တီဘီရောဂါသည် သာမန်မျက်စိဖြင့် မမြင်နိုင်သော ဘက်တီးရီးယား ပိုးကြောင့်ဖြစ်သည်။
လေမှတစ်ဆင့် ကူးစက်သော ရောဂါဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံသည်
တီဘီရောဂါးပိုး ကူးစက်ခံနေရပြီး နှစ်စဉ် ( ၈ )သန်းခန့်တီဘီ ရောဂါဖြစ်ပွားကာ
လူကြီးလူငယ်(၂)သန်းခန့် သေဆုံးလျက်ရှိသည်။ တီဘီရောဂါ ဖြစ်ပွားသူသည် ဆေးကုသမှု စနစ်တကျ မခံယူပါက
မိမိမှတစ်ဆင့် မိသားစုနှင့် ပတ်ဝန်းကျင်ရှိ လူများကို အလွယ်တကူ ကူးစက်နိုင်ပါသည်။
တီဘီရောဂါကူးစက်ပုံ
တီဘီပိုးရှိသော ဝေဒနာရှင်များမှ ချောင်းဆိုးခြင်း၊
နှာချေးခြင်း၊ ကျယ်လောင်စွာ စကားပြောခြင်း၊ သီချင်းဆိုခြင်း၊
တံတွေးထွေးခြင်းအားဖြင့် တီဘီရောဂါပိုးများသည် လေထဲသို့ အလွယ်တကူပျံ့နှံ့သွားပြီး
ဘေးပတ်ဝန်းကျင်ရှိ လူများရှူရှိုက်ရာမှ ရောဂါပိုး ကူးစက်ခံရနိုင်ပါသည်။
များသောအားဖြင့် ရောဂါရှိသူများမှ
မိသားစုသို့ လည်းကောင်း၊ လူစုလူဝေးများပြားသော နေရာများဖြစ်သည့် စတိုးဆိုင်၊
ဈေးဆိုင်၊ ရထားဂိတ်၊ ကားဂိတ်၊ ဗွီဒီယိုရုံ၊ ရုပ်ရှင်ရုံ စသည့်နေရာ များတွင် ဝေဒနာရှင်မှ
အနီးရှိသူများသို့လည်းကောင်း၊ ဘတ်(စ်)ကား၊
ယာဉ်ရထား၊ သဘောင်္၊ လေယာဉ်စီးပြီး ခရီးသွားလာရင်းဝေဒနာရှင်မှ ပတ်ဝန်းကျင်ရှိ
လူများသို့လည်းကောင်း ကူးစက်နိုင်သည်။ ရုံးခန်း၊ စာသင်ခန်း စသည်ဖြင့် နေရာများတွင် ဝေဒနာရှင်မှ လုပ်ဖော်ကိုင်ဖက်
လူများသို့လည်းကောင်း ရောဂါပိုးအလွယ်တကူ ကူးစက်နိုင်ပါသည် ။တီဘီရောဂါပိုး ကူးစက်ခံရသူတိုင်း တီဘီရောဂါ
ဖြစ်ပွားလေ့မရှိပါ ။
အောက်ပါအခြေအနေရှိသူများ ကူးစက်ခံရပါက တီဘီရောဂါပိုမို
ဖြစ်ပွားနိုင်ပါသည်။
(၁) အာဟာရချို့တဲ့ခြင်း၊
(၂) ခုခံအားကျဆင်းနေခြင်း၊
(၃) ဆေးလိပ်၊ အရက် အလွန်အကျွံသောက်သုံးခြင်း၊
(၄) အသက်အရွယ်ကြီးသူများနှင့် ငါးနှစ်အောက်ကလေးငယ်များ၊
(၅) ဆီးချိုရောဂါနှင့် အစာအိမ် ဖြတ်တောက်ခံထားရသူများတို့သည်
တီဘီရောဂါ ပိုမိုဖြစ်ပွားနိုင်ပါသည်။
ထို့ပြင်- အိမ်နှင့် နေထိုင်သူဦးရေ မမျှတ (များပြား ) နေခြင်း၊
- အိမ်နှင့် အလုပ်နေရာများ အလင်းရောင်နှင့် လေ၀င်လေထွက်ကောင်းစွာ
