောင်းများ (ဆစ်ဖလစ်) စမ်းသပ်မှု နည်းလွန်းနေ

ဆင်းရဲသေးတဲ့ တရုတ်နိုင်ငံ တောင်ပိုင်းမှာ ကိုယ်ဝန်ဆောင် တဝက်လောက်ဟာ လိင်ကတဆင့်ကူးစက်တဲ (ဆစ်ဖလစ်) ရောဂါ ရှိ-မရှိ မစစ်ဆေးဘဲ နေကြတယ်လို့ သုတေသန လုပ်သူတွေက ဆိုလိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဂျာနယ်တခုမှာ “Guangdong province (ဂွမ်ဒေါင်း) နယ်က မိခင်လောင်း ၁၂၅ဝဝဝ ထဲက ၄ဝ% ကျော်ဟာ ၂ဝဝ၈ ခုနှစ်ထဲမှာ (ဆစ်ဖလစ်) မစစ်ခဲ့ကြဘူး” လို့ ပါရှိတယ်။ ဒီလိုဖြစ်ရတာဟာ တောပိုင်းဒေသတွေမှာ ကျန်းမာရေး လိုအပ်ချက်တွေ နည်းလွန်းနေလို့ပါ။

တရုတ်နိုင်ငံ၊ Nanjing (နန်ဂျင်း) က National Center for Sexually Transmitted Disease Control အမျိုးသား လိင်ကတဆင့် ကူးစက်ရောဂါများ ထိန်းချုပ်ရေးဌာန လက်ထောက် ဒါရိုက်တာဖြစ်တဲ့ Chen Xiangsheng (ချန် ဇန်ရှင်း) ကနေပြောတာက "လောလောဆယ်မှာ လူတွေကို စုဝေး-စစ်ဆေးမှုလုပ်တာ မရှိလို့ မိခင်လောင်းတွေဟာ ကျန်းမာရေး သုတလဲ နည်းကြရပါတယ်။ တချို့က လုပ်ပေးနေတာတွေကို မသိကြသူတွေလဲ ရှိသေးပါတယ်။"

"မအေမှာ (ဆစ်ဖလစ်) ဖြစ်နေရင် စုဝေး-စစ်ဆေးမှု လုပ်တဲ့အခါ အစောကြီး သိနိုင်မယ်။ ဆေးချက်ချင်းကုသလို့ ရတယ်။ မွေးလာမဲ့ ကလေးကို ကာကွယ်နိုင်တယ်" လို့ သုတေသန လုပ်သူတဦးဖြစ်တဲ့ Chen (ချန်း) ကနေ (အင်တာဗျူး) လုပ်တော့ ပြောပါတယ်။

Syphilis (ဆစ်ဖလစ်) ဆိုတာ (ဗက်တီးရီးယား) ကူးစက်ရောဂါဖြစ်တယ်။ ကုသလို့လဲ လွယ်တယ်။ ဒါပေမဲ့ ဆေးမကုရင် စိတ်ရောဂါအထိ ဖြစ်ပြီး သေဆုံးနိုင်တယ်။ ကိုယ်ဝန်ဆောင် တွေ (ဆစ်ဖလစ်) ဖြစ်ရင် ကိုယ်ဝန်ပျက်နိုင်တယ်၊ ကလေး အသေမွေးနိုင်တယ်။ မွေးလာရင်လဲ မျက်စိမမြင်တာ၊ ဦးနှောက်ထိခိုက်တာလို မွေးရာပါ ချို့ယွင်းချက်တွေ ရနိုင်တယ်။

အပြင်ပန်းက ပြောရရင် တရုတ်နိုင်ငံမှာ ၁၉၈ဝ ကျော်ကတည်းက (ဆစ်ဖလစ်) ပပျောက်နေတဲ့သဘောပါ။ အခုပြန်ပြီး တစခန်းထလာနေပါတယ်။ အခုဆိုရင် တနှစ်မှာ ၃ဝ% ဖြစ်နေတယ်။ ကိုယ်ခန္ဓာရောင်းစားရသူတွေ၊ (ဂေး) တွေ၊ ရိုးရိုး အိမ်ထောင်သည် ယောက်ျား-မိန်းမတွေမှာ ကပ်ရောဂါလို ဖြစ်နေပါတယ်။

တရုတ်နိုင်ငံရဲ့ ဆင်းရဲတဲ့ဒေသတွေမှာ (ဆစ်ဖလစ်) စစ်ဆေးမှုလုပ်တာ မတူဘူး ဖြစ်နေတယ်။ တချို့နေရာတွေမှာ ၁ဝ ယောက်မှာ ၁ ယောက်လောက်သာ (ကွန်ုမြူနတီ) အဆင့်မှာ စစ်ဆေးတာ လုပ်နိုင်တယ်။ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုမှာ ဒါမျိုးတခုထဲသာ ရှိနေတာမျိုးလဲ ဖြစ်သေးတယ်။

လေ့လာမှုကနေတွေ့ရှိချက်အရ 15-minute rapid syphilis tests ၁၅ မိနစ်သာကြာတဲ့၊ ဘယ်ဓါတ်ခွဲခန်းမှ သွားစရာ၊ ပို့စရာမလိုဘဲ စမ်းသပ်ခံသူရဲ့လက်ဖျားက သွေးဖေါက်စစ်ဘို့ သာလိုတဲ့ (ဆစ်ဖလစ်) အမြန်စမ်းသပ်ပေးနည်း လိုအပ်နေပါတယ် လို့ London School of Hygiene and Tropical Medicine က ပါမောက္ခ Rosanna Peeling က ထောက်ပြ ပါတယ်။

ဒီနည်းနဲ့ စစ်ဆေးလို့ ပိုးရှိနေတာတွေ့ရင် နေ့ချင်းဆေးကုပေးနိုင်တယ် လို့ သုတေသနလုပ်သူတဦးဖြစ်တဲ့ Peeling ကနေပြောတယ်။ တောနယ်တွေမှာ ဆိုပါစို့ ၁ဝ မိုင်လောက် လမ်းလျှောက်သွားရတဲ့ ဆေးစစ်ဌာနကို သွားရရင် သေခြာတယ် ဆေးကုဘို့ရာ နောက်တခါ ပြန်လာဘို့ ခက်တော့မယ်။ အထူးသဖြင့် ကိုယ်ကလဲ နေကောင်းသလို ဖြစ်နေတော့ အဲလိုနေလိုက်မှာ သေခြာတယ်လို့ သူမကဘဲ ဆက်ပြောသေးတယ်။

ယမုန်နာဆေးခန်း - တရုတ်နိုင်ငံမှာ မိခင်လောင်းများ (ဆစ်ဖလစ်) စမ်းသပ်မှု နည်းလွန်းနေ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top