တရုတ်ပြည် တီယန်ဂျင်း မြို့က အသက် ၂၅ နှစ်အရွယ် အဆုတ်ကင်ဆာရောဂါ ခံစားနေတဲ့ အမျိုးသားတဦးကို HIV positive ရှိလို့ဆိုပြီး ဆေးဝါးကုသခွင့် ငြင်းပယ်လိုက်တဲ့ သတင်းတပုဒ်ကို တရုတ်မီဒီယာတွေက မကြာခင်တုန်းကပဲ ဖော်ပြခဲ့ကြပါတယ်။
အဲဒီလူရွယ်ရဲ့ အဖြစ်အပျက်က တရုတ်ပြည်မှာ HIV/AIDS နဲ့ အသက်ရှင်နေသူတွေရဲ့ ဘ၀တွေကို ရောင်ပြန်ဟပ်နေပါတယ်။ သူတို့ကို ဆေးရုံတွေက ဆေးဝါးကုသမပေးတာ၊ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံတာတွေကို လုပ်လေ့ရှိပါတယ်။ ဒီလို ခွဲခြားဆက်ဆံတာတွေ မလုပ်ဖို့ တရုတ်အစိုးရက ဥပဒေတွေ ထုတ်နေပေမယ့် တရုတ်ပြည်မှာ HIV/AIDS ဝေဒနာရှင်တွေကို နှိမ်တဲ့ အမြင်တွေက ကျယ်ပြန့်နေတုန်းပါပဲ။
အသက် ၂၅ အရွယ် တီယန်စီမှာ HIV ပိုး ရှိနေတာ သူ့အသက် ၉ နှစ် အရွယ်ကတည်းက ဖြစ်ပါတယ်... ဟီနန်းခရိုင်က ဆေးရုံတစ်ရုံမှာ သွေးသွင်းရာကနေ HIV ပိုး ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်.. ကူးစက် ခံလိုက်ရပြီလို့ ကျနော် သိလိုက်ရတဲ့ အချိန်ကတည်းက ကျနော် အိမ်မှာပဲ နေတော့တယ်..
တခါတုံးက ကျနော် အမေ အဝတ်လျော်နေတုံးမှာပဲ သူ့ကို ခြင်ကိုက်နေတယ်.. ကျနော်လည်း ခြင်ကို ရိုက်မလို့ လုပ်တော့ အမေက မရိုက်နဲ့ မရိုက်နဲ့ ပြောတယ်.. သူ သွေးဝရင် ပြန်သွားမယ်လို့ ပြောတယ်.. ကျနော် တကယ် စိတ်မကောင်းပါဘူး... ကျနော့် မိဘကတောင် ဒီလိုဖြစ်နေတော့ ကျနော် ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး..
သွေးသွင်းရင်းနဲ့ ရောဂါပိုး ကူးစက်ခံလိုက်ရတာကြောင့် တီယန်က လျော်ကြေးငွေ ရဖို့ ပြည်နယ် အစိုးရနဲ့ ဗဟို အစိုးရထံသို့ အသနားခံစာ တင်ဖို့ ဆုံးဖြစ်ခဲ့ပါတယ်.. ဒါပေမယ့် ၂၀၁၀ မှာတော့ ဆေးရုံက ပစ္စည်းတွေကို ဖျက်ဆီးတယ် ဆိုပြီးတော့ တရားရုံးက ဆုံးဖြတ်ချက် ချခဲ့ပါတယ်.. တီယန်ကတော့ ဒါက သူ့ကို ထိုးဇာတ်ကြီး သက်သက်ဖြစ်နေပါတယ်လို့ ပြောခဲ့ပါတယ်.. ဒီလိုနဲ့ပဲ တီယန်တစ်ယောက် ထောင် တစ်နှစ် ကျခံလိုက်ရပါတယ်..
မနှစ်တုံးက ထောင်ကနေ ပြန်လွတ်လာပြီး အခုတော့ ဘေဂျင်မြို့မှာ အစောင့် ဝန်ထမ်းလုပ်နေပါတယ်.. ဆေးကုတာကိုတော့ ဘယ်သူမှ မသိအောင် သူလုပ်နေရပါတယ်.. တကယ်လို့ လူတွေက သူ့မှာ HIV ပိုး ရှိတယ်ဆိုတာကို လူတွေသိသွားရင် သူ အလုပ်ပြုတ်မယ်ဆိုတာကို သူသိနေလို့ ဖြစ်ပါတယ်.. ဒါပေမယ့် အစောင့် ဝန်ထမ်း လုပ်လို့ ရတဲ့ လစာက HIV/AIDS နဲ့ ဆက်နွယ်နေတဲ့ ဆေးဝါးတွေက ဆေးကြီး လွန်းတာကြောင့် ဘယ်လိုမှ မလုံလောက်နိုင်ပါဘူး.. အဲဒီအကြောင်း သူ အခုလို ဆက်ပြောပြပါတယ်....