မရရှိခြင်း၊
- လူမှုစီးပွားရေးနိမ့်ကျခြင်းတို့
အားပေးသည့် အခြေအနေများ
ရောဂါဖြစ်ပွားမှု
အသက်အရွယ်မရွေး၊ ကျား/မ မရွေး ရောဂါပိုး ကူးစက်ခံရသူတိုင်း
ဖြစ်ပွားနိုင်ပါသည်။ တီဘီရောဂါသည် အဆုတ်တွင် အများဆုံးဖြစ်ပြီး၊ ကိုယ်ခန္ဒာ၏
အခြားနေရာများဖြစ်သော ဦးနှောက်၊ အကြိတ်များ၊ အစာအိမ်၊ အူလမ်းကြောင်း၊ ကျောက်ကပ်၊
အရိုးအဆစ်များ စသည့်နေရာ အနှံ့အပြားတွင်လည်း ဖြစ်ပွားနိုင်ပါသည်။
တီဘီရောဂါလက္ခဏာများ
-ယေဘူယျလက္ခဏာများ - အဖျားတက်ခြင်း(များသောအားဖြင့် ညနေပိုင်း)၊
အဖျားတာရှည်ခြင်း ၊အစားအသောက် ပျက်ခြင်း ၊ ကိုယ်အလေးချိန် လျော့ခြင်း၊
- (၃)ပတ်ကျော် ချောင်းဆိုးခြင်း၊
- သလိပ်ထွက်ခြင်း၊ သွေးပါခြင်း၊
- ကျော၊ ရင် အောင့်ခြင်း၊
ရက်သတ္တပတ် (၃) ပတ်ကျော်၍ချောင်းဆိုးလျှင်
နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက် စစ်ဆေးကုသမှု ခံယူပါ။ ကျန်းမာရေးဌာနက
သင့်ကို သလိပ်နမူနာ (၃)ကြိမ် စစ်ဆေးပါမည်။
မိမိတွင် ရောဂါပိုးတွေ့ရှိပါက -
မိမိ၏ မိသားစုဝင်အားလုံးတွင်ပါ ရောဂါ ရှိ၊ မရှိစစ်ဆေးပါ။
ဆေးကုသမှုခံယူခြင်း
- ကျန်းမာရေးဝန်ထမ်းများမှ ညွှန်ကြားထားသည့်အတိုင်း ကုသမှုကို
တိတိကျကျခံယူပါ။
- ဆေးများကို ရောဂါအမျိုးအစားအလိုက် (၆) လမှ (၈) လအထိ
မပျက်မကွက်ပုံမှန် သောက်ရမည် ဖြစ်ပါသည်။
- ဆေးများကို တစ်ပေါင်းတည်း အစားမစားမီ (၁)နာရီ
ခွာ၍လည်းကောင်း၊ အစာစားပြီးပါကလည်း (၃)နာရီခွါ၍ သော်လည်းကောင်း သောက်ရန် ဖြစ်ပါသည်။
ဆေးသောက်ပြီးပါကလည်း (၁)နာရီ ကြာမှ အစာစားရန်ဖြစ်ပါသည်။
- ဆေးကြောင့် ဆီး၊ ၀မ်းအရောင်များ နီလာနိုင်ပါသည်။
စိုးရိမ်စရာမရှိပါ။ သတ်မှတ်ထားသော ဆေးတွဲများကို အပြည့်အ၀မသောက်ခြင်း၊ ပြတ်တောင်းပြတ်တောင်း သောက်ခြင်းကြောင့်
ဆေးယဉ်ပါးသည့် အန္တရာယ် ဖြစ်လာနိုင်ပါသည်။
- ဆေးမှန်မှန်မသောက်ပါက ဆေးယဉ်ပါးပြီး ကုသ၍မရနိုင်သော
အခြေအနေများဖြစ်လာနိုင်သည်။
- ဆေးကုသနေစဉ်တချို့သည် မူးဝေခြင်း၊ နားလေထွက်ခြင်း၊
နားအကြားနှင့် မျက်စိအမြင်အာရုံများ လျော့ပါးခြင်း၊ အရေးပြားတွင် အဖုအပိန့်၊
