26
Jul

တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ အတွက် GFATM နှင့် 3MDG Fund တို့မှ အမေရိကန် ဒေါ်လာ သန်း ၁၀၀ နီးပါး ထောက်ပံ့မည်

မြန်မာနိုင်ငံ၏ တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် Global Fund to fight AIDS ,TB and Malaria ( GFATM ) နှင့် Three Millennium Development Goal Fund ( 3MDG Fund) တို့မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ထောက်ပံ့မှု အစီအစဉ်အရ နှစ်တိုစီမံကိန်းဖြင့် ရောဂါသုံးမျိုး ကမ္ဘာ့ရန်ပုံငွေ (GFATM) မှ ၂၀၁၃-၂၀၁၆ ခုနှစ်အတွင်း တီဘီရောဂါအတွက် အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၃ သန်းကို လည်းကောင်း၊ 3MDG Fund မှ တီဘီရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၇ သန်းခန့်ကို ထောက်ပံ့ပေးမည် ဖြစ်သည်။

အစိုးရမှ ထောက်ပံ့ပေးသည့် ရန်ပုံငွေများနှင့် ပြည်ပမှ ရရှိသည့် ရန်ပုံငွေများဖြင့် တီဘီဆေးဝါးများ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ၀ယ်ယူခြင်း၊ ကျေးလက်ဒေသများ၊ ဝေးလံပြီး သွားလာရန် ခက်ခဲသော ပြည်နယ်ဒေသများ၊ တီဘီရောဂါဖြစ်နှုန်း မြင့်မားနိုင်သည့် နေရာများတွင် ရွေ့လျားတီဘီရောဂါ ရှာဖွေကုသရေး အဖွဲ့များဖြင့် ကွင်းဆင်းရောဂါ ရှာဖွေခြင်းများ၊ တီဘီ/အိပ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး လုပ်ငန်းများ၊ ဆေးယဉ်ပါးတီဘီ ကုသမှု လုပ်ငန်းများ စသည့် လုပ်ငန်းများတွင် အသုံးပြုမည် ဖြစ်ကြောင်း အစိုးရက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း တီဘီရောဂါ တိုက်ဖျက်ရေးအတွက် ကျပ်သန်းပေါင်း ၁၂၀၆ အထိ တိုးမြှင့် သုံးစွဲခဲ့ကြောင်း သိရသည်။

Eleven - တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ အတွက် GFATM နှင့် 3MDG Fund တို့မှ အမေရိကန် ဒေါ်လာ သန်း ၁၀၀ နီးပါး ထောက်ပံ့မည် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top