16
Jul

တီဘီ၊ ငှက်ဖျား၊ HIV ရောဂါသုံးမျိုး တိုက်ဖျက်ရေး ဒေါ်လာ ၁၄သန်း ကူညီမည်



မြန်မာနိုင်ငံက တီဘီ၊ ငှက်ဖျား၊ HIV/ AIDS ရောဂါ ၃ မျိုး ကာကွယ် ကုသရေးဆိုင်ရာ ပြည်တွင်း ပြည်ပ
အကူအညီပေးရေး အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ကူညီဖို့ အမေရိကန် ဒေါ်လာ ၁၄ သန်းကို
အသစ် ထုတ်ပေးမဲ့ အကြောင်း
3 D Fund က ဇူလိုင် ၁၃ရက် ပြီးခဲ့တဲ့ တနင်္ဂလာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

 

ဒီ ရန်ပုံငွေကူညီပေးမဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆွီဒင်အခြေစိုက်
ရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ
Mr. Bengt Ekman ကို RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားတာကို တင်ပြပေးလိုက်ပါတယ်။

 

 

မေး။                       ။ သရီးဒီဖန်း အဖွဲ့ကြီးက
မြန်မာနိုင်ငံမှာ ရောဂါသုံးမျိုး ကာကွယ်တိုက်ဖျက် ရေးအတွက် ရန်ပုံငွေတွေ
တိုးကူညီမယ်လို့ အကြာခင်က ကြေငြာ ထားပါတယ်။ အဲဒါ ဘယ်အဖွဲ့ အစည်းတွေနဲ့ ဘယ်ကာလ
အတိုင်းတာထိ ပေးဖို့ ရည်ရွယ် ထားပါသလဲခင်ဗျ။

 

ဖြေ။                       ။ ဒါက ကျတော်တို့
မြန်မာပြည်က ရောဂါသုံးမျိုး တိုက်ဖျက်ရေးအတွက် သရီးဒီဖန်းက ဆက်ပြီးကူညီနိုင်ဖို့
နောက်ထပ် အလှူငွေ ကောက်ခံ ရရှိတဲ့ ဒေါ်လာ (၁၄) သန်းပါ။ လိုအပ်ချက်က
အရမ်းများနေတဲ့အတွက် ခုလို အလှူငွေ ထပ်ပြီးရတာကို ကျတော်တို့ အရမ်း ၀မ်းသာပါတယ်။ ကျတော်တို့
ကြေငြာ ချက်က အကူညီပေးရေး အဖွဲ့တွေ ရန်ပုံငွေ ပေးရေးအဖွဲ့တွေ၊ လက်ခံရရှိဖို့ ဖိတ်ခေါ်တာ
ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက ဒီရောဂါသုံးမျိုး တိုက်ဖျက်ရေးအတွက် အကူအညီတွေ နိုင်ငံတကာ
အဖွဲ့အစည်းတွေ ပြည်တွင်းက NGO တွေ ကျန်းမာရေး ပညာရှင်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့
အစည်းတွေကို လျောက်ဖို့ ဖိတ်ခေါ်တာ ဖြစ်ပါတယ်။

 

အလှူရှင်
နိုင်ငံတွေမှာ အများစုက စီးပွားရေး အကြပ်အတည်းတွေ ဖြစ်နေလင့်ကစား မြန်မာနိုင်ငံတွင်းမှာ
လုပ်ကိုင်နေရတဲ့ အခြေအနေတွက ကန့်သတ်ချက်တွေ ရှိနေပေမဲ့ ခုလို နောက်ထပ် အလှူငွေ
ထပ်မံပံ့ပိုးကြတာဟာ သရီးဒီဖန်းရဲ့ ကောင်းမွန် ခိုင်မာတဲ့ လုပ်ကိုင်ဆောင်ရွက်မှုနဲ့
အကျိုးရလဒ်တွေကို အလှူရှင်တွေက ယုံကြည်လက်ခံလို့ပဲ ဖြစ်ပါတယ်။

 

မေး။                       ။ တီဘီ၊ ငှက်ဖျားနဲ့ ၊
အိတ်ခ်ျအိုင်ဗွီနဲ့ အတူနေသတွေဟာ မြန်မာနိုင်ငံထဲမှာ လိုအပ်တဲ့ဆေးဝါးနဲ့
ကုသမှုခံယူဖို့ အတော် ခက်ခဲကြပါတယ်။ နောက်ကုသမယ် ဆိုရင်လဲ ဈေးနှုန်း ကြီးမြင့်တဲ့အတွက်
ပုံမှန်ကုသဖို့ အလွယ်ပါဘူး။ ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ သရီးဒီဖန်း အနေနဲ့
အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်တာမျိုး ရှိပါသလားခင်ဗျ။

 

