3
Feb

တရုတ်နိုင်ငံတွင် လိင်တူချင်းဆက်ဆံရာမှ AIDS ကူးစက်မှုနှုန်း အများဆုံးဖြစ်ပေါ်လျက်ရှိ



တရုတ်နိုင်ငံတွင် အေအိုင်ဒီ အက်စ်ကူးစက်မှုနှုန်းမှာ လိင်တူချင်း
ဆက်ဆံရာမှ အများဆုံးဖြစ်ပွားနေ သောကြောင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်
ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်ကြရန် ဒီဇင်ဘာလ၁ရက်နေ
တွင် ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ် နေတွင် အစိုးရက သတိပေးပြော ကြားခဲ့သည်။

သမ္မတဟူကျင်တောင်က အေအိုင်ဒီအက်စ်ရောဂါသည်များအား  ခွဲခြားပစ်ပယ်မထားရန် အစိုးရသ တင်းဌာနမှ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်
ကျန်းမာရေးဝန်ကြီးဌာနက ယခုကဲ့သို
ပြောကြား ခဲ့ခြင်းဖြစ်သည်။

''လိင်တူချင်းဆက်ဆံမှုပိုမို များပြားလာတာနဲအတူ အေအိုင်ဒီအက်စ် ရောဂါပျံ့ပွားမှုဟာလည်း ပိုမိုများပြား လာခဲ့ပါတယ်။ ဒီပြဿနာကို ပိုမိုအာရုံစိုက်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်''ဟု တရုတ်ကျန်းမာ ရေးဝန်ကြီးက ပြောကြားခဲ့သည်။

ယင်းနိုင်ငံတွင် အေအိုင်ဒီအက်စ် ရောဂါစတင်ခံစားခဲ့ရသူများမှာ
တရားမ၀င်မူးယစ်ဆေးဝါးသုံး စွဲသူများ၊ တိုင်းရင်းသားလူမျိုးစုများ၊ ပြည့်တန်ဆာများ၊
သွေးသွင်းရာမှ ယင်းရောဂါ ကူးစက် ခံရသူများဖြစ်ကြောင်း သိရသည်။

၂၀၀၉ ခုနှစ်၊ အောက်တိုဘာလတွင် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကူးစက်ခံထားရကြောင်း
စာရင်း ပေးသွင်းထားသူ အရေအတွက် ၃၁၉၈၇၇ ဦးရှိခဲ့ပြီး ယခုနှစ်တွင် ၄၈၀၀၀ ဦး များပြားလာခဲ့သည်။
ယခုအခါတရုတ်နိုင်ငံ၌ အေအိုင်ဒီအက်စ်ရောဂါဖြင့် သေဆုံးသူပေါင်း ငါးသောင်းခန်
ရှိသွားပြီဖြစ်ကြောင်း သိရသည်

First 11 -

တရုတ်နိုင်ငံတွင် လိင်တူချင်းဆက်ဆံရာမှ အေအိုင်ဒီအက်စ်ကူးစက်မှုနှုန်း
အများဆုံးဖြစ်ပေါ်လျက်ရှိ  


Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top