ကျနော်မှာ ရှိတဲ့ ငွေအားလုံးကို ဆေးကုဖို့ သုံးလိုက်မယ် ဆိုရင် စားဖို့နဲ့ နေဖို့တောင် ပိုက်ဆံ ရှိမှာ မဟုတ်တော့ဘူး.. လူတယောက် ဖြစ်လာရင် နေစရာ အိမ်ရှိသင့်တယ်.. မိသားစု ရှိသင့်မဟုတ်လား.. ဒါပေမယ့် HIV ပိုး ရှိနေသူ တစ်ယောက် အတွက်တော့ ဒါက မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေပါဗျာ..
တီယန်ရဲ့ ဒီဖြစ်ရပ်က တရုတ်ပြည်က HIV/AIDS နေထိုင်သူတွေကို ရောင်ပြန်ဟပ်နေပါတယ်.. တီယန်က သူကိုယ်သူ ဒုတိယတန်းစား နိုင်ငံသားတယောက်လို သိမ်ငယ်ခံစား နေရပါတယ်.. တခြားလူတွေက ရတဲ့ အလုပ်တွေ တခြားလူတွေကို ကုသပေးတဲ့ ဆေးရုံတွေက သူ့ကို လက်မခံကြပါဘူး...
ပြီးခဲ့တဲ့ လတုန်းက တရုတ်ပြည် တီယန်ဂျင်း မြို့က အသက် ၂၅ နှစ်အရွယ် အဆုတ်ကင်ဆာရောဂါခံစားနေတဲ့ အမျိုးသားတဦးကို HIV positive ရှိလိုဆိုပြီး ဆေးရုံက လက်မခံပါဘူး.. အဲ့ဒီအကြောင်းကို တရုတ် မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ကို ဖော်ပြကြပါတယ်..
ဂေအီ တေလာကတော့ တရုတ်ပြည်မှာ ရှိတဲ့ ကုလသမ္မဂ္ဂ AIDS အဖွဲ့ အကြံပေး အရာရှိ ဖြစ်ပါတယ်..ဒီလို အဖြစ်အပျက်တွေ နိုင်ငံ တဝှမ်းလုံးမှာ ဖြစ်ပွားနေတာကို တရုတ်အစိုးရကလည်း သိတဲ့ အကြောင်း သူက အခုလို ပြောပါတယ်...
၂၀၀၉ ခုနှစ်က ကောက်ယူတဲ့ စစ်တမ်းအရ HIV ပိုး ရှိတဲ့ လူ ၂၀၀ လောက်က ဒီလို အဖြစ်မျိုးတွေနဲ့ ကြုံခဲ့ရပါတယ်.. တော်တော် များများကလည်း HIV နဲ့ မဆိုင်ပဲနဲ့ ဆေးကုသခွင့် ငြင်းပယ်ခံရတာတွေလည်း ရှိပါတယ်... သတင်းထဲက အဖြစ်အပျက်တွေနဲ့ ဆင်တူပါတယ်.. ဒါတွေကတော့ ကျနော်တို့ စစ်တမ်းမှာ တွေ့ရတဲ့ အချက်တွေ ဆိုတော့ အခြား ခွဲခြား ဆက်ဆံတဲ့ အခြေအနေတွေလည်း ရှိအုံးမှာပေါ့...
HIV/AIDS နဲ့ ပတ်သက်ပြီး ခွဲခြား နှိမ်ချ ဆက်ဆံတာတွေကို ၂၀၀၆ ခုနှစ်ကတည်းက တရုတ် အစိုးရက ရုတ်ချခဲ့ပါတယ်... ဒါပေမယ့် ဥပဒေ ပြုရတာ လွယ်ပေမယ့် လူတွေရဲ့ စိတ်ကို ပြောင်းလဲဖို့ကတော့ ထင်သလောက် မလွယ် ဖြစ်နေပါတယ်..
မာဂိုဟောင်းကတော့ သူကိုယ်တိုင်ကလည်း HIV ပိုးနဲ့ နေထိုင်နေရသူ ဖြစ်သလို သူနဲ့ ဘဝတူတွေကို စောင့်ရှောက်ဖို့ဆိုပြီး Head the Sky ဆိုတဲ့ အဖွဲ့ကိုလည်း ထူထောင်ထားပါတယ်..
ကျမက တောကလယ်သူမ တစ်ယောက်ပါ...၁၉၈၀ ပြည့်လိုနှစ်တွေကနေပြီး ၁၉၉၄ ခုနှစ်တွေထိ စီးပွားရေး အဆင်မပြေလို့ သွေးဖောက်ရောင်းခဲ့ရတဲ့ သူတယောက်ပါ.. အဲတုံးက ရေခဲမုန့်တောင် ဝယ်မစားနိုင် ခဲ့ဘူး.. ကလေးတွေဆိုလည်း အဝတ် ဗလာနဲ့ နေခဲ့ရတယ်လေ...
