ရန်ကုန်၊ တီဘီရောဂါဖြစ်ပွားမှု နှုန်း လျော့နည်းကျဆင်းရေးကို အထူးရည် ရွယ်၍ တီဘီရောဂါ ခံစားနေရသူများနှင့် သံသယရှိသူတို့အား သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနများတွင် ကုသမှုခံယူနိုင် စေရန် တလေးတစားနှင့် စနစ်ကျသော ညွှန်ပို့မှုတစ်ရပ်ကို ထူထောင်လိုက်ပြီဖြစ် ကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း တီဘီ စီမံချက် တာဝန်ခံ ဒေါက်တာတင်အေးက ပြောသည်။
အဆိုပါညွှန်ပို့မှုသည် သံသယ ရှိသူနှင့် တီဘီဝေဒနာရှင်တို့ကို ဆရာဝန်အ သင်း၏ အသိအမှတ်ပြု ထောက်ခံချက်များ နှင့် မြို့နယ်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး လူနာနှင့်သံသယ ရှိသူတို့သည် သက်ဆိုင်ရာကျန်းမာရေးဌာန များတွင် ဆေးစစ်ခံယူမှုနှင့် ဆေးတိုက် ကျွေးမှုများကိုရရှိမည်ဖြစ်ကြောင်းသိရသည်။
"အရင်ကတော့ တီဘီလူနာလို့ သံသယရှိသူတို့ဟာ နီးစပ်ရာဆေးခန်းတွေ မှာ အလျဉ်းသင့်သလို စစ်ဆေးကုသကြရ ပေမယ့် အခုတော့ တလေးတစားနဲ့ စနစ် တကျ ဖြစ်တဲ့လူနာ ညွှန်းပို့မှုစနစ်ကို ထူ ထောင်လိုက်ပါပြီ။ နီးစပ်ရာ ဘယ်ကျန်းမာ ရေးဌာနကိုမဆိုသွားပါ။ အဲဒီမှာ စစ်ဆေးမှု ခံယူပါ။ ဆေးသောက်ပါ စသည့်ဖြင့် ညွှန်း ပို့တဲ့စနစ်ပါ။ တစ်ဖက်က စစ်ဆေးတာတို့၊ ဆေးတိုက်ကျွေးတာတို့ လုပ်ပေးမယ့် သက် ဆိုင်ရာ ဆရာဝန်တွေကိုပါ တလေးတစား လုပ်ဆောင်စေချင်လို့ပါ"ဟု ဒေါက်တာ တင်အေးက ပြောသည်။
"တီဘီနဲ့ ပတ်သက်ရင်တော့ အခမဲ့ စစ်ဆေးတိုက်ကျွေးပေးတဲ့ အစိုးရ ကျန်းမာ ရေးဌာနတွေ၊ ပုဂ္ဂ္ဂလိကဆေးခန်းတွေက အလုံအလောက်ရှိနေပါတယ်။ ဒီလို ဆရာ ၀န်အသင်းက စာနဲ့ပေနဲ့ တလေးတစား စနစ်တကျနဲ့ လူနာသွားရမယ့် ကျန်းမာရေး ဌာနကို ညွှန်းပို့ပေးတဲ့စနစ်တစ်ရပ်ကို ထူ ထောင်လိုက်တော့ အကောင်းဆုံးပေါ့ဗျာ" ဟု တီဘီဆေးသောက်နေရသူ လူနာတစ်ဦး က ပြောသည်။
http://www.yangonmedia.com/news/news_detail.asp?nid=1418




