ကျွန်တော်ဟာ TB ရောဂါဝေဒနာရှင် တစ်ယောက်ပါလို့ ပထမဦးဆုံးပြောပြချင်ပါတယ်။
ကျွန်တော် TB ကိုဘယ်ကနေစဖြင့်ခဲ့တာလဲ ကျွန်တော့်ကိုကျွန်တော်တောင်
အခုထိမေးခွန်းတွေ ထုတ်နေရဆဲပါပဲ အမှန်တကယ်လည်း ကျွန်တော်ကိုတိုင် မသိလိုက်ပဲ TB ရောဂါသည်ဖြင့်ခဲ့ရပါတယ် ။ ကျွန်တော်မှတ်
မိတာကတော့ နေ့တစ်နေ့ HAPPY
NEW – DECEMBER 31 နေ့ပေါ့ ။ အဲ့ဒီနေ့ကကျွန်တော်တို့OFFICE
မှာ PARTY လုပ်တယ်လေ မနက်မိုးလင်းကတည်းက ချက်ပြုတ်ပြီး
ရုံးသူရုံးသားတွေ စားကြ သောက်လိုက်ကြတာ ညပင်မရောက်သေးဘူး တော်တော်လေးကို ခရီးရောက်နေကြပါပြီ
ပထမတော့ ကျွန်တော်
မသောက်ပါဘူး။
အမှန်ပြောရရင် ကျွန်တော်အရက် မသောက်တက်ပါဘူး BEER တောင်တစ်ခါတလေ သူငယ်ချင်းတွေနဲ့ ဆုံဖြစ်မှ တခွက်တလေလောက်ပဲ
သောက်ဖြစ်တာပါ အခုတော့ ကျွန်တော် BEER တစ်ခွက် သူငယ်ချင်းတစ်ယောက် အတင်းလာတိုက်တာနဲ့
သောက်ဖြစ်လိုက်ပါတယ် ..အဲ့ဒီကနေ သောက်ရင်းသောက်ရင်နဲ့ BEER ကုန်သွားပါတယ် ကျွန်တော်လည်း စုစုပေါင်း လေးခွက်လောက် သောက်မိသွားတယ်
။ နောက်BEER ကနေအရက်တစ်ခွက်
သောက်ဖြစ်သွားပါတယ်။
ကျွန်တော်အခုသောက်တာ သိပ်မများသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်ခေါင်းထဲမှာ
မူးနောက်နောက်နဲ့ပါ အခုမှ
ကျွန်တော်အရက်မူးတဲ့ အရသာကိုခံဖူးတာပါ။ ဒါနဲ့ ကျွန်တော်အခန်းထဲကို
ဝင်အိပ်လိုက်ပါတယ်။ တရေးနိုးတော့ အရမ်းကို အန်ချင်လာတယ် အဲ့ဒါနဲ့ အန်လိုက်ရတာ လူကိုသေမတက်ကို ခံစားရတာ တခါမှမဖြစ်ဘူးတော့လေ ။ နောက်နေ့ မနက်မိုးလင်းတော့ ကျွန်တော်နေလို့ သိပ်မကောင်းသလို ခံစားရပါတယ်။ သူငယ်ချင်းတွေက ပြောတယ်လေ မင်းအဲ့ဒါအရက်နာ ကျတာတဲ့
နောက်ထပ်တစ်ခွက် ဒဏ်ပြန်လိုက်တဲ့ ကျွန်တော်မသောက်ပါဘူး ။
အဲ့လိုနဲ့ နောက်ရက်တွေ
အထိဖျားသလိုလိုနဲ့ ကိုယ်ပူ နေပါတယ်။ နောက်ကျွန်တော်လည်း ဆေးခန်းကို သွားပြလိုက်ပါတယ်။
ဆေးခန်းရောက်တော့ ဆရာဝန်က အဆုတ်အအေးပက်တာလို့
ကျွန်တော်ကိုပြောတယ် ပြီးတော်ဆေးပါပေးလိုက်တယ် ။ အဲ့ဒီကနေ နေလိုက်တာ နောက်နေ့ တွေကြတော့ ချောင်းအခြောက်ဆိုးလာတယ်
တဟွတ်ဟွတ်နဲ့ပေါ့ အဲ့ဒါနဲ့
