20
Feb

တရုတ် နိုင်ငံတွင် HIV/HIDS ရောဂါကြောင့် သေဆုံးသူ ဦးရေမြင့်တက်

BBC 20/Feb/2009

<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" /> 

တရုတ်နိုင်ငံ၌ HIV/AIDS ရောဂါသည် အခြားကူးစက် ရောဂါများနှင့် နှိုင်းယှဉ်ပါက ယမန်နှစ်တွင် လူအသေအပျောက် အများဆုံးရောဂါ ဖြစ်ကြောင်း တာဝန်ရှိ သူများက ပြောကြားသည်။ HIV/AIDS ရောဂါကြောင့် ၂၀၀၈ ခုနှစ် ပထမကိုးလအတွင်း လူ ၇၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ထုတ်ဖော်ပြောဆိုသည်။ တရုတ်နိုင်ငံတွင် တီဗီရောဂါကြောင့် သေဆုံးဦးရေသည် ဒုတိယ နေရာတွင်ရှိ၍၊ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူဦးရေသည် တတိယ အဆင့်တွင်ရှိကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၏ အဆိုအရ သိရှိရသည်။ HIV/AIDS ရောဂါသည် မသန့်ရှင်းသော သွေးသွင်းခြင်းနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ တစ်ဆင့်အများဆုံး ကူးစက်ပျံ့ပွားသည်။

 

(ဘီဘီစီ)

(၂၀၊ ၂၊ ၂၀၀၉) ရက်၊ နံနက်(၉း၃၀) နာရီ။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top