6
Jun

တရုတ်-မြန်မာနယ်စပ်ယူနန်၌ မူးယစ်ဆေးဖြတ် ဆေးခန်းသစ် (၂၂) ခန်းထပ်ဖွင့်



မြန်မာနိုင်ငံနှင့်ထိစပ်နေသည့်
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ မူးယစ်ဆေးဖြတ်သည့် ဆေးခန်းအသစ် (၂၂) ခန်း ဖွင့်လှစ်တော့မည်ဟု
ယမန်နေ့
Red Orbit အင်တာနက်သတင်း၌
ဖော်ပြသည်။

 

ပြည်နယ်အတွင်း၌ မူးယစ်ဆေးသုံးစွဲမှုနှင့်
အိပ်ခ်ျ်အိုင်ဗွီ အေအိုင်ဒီအက်စ် ရောဂါဖြစ်ပွားနှုန်း မြင့်မား လာသည်ကို တုံ့ပြန်သည့်အနေဖြင့်
ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုတိုးချဲ့လိုက်သည့်ဆေးဖြတ်ခန်းများတွင် အခြေစိုက် (၁၅) ခန်းနှင့်
ရွှေ့ပြောင်း (၇) ခန်း ပါဝင်သည်။

 

ယူနန်ပြည်နယ်၌ ပထမဦးဆုံး ဆေးဖြတ်ခန်းကို
Gejiu မြို့၌ ၂၀၀၄ ခုတွင်
စတင်ဖွင့်လှစ်ပြီး ဆေးခန်း သစ်များအပါအ၀င် စုစုပေါင်း ဆေးဖြတ်ခန်း (၇၅) ခန်းရှိပြီဖြစ်သော်လည်း
ပြည်နယ်အတွင်းရှိ တရားဝင် မှတ်ပုံတင်ထားသည့် မူးယစ်ဆေးသုံးစွဲသူ (၅၀
,၀၀၀) ဦးထဲမှ (၂,၆၀၀) သာ ကုသမှုခံယူခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

 

ဆေးစွဲသူအများစုမှာ လူငယ်များဖြစ်ပြီး
ဆေးဖြတ်ခန်းသို့သွားလျှင် ဖမ်းဆီးခံရမည်ဟု စိုးရိမ်ကြသည်မှာ လည်း ဆေးကုသခံသူနည်းခြင်း
အကြောင်းရင်းတရပ်ဖြစ်သည်ဟု တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေး နိုင်ငံရေးလေ့လာသူ
ဦးအောင်ကျော်ဇောက ပြောကြားသည်။

 

၎င်းက လူတွေက ဖမ်းမယ်ဆီးမယ်ပဲ ထင်ကြတာကိုး။ ပြီးတော့ မိသားစုက ဖမ်းပို့တာတို့
ဘာတို့လုပ်မှ။ အခုဟာက နယ်စပ်ရွာတော်တော်များများမှာ လူငယ် (၅၀) ရာခိုင်နှုန်းကျော်ကျော်က
မူးယစ်ဆေးဝါး တမျိုးမဟုတ်တမျိုး စွဲနေတယ်။ ဆင်းရဲလို့စိတ်ညစ်ပြီး စွဲတယ်၊ ရှာရဖွယ်ရလွယ်လို့
စွဲတယ်။ နောက်တခါ သူငယ်ချင်းတွေစုပြီး ရာမားချတာတို့ ဖိုးချတာတို့ ဒါက ဖက်ရှင်လိုဖြစ်လာတယ်
ဟုပြောသည်။

 

မြန်မာအပါအ၀င် ရွှေတြိဂံနယ်မြေနှင့်
အာရှအလယ်ပိုင်းရှိ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် ကာဇက် စတန်နိုင်ငံတို့မှ ဘိန်းဖြူ၊
စိတ်ကြွဆေးနှင့် အက်တစီဆေးပြားများ တရုတ်နိုင်ငံအတွင်းသို့  ၀င်ရောက်နေ ကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ဖော်ပြသည်။

 

ယူနန်ပြည်နယ်တဖက်ခြမ်း မြန်မာဘက်ခြမ်းရှိ
အပစ်ရပ် တိုင်းရင်းသားအဖွဲ့အချို့နှင့် သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့များက မူးယစ်ဆေးများထုတ်လုပ်နေဆဲဖြစ်ကြောင်း
ဦးအောင်ကျော်ဇောက ရှင်းပြ သည်။

 

လွန်ခဲ့သည့် (၇) နှစ်အတွင်း တရုတ်နိုင်ငံ၌
မူးယစ်ဆေးသုံးစွဲသူဦးရေ (၅၄) ရာနှုန်းအထိ တိုးတက် လာကြောင်း တရုတ်မူးယစ် ဆေးတိုက်ဖျက်မှုအဖွဲ့
မကြာသေးမီက ထုတ်ပြန်သည်။

 

မူးယစ်ဆေးဝါးသုံးစွဲသူ ဦးရေမြင့်မားလာပြီး
ဘိန်းဖြူကို သွေးကြောတွင်းထိုးသွင်းရာ၌ ဆေးထိုးအပ် ဝေမျှသုံးခြင်းကြောင့် အိပ်ခ်ျအိုင်ဗွီ
အေအိုင်ဒီအက်စ် ကူးစက်ပြန့်ပွားနှုန်း များပြားလာပြီး အေ့ဒ်စ်ရောဂါဖြစ်သူ စုစုပေါင်း၏
(၄၀) ရာနှုန်းအထိရှိကြောင်း တရုတ်အစိုးရ၏ ကိန်းဂဏန်းများအရ သိရသည်။

 

တရုတ်နိုင်ငံ၌ အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားသူဦးရေ
(၂၈) ရာနှုန်းအထိတက်လာပြီး စုစုပေါင်း (၂) သိန်းနီးပါးရှိသွားပြီဟု ၂၀၀၆ ခု ဒီဇင်ဘာ
ဆင်ဟွာသတင်းတပုဒ်၌ ဖော်ပြသည်။

 ယူနန်ပြည်နယ်၌ ယမန်နှစ်အတွင်းက ဘိန်းဖြူ ကီလိုဂရမ် (၁,၄၀၀) ကျော်အပါအ၀င် မူးယစ်ဆေးမျိုးစုံ စုစုပေါင်း ကီလိုဂရမ် (၃,၀၀၀) ကျော်နှင့်အတူ သံသယရှိသူ (၃,၈၀၀) နီးပါးအား
ဖမ်းဆီးခဲ့သည်။ယခုအခါ တရုတ်နိုင်ငံ၌ တရားဝင် မှတ်ပုံတင်ထားသည့် မူးယစ်ဆေးစွဲသူ တသန်းရှိသည်။  



တရုတ်-မြန်မာနယ်စပ်ယူနန်၌
မူးယစ်ဆေးဖြတ် ဆေးခန်းသစ် (၂၂) ခန်းထပ်ဖွင့်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top