ဆရာဝန်ထပ်ပြပြန်ရော ဆရာဝန်က အဆုတ်ပွသွားတာလို့ ပြောပြန်တယ်။
ကျွန်တော့်ကို စမ်းသပ်ကြည့်တော့
အရမ်းအားနည်းနေတယ်လို့ပြောပြီး အားဆေးပုလင်းကြီး၊ အကြောဆေးတွေ
ထိုးပေးလိုက်ပြန်ပါတယ်။ ပြီးတော့ စားဆေးတွေလည်း ပေးလိုက်ပြန်ပါတယ်။
အဲ့လိုနဲ့ နေလာလိုက်တာ နေမကောင်းတာ နှစ်ပတ်ကျော်လောက် ကြာသွားတယ်
။ ညဘက်ညဘက် အဖျားတွေပုံမှန်တက် လာတယ် ။ ချောင်းဆိုးတာကလဲ တဖြေးဖြေးသလိပ်တွေပါလာတယ်
။
အဲ့ဒါနဲ့ ဆေးခန်းကိုထပ်သွားပါတယ်
ပထမသွားခဲ့တဲ့ဆရာဝန်ဆီကို မဟုတ်ပါဘူး နောက်တစ်ယောက်ပါ။ အဲ့ဒီရောက်တော့ ဆရာဝန်
ကပြောပြန်ပါတယ် အဖျားက ၁၂၀
ထိဖြစ်နေတယ်တဲ့။ ချောင်းလေးကလဲ တဟွတ်ဟွတ်နဲ့ဆိုတော့ အဆုတ်ပွတာလို့
ထပ်ပြောပြန်ရော။ ကျွန်တော်လည်း အဲ့ဒီဆေးတွေကို သောက်ပါတယ်။ ဒါပေမဲ့ မရပါဘူး
တဖြေးဖြေးနဲ့ နေလာလိုက်တာ တစ်လလောက်ကြာသွားတယ်။ နောက်ပိုင်းချောင်းဆိုးတာက ကြောတွေရင်တွေ
အောင့်လာတယ်။ သလိပ်ထဲမှာ သွေးဆတွေပါလာပါတယ်။ ကျွန်တော်အထင်ကတော့ လည်ချောင်းတွေတော့
ကွဲထွက်ကုန်ပြီနဲ့တူတယ်လို့လေ။
သူငယ်ချင်းတွေက ၀ိုင်းပြောကြပါတယ် ကျွန်တော်ပုံစံကို ကြည့်ပြီး မင်းTB ဖြစ်နေလားမသိဘူး။ ကျွန်တော်ကတော့ မဖြစ်နိုင်ဘူးလို့ ငါဘာလို့ ဖြစ်ရမှာလဲလို့ပေါ့။ နောက်သူတို့က အတင်းတိုက်တွန်းတာနဲ့ ကျွန်တော်လဲ
ဆေးရုံးကိုသလိပ်သွား စစ်လိုက်ရတယ် ။
ပထမ ဆေးရုံကိုရောက်တော့ ကျွန်တော် လူနာစာအုပ်လုပ်ရပါတယ်
နောက်သူတို့က
ကျွန်တော့် ကိုယ်အလေးချိန်ကိုပါ
ချိန်ပါတယ်။ ပြီးတာနဲ့ ကျွန်တော့်ကို ဘူးတစ်ဘူးပေးပါတယ်။ ကျွန်တော် အဲ့ဒီဘူးလေးတစ်ဘူးထဲကို
သလိပ်ချက်ချင်းခံကာ
ပထမတစ်ကြိမ်စာရွက်နဲ့ ကောင်တာမှာ
ပေးထားခဲ့ရပါတယ်။ ကောင်တာက ဆရာမက ကျွန်တော့်ကို
ဘူးနှစ်ဘူး ထပ်ပေးလိုက်ပါတယ်။ တစ်ဘူးက ညအိပ်ခန်းနီးခံဖို့၊ နောက်တစ်ဘူးက မနက်နိုးနိုးချင်း
သလိပ်ခံဖို့ပါ။ ကျွန်တော်လည်း သူပြောတဲ့ အတိုင်းပါပဲ သလိပ်တွေကို ကျကျနနခံပြီး နောက်နေ့ မနက် ၈နာရီလောက် အရောက်သွား ပို့ပါတယ်။ ကျွန်တော် ဆေးရုံကိုသွားတာ အခုဆိုနှစ်ရက်ရှိပါပြီ။
နောက်သုံးရက် မြောက်တဲ့နေ့မှာ
သလိပ်အဖြေ စာရွက်ကို ဓါတ်ခွဲခန်း ကောင်တာမှာသွားယူပြီး စာရွက်နဲ့ အတူ ဒေါက်တာကို ပြဖို့သွားရပါတယ်။