အစိုးရက ကျန်းမာရေး ကဏ္ဍကို ထောက်ပံ့ငွေတွေ ဖြတ်တောက်လိုက်တဲ့ အချိန်မှာ သွေးလှူတဲ့ ကိစ္စက အလုပ်ကြီး တခုလို ဖြစ်လာပါတယ်...တရုတ်နိုင်ငံ အလယ်ပိုင်းမှာ ရှိတဲ့ နီးစပ်ရာ သွေးလှူခန်းတွေ မှာ သွေးတွေ ရောင်းကြဖို့ လယ်သမားတွေကို အစိုးရက တိုက်တွန်းခဲ့ပါတယ်.. သွေးအရောင်း အဝယ်ကို အစိုးရ ကိုယ်တိုင်က ကြီးကြပ်ခဲ့တာ ဖြစ်ပါတယ်..
မားလိုပဲ သောင်းနဲ့ ချီတဲ့ တောသူ တောင်သားတွေကတော့ သွေးအရောင်း အဝယ်က ဘေးအန္တရာယ် ကင်းမယ်လို့ တွေးထင်ခဲ့ကြပါတယ်...အဲဒီအကြောင်းကို သူ အခုလို ပြောပြသွားပါတယ်..
၁၉၉၅ ခုနှစ် နွေဦး အရောက်မှာတော့ ဆေးခန်းတွေကို ပိတ်လိုက်တယ်. ဘာကြောင့် ပိတ်လိုက်မှန်းတော့ ဘယ်သူမှ မသိကြပါဘူး.. အဲဒီ ဒေသက ရောဂါ ထိန်းချုပ်ရေး ဌါနက လူတိုင်းဆီမှာ သွေး နမူနာတွေ ယူတယ် ပြိးတော့ ပြန်သွားကြတယ်... ဘာမှတော့ ပြောမသွားကြပါဘူး.. အိမ်တိုင်းမှာ ကွန်ဒုံး တခုစီ ထားပေးပြီးတော့ ပြန်သွားကြပါတယ်..
တကယ်တမ်းကြတော့ အဲဒီ ဆေးခန်းတွေမှာ ဖွင့်ထားတဲ့ သွေးလှူခန်းက သွေးတွေမှာ HIV ပိုးရှိတဲ့ သွေးတွေ ရောနှောနေခဲ့ပါတယ်... ဒေသ အစိုးရကတော့ ရောဂါ ပိုး ပျံ့ပွားနေတဲ့ အခြေအနေတွေကို ဖုံးကွယ် ထားခဲ့တာပါ...
ကျမ တကယ်ကို စိတ်တိုတယ်... ကျမရဲ့ သွေးတွေကို စစ်ဆေးပြီး တွေရှိချက်တွေကို သူတို့ အချိန် အကြာကြီး သူတွေ ဘာလို့ ဖုံးကွယ်ထားရတာလဲ.. ကျမတို့ ရောဂါ ကူးစက်နေသလိုပဲ အခြားဒေသက မိသားစုတွေ လည်း ရောဂါ ကူးစက်နေမှာပေါ့... သူတို့ရဲ့ အခွင့် အရေးတွေကို ပြန်ရဖို့ တော်တော်များများက အသနားခံစာ တင်ခဲ့ကြပါတယ်...
မားနဲ့ သူတို့ရွာက တချို့လူတွေဟာ လျော်ကြေး ကောင်းကောင်း ရခဲ့ပေမယ့် ကံမကောင်းတဲ့ လူတွေ တော်တော်များများ ရှိနေပါသေးတယ်... ကမ္ဘာ့ ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေးနေ့ မတိုင်ခင်မှာပဲ တရုတ် ဝန်ကြီးလောင်းက HIV ဝေဒနာ ခံစားနေရတဲ့ သူတွေ အစား တက်ကြွ လှုပ်ရှားသူတွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်....
ဝေဒနာ ရှင်တွေကို စောင့်ရှောက်မှု ပေးတဲ့ နေရာမှာ NGO တွေရဲ့ အခန်းကဏ္ဍက အရေး ကြီးတယ် ဆိုတာကိုလည်း ချီးကျူး စကား ဆိုသွားပါသေးတယ်... ကုလသမ္မဂ္ဂ HIV/AIDS အဖွဲ့ တရုတ် ဝန်ကြီးလောင်းရဲ့ ဒီလုပ်ရပ်ကိုတော့ ချီးကျူး စကား ဆိုလိုက်ပါတယ်....
ဥပဒေနဲ့ ကြေငြာ ချက်တွေက တကယ့်ကို အပေါင်း လက္ခဏာ ဆောင်ပါတယ်... ဒါတွေကို အောက်ခြေအဆင့်မှာ လုပ်ဆောင်လာအောင်ပဲ သေချာလုပ်ဖို့ လိုပါတော့တယ်...
ဒီအကြောင်း ရီဗက်ကာ ဗေလီက ဘေဂျင်းက HIV/AIDS နဲ့ အသက်ရှင်နေတဲ့ လူတွေနဲ့ တွေ့ဆုံပြီး သတင်းဆောင်းပါး ပေးပို့ထားပါတယ်။ မယုယမိုး တင်ဆက်ထားတာကို ပြန်လည် ရေးသား ဖော်ပြထားပါတယ်...




