YANGON,
25 September 2009 (IRIN)
ကမ္ဘာတွင်
မြန်မာနိုင်ငံသည် တီဘီဖြစ်ပွါး ကူးစက်မှုအများဆုံး ၂၂ နိုင်ငံထဲတွင်၎င်း၊ ဆေးပါင်းစုံ
ခံနိုင်ရည်ရှိသည့် တီဘီ ဖြစ်ပွါးမှု အများဆုံး ၂၇ နိုင်ငံတွင်၎င်း ပါဝင်နေသည်။ ထို့ကြောင့်
ငှက်ဖျား၊ အေအိုင်ဒီအက်စ် တို့နှင့်အတူ တီဘီ ရောဂါကို ဦးစားပေးနှိမ်နင်းရန် သတ်မှတ်ထားပေသည်။
အစိုးရနှင့်
နိုင်ငံတကာ အဖွဲ့အစည်းများက ဆောင်ရွက်နေသည် မှန်သော်လည်း တီဘီ အကြောင်း သိသူနည်းသေး၊
တီဘီဖြစ်လျင် အခမဲ့ကုပေးနေသည့် အစီအစဉ်ရှိမှန်းလည်း သိသူနည်းသေး သည့်အပြင် တီဘီဖြစ်လျင်
စောစောကုရမှန်း၊ ဆေးကိုမှန်မှန် သောက်ရမှန်းသိရန် အရေးကြီး ပေသည်။
ပညာပေးရေး
ဆောင်ရွက်ရန်အတွက် ငွေကြေး ရံပုံငွေ နည်းခြင်း၊ လူအနည်းစုကသာ အများပြည်သူ သိစေနိုင်သော
မီဒီယာကို လက်လှမ်းမီသေးခြင်း၊ လျှပ်စစ်ဓါတ်အား လွန်ကဲစွာ မလုံလောက် သည်မှာလည်း အကြောင်းရင်း
တရပ်ဖြစ်နေသည်။ ထို့ကြောင့် တီဘီ ရောဂါတိုက်ဖျက်ရာတွင် လူထုအကြား အသိရှိနေရန်မှာ သော့ချက်ကျပေသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏
၂၀၀၉ အစီရင်ခံစာအရ လူဦးရေ ၅၇ သန်းခွဲ အနက် ၁့၅% သည် နှစ်စဉ် တီဘီရောဂါ ကူးစက်ခံနေရသည်ဟု
ဆိုသည်။ ၄င်းတို့အနက်မှ လူ တစ်သိန်းသုံးသောင်းတို့မှာ တီဘီရောဂါဖြစ်လာကြသည်။ ၄င်းတို့အနက်
တ၀က်တို့မှာ သလိပ်ပိုးတွေ့သူများ၊ တနည်းအားဖြင့် သူများကို ကူးစက်စေနိုင်သူများ ဖြစ်ကြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ
အကြံပြုသည့် နည်းဗျူဟာမှာ တီဘီကို လိုက်ရှာ၊ အမြန်-တိုက်ရိုက်-စောင့်ကြည့် ကုသရေး လုပ်ဆောင်ရန်ဖြစ်သည်။
လူနာကို မပြတ်စောင့်ကြည့်၊ ဆေးအတွဲလည်း မှန်စေ။
၂၀၀၃
ခုနှစ်က တနိုင်ငံလုံး လွှမ်းခြုံမှုအစီအစဉ် ပြည့်လုနီးထိ အောင်မြင်ခဲ့စေကာမူ အခက်အခဲ
ပြဿနာများ ဆက်ရှိနေသည်ဟု (အမ်-အက်စ်-အက်ဖ်)က ဆိုသည်။ ငွေကြေးပြတ်တောက်မှု၊ ၀န်ထမ်းမလုံလောက်မှု၊
သတင်းဖြန့်ချိမှု အခက်အခဲများ ဖြစ်သည်။ တချို့လူနာများသည် သက်သာသည်နှင့် ဆေးဖြတ်လိုက်ကြသည်။
လူဦးရေ စုစုပေါင်း၏ ၇၀% နေထိုင်သော နယ်စပ် ဒေသများတွင် ဆေးနှင့်လက်လှမ်းမမီကြချေ။
အဘယ်ကြောင့် ဆိုသော် ကျန်းမာရေး ဌာနများသို့ သွားရောက်ရန် လမ်းမပေါက်၊ အချိန်ကြာ၊ ငွေမတတ်နိုင်
ဖြစ်နေရပေသည်။
http://yamuna-clinic-delhi.blogspot.com/2009/09/25-9-09-myanmar-community-awareness-key.html