အနီစက်များ ပေါ်လာခြင်း ဖြစ်လာပါက ဆေးသောက်ခြင်းအား ရပ်ဆိုင်းပြီး နီးစပ်ရာ ဆေးရုံ၊
ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ပြသရန် ဖြစ်ပါသည်။
- ဆေးကုသနေစဉ်အတွင်း သလိပ်ပြန်စစ်ရန် ညွှန်ကြားထားသော အချိန်တွင်
သလိပ်ပြန်စစ်ရပါမည်။
တိုက်ရိုက်ကြည့်ရှုအချိန်တိုကုထု
ဆိုသည်မှာ -
ကျန်းမားရေးဝန်ထမ်း (သို့) စေတနာ့ဝန်ထမ်း
ကျန်းမားရေးလုပ်သား (သို့) စေတနာ့ဝန်ထမ်း တစ်ဦးဦးမှ တီဘီလူနာအား တီဘီဆေးဝါးများကို
အချိန်မှန်မှန် သောက်သုံးရန် ဂရုတစိုက် တိုက်ရိုက်စောင့်ကြပ် ကြည့်ရှု၍
ရောဂါပျောက်ကင်းသည်အထိ ဆေးတိုက်ကျွေးခြင်းပင်ဖြစ်သည်။
တီဘီရောဂါရှိသူများ
- နှာချေလျင်၊ ချောင်းဆိုးလျင် အ၀တ် (သို့)လက်ကိုင်ပုဝါဖြင့်
လုံအောင်အုပ်ပါ။
- သလိပ်တတွေးများတွေ့ရာမထွေးဘဲ အဖုံးပါသော ခွက်အတွင်း ထွေးပါ။
၎င်းခွက်ထဲသို့ဖီနီးပိုး သတ်ဆေးရည် (သို့) ကာဘော်လစ် ဆပ်ပြာရည် (သို့) ရေထည့်ထားပါ။
- သလိပ်များကို ရေအိမ်အတွင်း(သို့) မြေကြီးနက်နက်တူးပြီးစွန့်ပစ်ပါ
- အာဟာရပြည့်ဝစွာ စားသုံးပါ။ အစားရှောင်ရန်မလိုပါ။
- သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှုပြုပါ ။
- လေ၀င်လေထွက်ကောင်းပြီး နေရောင်ခြည်တိုက်ရိုက်ရနိုင်သည်
နေရာ၊ အခန်းများတွင်နေထိုင်ပါ။
- လူနာအသုံးပြုပြီးသော လက်ကိုင်ပုဝါ၊ အ၀တ်အထည်များကို
လျှော်ဖွပ်၍ နေပူလှမ်းပြီးမှ ပြန်အသုံးပြုပါ။
- ဆေးလိပ်အရက်မသောက်ပါနှင့်။
- တီဘီရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ပါ ။
- ရင်သွေးငယ်များအား၊ ဘီစီဂျီ တီဘီကာကွယ်ဆေး မပျက်မကွက်ထိုးပါ။
- ရောဂါလက္ခဏာ တစ်ခုခုဖြစ်လာပါက ကျန်းမားရေးဌာနသို့
သွားရောက်ကာ ရောဂါပိုးရှိ။ မရှိစစ်ဆေးပြီး စနစ်တကျ ကုသမှုခံပါ။
- ကုသမှုခံယူခြင်းသည် အခြားသူများသို့ ကူးစက်စေခြင်းမှ
အကောင်းဆုံးကာကွယ်ခြင်းဖြစ်သည်။
-တီဘီရောဂါသည် ကုသ၍
ပျောက်ကင်းသော ရောဂါဖြစ်သည် ။ ကျန်းမားရေးဌာနများက တိုက်ရိုက်ကြည့်ရှု အချိန်တို ကုထု
(DOTS) နည်းဗျူဟာဖြင့်
ပျောက်ကင်းသည် အထိ အခမဲ့
ကုသပေးလျက်ရှိပါသည် ။
(တီဘီရောဂါအကြောင်း သိကောင်းစရာစာအုပ်မှ)




