24
Jun

တီဘီရောဂါကင်းစင်ရေးသည် လူတိုင်းတာဝန်



မြန်မာနိုင်ငံသည်
ကမ္ဘာ့တီဘီရောဂါအဖြစ်အများဆုံး (၂၂)နိုင်ငံတွင် ပါဝင်လျက်ရှိနေသည့်အတွက်
တီဘီရောဂါအား မြန်မာနိုင်ငံ၏ ဦးစားပေးဖြေ ရှင်းရမည့် တာဝန်သည်
အမျိုးသားတာဝန်တစ်ရပ်ဖြစ်သည်။

 

တီဘီရောဂါသည် တီဘီရောဂါပိုး
ကူစက်ခံရခြင်းကြောင့်ဖြစ်သော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ မျိုးရိုးလိုက်သော
ရောဂါမျိုးမဟုတ်ပေ။ လူတွင် တီဘီရောဂါဖြစ်စေသော တီဘီပိုးအုပ်စု(၂)ခု အဓိကရှိသည်ကို
လေ့လာသိရှိရသည်။ ပထမအုပ်စုအနေဖြင့် (
Mycobact-erium Tuberc ulosis Complex
(M.tuberculosis, M.bovis, m.Africanum)
သည်
ပုံမှန်အားဖြင့် လူတွင်တီဘီရောဂါဖြစ်စေသော တီဘီပိုးအုပ်စုဖြစ်သည်။

 

ဒုတိယ အုပ်စုအနေဖြင့် (Mott,
Mycobacterium other Than Tuberculosis ie . . .Opportunistic Mycobactera)
သည် ပုံမှန်အားဖြင့် လူတွင်တီဘီရောဂါ မဖြစ်စေနိုင်ဘဲ
လူ၏ကိုယ်တွင်းခုခံအား သိသိသာသာ ကျဆင်း စေနိုင်သည့် အခြေအနေတစ်ခုခုရှိမှသာ
တီဘီရောဂါဖြစ်စေနိုင်သော တီဘီပိုး အုပ်စုဖြစ်သည်။ တီဘီ ရောဂါ အမျိုးအစားများတွင်
အဆုတ်တီဘီရောဂါသည် အများ ဆုံးတွေ့ရှိရပြီး ပြည်သူလူထုအတွင်း ရောဂါကူးစက်မှု
အများဆုံးပေးသည့် ရောဂါဖြစ်သည်။
HIV ရောဂါပိုးရှိသူများတွင် အဆုတ်တီဘီသာမက ပြင်ပတီဘီ ရောဂါပါ
အဖြစ်များသည်။ တီဘီကူးစက်ခံရသောသူများတွင်
HIV ပိုးဝင် ရောက်လာပါက တီဘီရောဂါ ဝေဒနာရှင်များ အဖြစ်သို့
အလွယ်တကူ ကူးပြောင်း သွားနိုင်စေသည်။ ထို့ကြောင့် ပြည်သူလူထုအတွင်း
HIV ပိုး ဝင်ရောက် သူများပြားလာပါက တီဘီလူနာများ ပိုမိုများပြားလာမည်
ဖြစ်ကြောင်းသိရှိ ရသည်။

 

တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို
အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူလူထုအား တီဘီ ရောဂါနှင့် ပတ်သက်ပြီး
ကျန်းမာရေးပညာပေးခြင်း၊ တီဘီရောဂါဖြစ်ပွားလာပါက ရောဂါပျောက်ကင်း သည်အထိ
"တိုက်ရိုက်ကြည့်ရှု အချိန်တိုနှင့်ကု"နည်းဗျူဟာဖြင့် ကုသပေးခြင်း၊ ကြီးကြပ်ပေးခြင်း၊
မှန်ကန်တိကျသော စာရင်းဇယားများ ထားရှိခြင်း၊ အစီရင်ခံစာပြုစုခြင်း၊
မိမိဆောင်ရွက်မှု၏ အားနည်းချက်၊ အားသာချက်များကို သိရှိ တတ်ကျွမ်း စေရန်နှင့်
အထူးသဖြင့် ကျေးလက်ဒေသအတွင်း ကျန်းမာရေး အဆင့်အတန်း မြင့်မားလာစေရန်
ကျေးရွာများသို့ သွားရောက်၍ ပညာပေးမှု၊ ရောဂါပျောက်ကင်းအောင်
ကုသပေးခြင်းစသည်များကို ဆောင်ရွက်ရပေ သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်
တီဘီရောဂါသည် ဖြစ်ပွားမှုအများဆုံး ကူးစက် ရောဂါဖြစ်သည်။

 

တီဘီရောဂါ ဖြစ်ပွားမှုများသော
နိုင်ငံများတွင် လူအများစု သည် မူလကိုယ်ခံအား ကျဆင်းမှုဖြစ်စေသော ရောဂါများ
မရှိသော်လည်း တီဘီရောဂါကူးစက် ခံကြရပြီး ၎င်းတို့အနက် ၁၀% ခန့်သာ ဘ၀တစ်သက်တာ
အတွင်း တီဘီရောဂါကို ခံစားကြရသည်။ ကျန်လူများမှာ တီဘီရောဂါပိုး ကူးစက်ခံကြရသော်လည်း
ရောဂါဖြစ်ပွားခြင်းမရှိပေ။ သို့သော်
HIV ပိုး ကူးစက်ခံရပြီး မူလကိုယ်ခံစွမ်းအား ကျဆင်းနေသော
လူနာများသည် တီဘီရောဂါပိုး ကူးစက် ခံရပြီးနောက် အလွယ်တကူ တီဘီရောဂါဝေဒနာရှင် အဖြစ်
ရောက်ရှိခံစားကြရသည်။
HIV နှင့်
တီဘီရောဂါ ဒွန်တွဲ ကူးစက်ခံစား နေရသော လူနာများသည် ကိုယ်ခန္ဓာ ခုခံမှုစွမ်းအား
ကျဆင်းမှုကြောင့် ကိုယ် ခန္ဓာထဲသို့ ရောက်ရှိ နေပြီး ဖြစ်သည့် တီဘီပိုးများထ့ကလာပြီး
ဘ၀တစ် သက်တာအတွင်း တီဘီရောဂါ အဆင့်သို့ ရောက်ရှိရန် အခွင့်အရေးမှာ ၅၀%
ခန့်ရှိလာနိုင်သည်။ အကယ်၍
HIV ရောဂါပိုး ကူးစက်ခြင်းမရှိသေးဘဲ တီဘီ ပိုးသာ
ကူးစက်ခံထားရသူများသည် အသက်သေဆုံးချိန်အထိ ဘ၀တစ် သက်တာအတွင်းတွင်
တီဘီရောဂါဖြစ်ပွားရန် အခွင့်အရေးမှာ ၁၀% ခန့်သာရှိ သည်။
HIV ခေါ် AIDS ရောဂါဝေဒနာရှင်များ များပြားလာခြင်းကြောင့်
ပြည်သူလူထုအတွင်း၌ တီဘီရောဂါ လူနာအသစ်များ ပိုမိုများပြားလာနိုင်သည်။

 