နောက် ဓါတ်မှန်ရိုက် ရမယ်ဆိုလို့
ကျွန်တော်ဓါတ်မှန် ရိုက်လိုက်ပါတယ်။ ဓါတ်မှန်နဲ့အတူ သလိပ်အဖြေကို ဆရာဝန်ကကြည့်ပြီး
ကျွန်တော့်မှာ TB ရောဂါ ဖြစ်နေပြီလို့ ပြောလာပါတယ်။ ကျွန်တော်နားကိုတောင် ကျွန်တော်မယုံချင်ပါဘူး
။ ဒါပေမဲ့လက်သင့်ခံခဲ့ရတာပါ ။ ဆေးထုတ်ဖို့ ကျန်းမာရေးဌာန တစ်ခုကို ကျွန်တော် လိပ်စာနဲ့အတူ ညွှန်လိုက်ပါတယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်း
ကျန်းမာရေးဌာန တစ်ခုဆေးကိုထုတ်၊ အဲ့ဒီကဆရာမလေး ပြောတဲ့အတိုင်း ဒီနေ့ အထိ ဆေးကိုပုံမှန် သောက်လာခဲ့တာပါ ။ဆေးက တော်တော်ပြင်းပါတယ်
။
ဒါကြောင့် တီဘီရောဂါသည်ဟာ အာဟာရပြည့်အောင် နေ့စဉ်စားသုံးရန် အရမ်း အရေးကြီးပါတယ်
။ ကျွန်တော့်ကိုTBရောဂါအကြောင်း ရှင်းပြပေးခဲ့တဲ့ သူမ မမိငယ်ကိုလည်း
အလွန်ကျေးဇူး တင်ကြောင်းပါ ။ TB ရောဂါဆိုတာ ကြောက်ဖို့တော့ မကောင်းပါဘူး ၊ ဒါပေမဲ့ ရောဂါဆိုတာမျိုးက ဖြစ်လာရင် ပျောက်အောင်ကုမှပါ
မကုရင် ရောဂါရဲ့ဆိုးကျိုးတွေကို
ခံစားရမှာမလွဲမသွေပါပဲ ။ TB ရောဂါဆိုတာလည်း ထိုနည်းအတူပါပဲ ဆေးကိုမှန်မှန် မသောက်လျှင်
ဆေးပတ်မလည်ပဲ ရောဂါပိုးကို
ထိရောက်စွာ မကုသနိုင်ပဲ ရောဂါဒဏ်ကို ပြန်ခံရမှာ ဖြစ်ပါတယ်။
TB ဆေးဟာအလွန်ပြင်းပါတယ် ဒါကြောင့် ဆေးစားပြီး (၃) ပတ်အကြာမှာ
ရောဂါပျောက်သလိုလို ဖြစ်သွားပါမယ်
ပုံမှန်ချောင်းဆိုးနေတာ အဖျားမကြာမကြာ တက်နေတာမျိုး မရှိတော့ပါဘူး ။
ပုံမှန်လူကောင်းလိုမျိုး ပြန်ဖြစ်သွားလေ့ရှိပါတယ် ။ ဒါပေမဲ့ကောင်းပြီးဆိုပြီး
ဆေးကို မဖြတ်ပစ်လိုက်ပါနှင့်
ဆေးစသောက်ပြီး ဆိုတာနဲ့ ဆေးသောက်ကမဲ့
ကာလသတ်မှတ် ထားသည်တိုင်ပြည့်အောင် သောက်ရမည်
သာဖြစ်ပါတယ် ။ ဆေးသောက်ချိန်လည်းမှန်ရပါ့မယ်
။ အကောင်းဆုံးကတော့ ဆရာဝန် ( ကျမ်းမာရေးဌာန ) ကညွှန်ပြသည့်အတိုင်း သောက်ရမည်သာဖြစ်ပါတယ်။
ကျွန်တော်ဒီစာကို ရေးရခြင်းရဲ့
ရည်ရွယ်ချက်ကတော့ TB ဆိုတဲ့ကူးစက်လွယ်တဲ့
ရောဂါတစ်ခုအကြောင်းကို ကျွန်တော့်ဆီကို အလည်လာတဲ့ သူငယ်ချင်းတွေ တစိတ်တဒေသ
သိရှိရအောင် ကျွန်တော်တင်ပြ လိုက်ခြင်းဖြစ်ပါတယ် ။




