21
Sep

တီဘီရောဂါ တိုက်ဖျက်ရေး MMA(PPM-DOTS) စနစ်ကို ပြည်မြို့နယ်တွင် ဆောင်ရွက်



မြန်မာနိုင်ငံတွင်
တီဘီရောဂါကို တိုက်ဖျက်ရန်အတွက် မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ တီဘီစီမံချက် ဖြစ်သော MMA(PPM-DOTS)
ကို ပြည်မြို့နယ်အတွင်း အကောင်အထည်ဖေါ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ
ဆရာဝန်အသင်း MMA၊ ကျန်းမာရေး ဦးစီးဌာန အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း
NTP ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOနှင့် ရောဂါသုံးမျိုး ရန်ပုံငွေ 3DFတို့မှ ပူးပေါင်း ဆောင်ရွက်
နေခြင်း ဖြစ်ကာ ယင်းစီမံချက်အရ တီဘီ သံသယရှိ လူနာများအား ဆေးရုံများတွင် ရှိသည့် တီဘီ
ဌာနများသို့ စနစ်တကျ ညွှန်းပို့ပေးရန်ဖြစ်ပြီး ထိုမှတစ်ဆင့် နောက်ပိုင်းတွင် တီဘီဌာန
ဝေဒနာရှင်များ အနေဖြင့် မိမိတို့နှင့် နီးစပ်လက်လှမ်းမှီရာ ပုဂ္ဂလိက ဆေးခန်းများတွင်
တီဘီဆေးဝါးများ ရရှိ၍ ကုသမှု ခံယူလာနိုင်ရန်ဖြစ်ကြောင်း သိရသည်။

မြို့နယ်
စီမံချက်တာဝန်ခံ ဆရာဝန်ဖြစ်သူ ဒေါက်တာ ခင်မာဝင်းမှ “MMA(PPM-DOTS) ဆိုတာ ကျန်းမာရေး
ဝန်ကြီးဌာနနဲ့ ပုဂ္ဂလိက ဆရာဝန်များ ပူးပေါင်းပြီး Mix ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း တွေကို
ပူးပေါင်း လုပ်ဆောင်ကြခြင်းဖြစ်ပါတယ်။ အခု စီမံချက်အရ ပုဂ္ဂလိကပိုင်အပြင် GP ဆေးခန်း
တွေမှာပါ တီဘီ ဆေးဝါးတွေကို အခမဲ့ ရလာနိုင်တဲ့အတွက် ကုသရာမှာ ပိုပြီး ထိရောက်မှု ရှိလာ
ခဲ့ပါတယ်။ အဓိကကတော့ တီဘီ ရောဂါ ဖြစ်ပွားနေသူတွေကို သူတို့နဲ့ အနီးစပ်ဆုံးလက်လှမ်းမှီရာ
နေရာကနေ ဆေးဝါးကုသပြီး စောင့်ကြည့်ပေးစေခြင်းပဲဖြစ်ပါတယ်။ ဆေးမှန်မှန် မသောက်သုံးမှုကနေ
နောက်ဆက်တွဲ ဖြစ်လာမယ့် ဆေးယဉ်ပါးမှု အန္တရာယ်ကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။” ဟုရှင်းပြ
ခဲ့သည်။

အဆိုပါ
စီမံချက်အား ပြည်မြို့နယ်အတွင်း ၂၀၀၆ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၆တွင်
လူနာ ၂၅၂ဦးနှင့် ၂၀၀၇ခုနှစ်တွင် လူနာ ၃၉၀ဦးကို ရှာဖွေ ဖေါ်ထုတ်၍ ပြည်မြို့ ဆေးရုံကြီးရှိ
တီဘီဌာန သို့ ညွှန်းပို့ပေးခြင်းဖြင့် လည်းကောင်း ၂၀၀၈ ခုနှစ်တွင် ဝေဒနာရှင် ၄၅၂ဦးကို
ရှာဖွေ ဖေါ်ထုတ်၍ ထိုအထဲမှ လူနာ ၉၀ဦးကို ပြင်ပ GP ဆေးခန်းများတွင် ကုသမှု ပေးနိုင်ခဲ့ကာ
၂၀၀၉ခုနှစ် အတွင်း လက်ရှိအချိန်ထိ လူဦးရေ ၁၆၀ကို ပုဂ္ဂလိက အပြင်ဆေးခန်းများတွင် ဆေးဝါးများ
တိုက်ကျွေးလျက် ရှိကြောင်းသိရသည်။

www.first-11.com (21/10/2009)

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top