လတ်တလော တီဘီရောဂါပိုး
ကူးစက်ခံရသော
HIV ပိုးရှိလူနာများသည်
တီဘီရောဂါအဆင့်သို့ လျှင်မြန်စွာ ရောက်ရှိနိုင်ပြီး အခြားသူများသို့လည်း
လျှင်မြန်စွာ ကူးစက်ပြန့်ပွားနိုင်စေသည်။ တီဘီ ရောဂါသည်
AIDS လူနာများ၏ ၆၀-၈၀% ခန့်တွင် ဖြစ်ပွား လျက်ရှိသည်။ HIV ရောဂါပိုးရှိသူများ၏ ၅၀% ခန့်သည် တီဘီရောဂါ
ကူးစက်လျက်ရှိပြီး ၎င်းတို့အနက် ၈% ခန့်သည် နှစ်စဉ်တီဘီရောဂါ ဖြစ်ပွား လျက်ရှိသည်ကို
တွေ့ရှိရသည်။ ၎င်းလူနာများ၏
HIV ပိုးကြောင့် နှစ်စဉ်ပိုမို ဖြစ်ပွားလာသော
တီဘီရောဂါလူနာသစ်များဖြစ်ကြသည်ကို ကျန်းမာရေး လက်စွဲစာအုပ် မှတ်တမ်းအရသိရှိရသည်။
(၂၀၀၄)ခုနှစ် မှတ်တမ်းများအရ သိရှိရသည်မှာ တီဘီရောဂါသည် သေဆုံးစေသည့်ရောဂါများအနက်
ဆဋ္ဌမ အများဆုံးနေရာတွင်ရှိပြီး အဖြစ်အများဆုံးရောဂါများအနက် သတ္တမနေရာ တွင် ရှိသည်။

 

၂၀၀၈ခုနှစ်တွင် တီဘီရောဂါဝေဒနာရှင်
(၁၀၇၉၉၁)ဦးကို ရှာဖွေ ဖော်ထုတ်ပြီး ဆေးဝါးများကုသပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
(၂၄၊၃၊၂၀၀၈)နေ့က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနရုံးတွင် ကျင်းပပြီးစီးခဲ့သော
(၂၀၀၈)ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့
World TB Day 2008, နေ့အခမ်းအနားကို ဂုဏ်ပြုသည့်အနေဖြင့် (၂၀၀၈) ခုနှစ် အတွက်
တီဘီရောဂါဝေဒနာရှင်များအား ရန်ကုန်တိုင်းတွင် (၅)မြို့နယ်နှင့် မန္တလေးတိုင်းတွင်
(၅)မြို့နယ်တို့အတွက် ဆေးဝါးများကုသပေးခဲ့ပြီး မြန်မာနိုင်ငံ တစ်ဝန်းရှိ
မြို့နယ်တိုင်းတွင် (၂၉၊၃၊၂၀၀၈)ရက်မှ (၃၀၊၃၊၂၀၀၈) နေ့အထိ တီဘီတိုက်ဖျက်ရေးအသိပညာပေးခြင်း
ရောဂါဖော်ထုတ်ခြင်း လူနာများနှင့် အတူ မိသားစုများအား စစ်ဆေးပေးခြင်းများ
ဆောင်ရွက်ပေးခဲ့သည်ကို သိရှိရသည်။ ထို့ကြောင့် ယနေ့ကမ္ဘာသာမက မြန်မာနိုင်ငံတွင်
ကျန်းမာရေး ကဏ္ဍ၌ အဘက်ဘက်မှ တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်လျက်ရှိရာ
တီဘီရောဂါတိုက်ဖျက်ရေးကဏ္ဍကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိရောက်စွာ
ကိုင်တွယ်ဆောင်ရွက် လျက်ရှိသည်။


ကျန်းမာရေးကောင်းမွန်ပါမှ ပညာရေး၊ လူမှုရေး၊
ဘာသာရေး၊ စီးပွားရေး တိုးတက်အောင်မြင်ကောင်းမွန် လာမည်ဖြစ်ပါသည်။ ""
I am
stopping TB""
တီဘီကင်းစင်
လူတိုင်းတာဝန်တစ်ရပ်အနေဖြင့် ပြည်သူတစ်ရပ်လုံးမှ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း
စဉ်များတွင် ပါဝင်သွားကြရမည်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။



တီဘီရောဂါကင်းစင်ရေးသည် လူတိုင်းတာဝန်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top