5
Jun

တီဘီရောဂါနဲ့ အေအိုင်ဒီအက်စ်ရောဂါ (အမေးအဖြေ)

မေး။    ။ တီဘီရောဂါနဲ့ အေအိုင်ဒီအက်စ်ရောဂါ ဘယ်လိုဆက်နွယ်နေသလဲ။

ဖြေ။    ။ အေအိုင်ဒီအက်စ် ရောဂါဖြစ်ပွားနေသူတွေမှာ တီဘီရောဂါဟာ အဓိက ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်ပါတယ်။ အတ်ခ်ျအိုင်ဗွီ ပိုးရှိတဲ့ သူတွေမှာ ခုခံစွမ်းအားကျလာတဲ့ အတွက် တီဘီရောဂါကူးဖို့ အခွင့်အလမ်း ပိုများပါတယ်။ သူတို့မှာ ဖြစ်တဲ့ တီဘီရောဂါကလည်း သာမန်ထက်ပိုပြီး ပြင်ထန်နိုင်ပါတယ်။ စံနစ်တကျ ဆေးကုသမှု ခံယူပြီး အချိန်မှန်မှန် ဆေးသောက်ဖို့ ဆေးပတ်လည်အောင် သောက်ဖို့အရေးကြီးပါတယ်။

မေး။    ။ တီဘီဖြစ်နေတဲ့ အေအိုင်ဒီအက်စ် လူနာကို ပြုစုကုသရင်း ထိုလူနာထံမှ တီဘီရောဂါကူးနိုင်ပါလား။

ဖြေ။    ။ တီဘီရောဂါကို မကုသဘဲ ထားရင် လူနာချောင်းဆိုးတဲ့ လေကတဆင့် အနားမှာ ရှိတဲ့ လူတွေကို ဘီဘီရောဂါ ကူးနိုင်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုးကတော့ လေထဲကတဆင့် မကူးစက်နိုင်တဲ့အတွက် လူနာချောင်းဆိုးပေမယ့် အေအိုင်ဒီအက်စ် ရောဂါမကူးနိုင်ပါဘူး။

မေး။    ။ တီဘီရောဂါ မကူးအောင် ဘယ်လိုလုပ်ရပါမလဲ။

ဖြေ။    ။ တီဘီရောဂါ မကူးစက်အောင် လူနာမှာ တီဘီရောဂါ ရှိတယ်လို့ သံသယ ရှိပါက သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ပြသပြီး ထိထိရောက်ရောက် ဆေးကုပါ။လူနားချောင်းဆိုးတိုင်း ပါးစပ်နဲ့ နှာခေါင်းကို လက်ကိုင်ပုဝါနဲ့ အုပ်ပြီး ချောင်းဆိုးပါစေ။ လူနာရဲ့ ထွေးခံကိုလည်း ကတ်ထူးပြား (သို့မဟုတ်) အဖုံးတစ်ခုခုနဲ့ ဖုံးထားရပါမယ်။ ထွေးခံကို သွန်တဲ့အခါ အိမ်သာကျင်းထဲကို သွန်ပါ။ လူနာကို ထားတဲ့ အခန်း၊ နေရာဟာ လေဝင်လေထွက် ကောင်းဖို့လိုတဲ့ အတွက် ပြတင်းပေါက်တွေ ဖွင့်ထားဖို့ အရေးကြီးပါတယ်။

ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top