26
Feb

တီဘီရှိသူများ အိတ်ခ်ျအိုင်ဗီရှိ၊ မရှိ စစ်ဆေးသင့်


7 Day News  12/11/2008

 

တီဘီရောဂါပိုးရှိသူ၏ ဆယ်ရာခိုင်နှုန်းခန့်သည် အိတ်ခ်ျအိုင်ဗီ ရောဂါပိုးတွေ့ရှိနေရသဖြင့် အိတ်ခ်ျအိုင်ဗီ ရောဂါပိုးရှိ၊မရှိစစ်ဆေးသင့်ကြောင်း PSI (Myanmar) မှ Deputy Director ဒေါက်တာမင်းဇော် ကပြောသည်။ အိတ်ခ်ျအိုင်ဗီ ရောဂါပိုးရှိသူများ၏ ၆၀ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ တီဘီ ရောဂါပိုးရှိနေတတ်ပြီး တီဘီ  ရောဂါပိုးရှိသူ၏ ဆယ်ရာခိုင်နှုန်းခန့်တွင်  အိတ်ခ်ျအိုင်ဗီ ရောဂါပိုးတွေ့ရှိရ ကြောင်းသိရသည်။

 

အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသူများ အနေဖြင့် တီဘီရောဂါ ဖြစ်ပွားပါက အိတ်ခ်ျအိုင်ဗီမှ အေအိုင်ဒီအက်စ် ရောဂါသို့ အပြောင်းမြန်ပြီး အချိန်မီမကုသပါက အသက်တိုစေနိုင်ကြောင်း ဒေါက်တာမင်းဇော် ကပြောသည်။ အိတ်ခ်ျအိုင်ဗီ ရောဂါပိုးစစ်ဆေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း ဆောင်ရွက်နေသော ရန်ကုန်မြို့ရှိ QC Centre ၌ အောက်တိုဘာလမှစ၍ တီဘီပိုး စစ်ဆေးခြင်း ၀န်ဆောင်မှု ဆောင်ရွက်နေပြီး အိတ်ခ်ျအိုင်ဗီရှိသူများ အားသလိပ်စစ်ပေးခြင်း၊ လိုအပ်လျှင် ဓာတ်မှန်ရိုက် စစ်ဆေးခြင်းများနှင့် တီဘီရောဂါပိုး တွေ့ရှိပါက ကုသပေးခြင်းများကို အခမဲ့ ဆောင်ရွက်ပေးနေကြောင်း ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

အဖွဲ့ဖုန်း ၅၁၉၆၇၃၊ ၅၁၉၆၇၄၊ ၅၁၉၆၇၅ များသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းကိုလည်း ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၁ရက်နေ့ထုတ် အင်တာနက် ဂျာနယ်တွင် ဖေါ်ပြပါရှိသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top