6
Apr

တီဘီရောဂါကြောင့် သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းတွင် မြန်မာနိုင်ငံလည်း ပါဝင်



ကမ္ဘာ့တီဘီရောဂါ
ဖြစ်ပွားမှု၏ ၈၅ရာခိုင်နှုန်းနှင့် တီဘီရောဂါကြောင့် သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းမှာ
အာရှ ငါးနိုင်ငံဖြစ်သော အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ
တို့ ပါဝင် လျက်ရှိကြောင်း၊ ယနေ့ ကမ္ဘာပေါ်တွင် နှစ်စဉ် တီဘီရောဂါ ဖြစ်ပွားသူ ၉ ဒသမ ၎
သန်းခန့် ရှိပြီး၊ ၁ဒသမ ၈ သန်းခန့် သေဆုံးလျက် ရှိကြောင်း၊ တီဘီရောဂါ ဖြစ်ပွားသူများ၏
၈၀ ရာခိုင်နှုန်းသည် ၁၅ နှစ်မှ ၅၄ နှစ်ကြားရှိ လူများတွင် ဖြစ်ပွားလျက်ရှိ သောကြောင့်
တိုင်းပြည်များ၏ ကုန်ထုတ်စွမ်းအား လူသားအရင်းအမြစ် အပေးနိုင်ဆုံးအုပ်စုမှ ဖြစ်ပွားနေသည်ကို
တွေ့ရကြောင်း မတ် ၂၅ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏
၂၀ဝ၉ ခုနှစ်၊ တီဘီနှစ်ချုပ် အစီရင်ခံစာအရ တီဘီလူနာ တစ်သိန်းသုံးသောင်းကျော်ကို ရှာဖွေကုသ
ပေးနိုင်ခဲ့ပြီး၊ ရောဂါ ရှာဖွေမှုနှုန်း ၉၄ ရာခိုင်နှုန်းနှင့် ဆေးကုသမှု အောင်မြင်မှုနှုန်း
၈၅ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ သော်လည်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့်
အချို့မြို့နယ်များတွင် တီဘီရောဂါ ရှာဖွေမှုနှုန်း ရည်မှန်းချက် ပြည့်မီရန် လိုအပ်လျက်ရှိကြောင်း၊
ထိုဒေသများရှိ ဒေသခံ ရောဂါသည်များသည် ကျန်းမာရေး ဌာနများနှင့် လက်လှမ်းမမီ သည့်ဝေးလံ
ခက်ခဲဒေသ၊ နယ်စပ်ဒေသနှင့် ကျေးရွာများတွင် နေထိုင်လျက်ရှိပြီး၊ ယင်း တီဘီရောဂါ ဝေဒနာရှင်များအား
ရှာဖွေကုသရန် လိုအပ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာကျော်မြင့်က မတ် ၂၃
ရက် နေပြည်တော်တွင် ကျင်းပသော ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင်
ပြောကြားခဲ့သည်။

 

source
by: True News Journal

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top