အရှေ့တောင်အာရှထဲမှ
တစ်နိုင်ငံတည်းသော ကုန်းတွင်းပိတ် (Land lock) ဖြစ်သည့် လာအိုနိုင်ငံသည် တရုတ်နှင့်ထိုင်းနိုင်ငံတိုကို
ဆက်သွယ်သော အမှတ် ၃ အဝေးပြေး လမ်းမကြီးကြောင့် ကုန်းကြောပေါက် (Land linked) နိုင်ငံတစ်ခုအဖြစ်သို့
ရောက်ရှိလာခဲ့သည်။
ထို့အတွက်
ကုန်စည်ကူးသန်းရောင်းဝယ်ရာမှ စီးပွားရေး ဖွံ့ဖြိုးလာနိုင်သလို၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါများ
ပိုမိုပြန့်ပွားလာမည့် အလားအလာများလည်း ရှိနေသည်။ ထိုလမ်းမသစ်သည် လာအိုနိုင်ငံထဲမှ
၉၃၂၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ၈၅ ရာခိုင်နှုန်း တောတောင်များဖြင့် ပြည့်နှက်နေသော
လွမ်နမ်သာခရိုင်ကို ဖြတ်သန်းသွားမည် ဖြစ်သည်။
ထိုလမ်းကြောင့်
ရွာများမှ ကျေးလက်နေသူများအတွက် စီးပွားရေးအခွင့်အလမ်းများ ပေါ်ပေါက်လာစေခဲ့သည်။ လာအိုနိုင်ငံ
မြောက်ပိုင်းတွင် အများအပြား ပေါက်ရောက်သော တံမြက်စည်းပင် (အရွက်)များကို တရုတ်နိုင်ငံဘက်သို့
တင်ပို့လျက်ရှိပြီး၊ တစ်ကီလိုလျှင် အမေရိကန်ငွေ ဆင့် ၃၀ ခန့် တန်ဖိုးပေါက်လျက်ရှိသည်။
ယင်းတို့ကို
တရုတ်နိုင်ငံတွင် တံမြက်စည်းအဖြစ် ပြုလုပ်ရန် ကုန်ကြမ်းတင်ပို့ခြင်းဖြစ်က ကျေးလက်မှ
ဆင်းရဲသားများအတွက် ငွေရလမ်းတစ်ခု ပွင့်လာခဲ့သည်။ ရာသီကိုလိုက်၍ တစ်လလျှင် ပျမ်းမျှ
ဒေါ် လာ ၁၃၀ဝခန့်အထိ ရရှိစေသည်။ ထိုလမ်းမကြီးကို တည်ဆောက်ရန် ကုန်ကျစရိတ် ဒေါ်လာ ၉၇သန်းရှိခဲ့ပြီး၊
တရုတ်နှင့် ထိုင်းအစိုးရတို့က ဒေါ်လာသန်း ၃၀ စီ၊ အာရှဖွံ့ဖြိုးရေးဘဏ်က ချေးငွေ သန်း
၃၀ နှင့် ကျန်ဒေါ်လာ ကိုးသန်းကို လာအိုနိုင်ငံက ထည့်ဝင်ခဲ့သည်။
ထိုလမ်းသည်
၂၂၈ ကီလိုမီတာ ရှည်လျားပြီး၊ ယခင်က နယ်စပ်သို့ရောက်ရှိရန် တစ်နာရီ၊ နှစ်နာရီ ကြာမြင့်သော
ခရီးကို မိနစ် ၂၀အတွင်း ရောက်ရှိစေသည်ဟု သိရသည်။ လမ်းကောင်းမွန်သောကြောင့် မဆင်မခြင်
ယာဉ်မောင်းနှင်မှုများက ထိခိုက်ဒဏ်ရာနှင့် မတော်တဆမှုများကို ဖြစ်ပွားစေသည်။ ဆက်သွယ်ရေး
ကောင်းမွန်လာသောကြောင့် ၂၀ဝ၆ ခုနှစ်တွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခြောက်ယောက်နှုန်းသာ
ရှိရာမှ ၂၀ဝ၉ ခုနှစ်တွင် ၂၈ ဦး နှုန်းအထိ များလာသည်ဟု သိရသည်။
HIV/AIDS
ပျံ့နှံ့မှုသည် လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ အစိုးရ ဦးစားပေး ကိုင်တွယ်ရမည့်
စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲ ဖြစ်သည်။
Ecovisionjournal တရုတ်နှင့်ထိုင်း
ဆက်သွယ်သောလမ်းသည် လာအိုနိုင်ငံအတွက် ဖွံ့ဖြိုးမှုနှင့် စိန်ခေါ်မှုများ
ပေါ်လာစေ