ဖြေ။                       ။ စောစောက ပြောသလိုပါပဲ ဒီထပ်ဆောင်း
ရန်ပုံငွေဟာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ကြီးမားတဲ့ အခက်အခဲတွေကို
ဖြေရှင်းနိုင်ဖို့ ကျတော်တို့ ထပ်ပြီး ကြိုးပမ်းခြင်း ဖြစ်ပါတယ်။ ကျတော်တို့
လုပ်နိုင်တဲ့ဘက်က ဖြည့်စည်းပေးနိုင်ဖို့ ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ ဒုတိယ
တစ်ချက်ကတော့ ဒီလိုအပ်ချက် တွေကို ဖြည့်စည်းပေးနိုင်ဖို့ မြန်မာနိုင်ငံက
ထွက်သွားတဲ့ ဂလိုဘယ်ဖန်း အဖွဲ့ကြီးကိုပြန်လည် အကူအညီပေးဖို့ တိုက်တွန်း
အားပေးနေပါတယ်။ ဆွတ်ဇာလန်နိုင်ငံ ဂျီနိဗာ မြို့က ဂလိုဘယ်ဖန်း အဖွဲ့ချုပ်ရုံးကို
ကျတော်တို့ တရားဝင်စာတော့ မတင်ရသေးပါဘူး။ ဂလိုဘယ်ဖန်း အုပ်ချုပ်ရေး ဘုတ်အဖွဲ့
အနေနဲ့ မြန်မာပြည်တွင်းက ရောဂါ အခြေအနေတွေကို ထောက်ပြီးတော့ ဒီလျောက်လွှာကို လာမယ့်
နိုဝင်ဘာအတွင်းမှာ အကောင်းဘက်က ရူ့မြင်ပြီး သုံးသပ်ပေးလိမ့်မယ်လို့ ကျတော်တို့
မျှော်လင့်ထားပါတယ်။

 

 

မေး။                       ။ မြန်မာနိုင်ငံထဲမှာ ဥပမာ
HIV/AIDS နဲ့နေထိုင်သူတွေအနေနဲ့ ဆေးကုသခွင့်ရတဲ့ အရေအတွက်က အများကြီး
ကွာခြားနေပါတယ်။ ခုဆိုရင် ဆေးကုသခွင့် အများကြီး ခက်ခဲတဲ့အတွက် လူမှုရေးအဖွဲ့တွေက
ကူညီစောင့်ရှောက်ပြီးတော့ ဆေးဝါးကုသခွင့် ရကြဖို့ တောင်းဆိုနေရတာတွေ ရှိပါတယ်။ ကျတော်
မေးချင်တာက ဒီလို အောက်ခြေအဆင့် ရောဂါသည်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေ
အစိုးရက ငြိုငြင်တာ ခံရတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေမှာ ရှိနေပါတယ်။ နိုင်ငံရေး အဖွဲ့အစည်းက
ဖြစ်တဲ့အတွက် သူတို့မှာ တရားဝင် မှတ်ပုံတင် မရှိကြဖို့လည်း များပါတယ်။ အဲဒီလို
အဖွဲ့အစည်းတွေကိုရော ရန်ပုံငွေ ထောက်ပံ့ဖို့ ရှိပါသလားခင်ဗျ။ မရှိဘူး ဆိုရင်ကော သရီးဒီဖန်း
က ဒီလို အဖွဲ့အစည်းတွေကို ဘယ်လိုတုံ့ပြန် ပြောကြားချင်ပါသလဲခင်ဗျ။

 

ဖြေ။                       ။ ဟုတ်ကဲ့ သရီးဒီဖန်း
ကိုပြောရရင် ကျတော်တို့အဖွဲ့ဟာ မြန်မာနိုင်ငံထဲက လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအတွက်
ဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။ အလှူရှင်နိုင်ငံတွေ အနေနဲ့ နိုင်ငံရေးနောက်ခံ
အချက်အလက်တွေ မပါပဲ ရန်ပုံငွေတွေ ပေးနေတာလည်း ဖြစ်ပါတယ်။ ကျတော်တို့ အနေနဲ့
မြန်မာပြည်တွင်းမှာ ရှိပြီးသား မူဘောင်တွေနဲ့ ရန်ပုံငွေ ပေးတာကို စဉ်းစားပါတယ်။
နိုင်ငံတကာ NGO တွေဆိုရင် အစိုးရနဲ့ နားလည်မှု လက်မှတ်ထိုး ထားတဲ့ အဖွဲ့အစည်းတွေ
ဖြစ်ရမယ်။ ပြည်တွင်း NGO အဖွဲ့အစည်းတွေဆိုရင် မှတ်ပုံတင်ထားတဲ့ အဖွဲ့ အစည်းတွေကိုပဲ
စဉ်းစားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကူညီရေးတွေ လုပ်ဖို့ တရားဝင်
လှုပ်ရှားဆောင်ရွက်နိုင်ဖို့ ဥပဒေ ကြောင်းအရ လိုအပ်လို့ဖြစ်ပါတယ်။ တချို့အဖွဲ့အစည်းတွေ
အနေနဲ့ နိုင်ငံရေး အရပဲဖြစ်ဖြစ် တခြား အကြောင်းအရပဲဖြစ်ဖြစ် မှတ်ပုံတင်ထားတာ
မရှိဘူးဆိုရင်တော့ တရားဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ တစ်ဆင့် အကူအညီရယူဖို့
ကြိုးစားရမှာ ဖြစ်ပါတယ်။

 

http://www.rfa.org

အသံဖိုင် အောက်တွင်ယူပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top