28
May

ထားဝယ်တွင် တီဘီရောဂါပိုး စစ်ရင်း HIV တွေ့ရှိမှု များပြားဟုဆို



တနင်္သာရီတိုင်း
ထားဝယ်မြို့တွင် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (
MSF) က တီဘီရောဂါပိုး လာရောက် စစ်ဆေးသူများကို HIV ဗိုင်းရပ်စ်ပိုးရှိ မရှိ အခမဲ့ စစ်ဆေးပေးလျက်ရှိရာ HIV ဗိုင်းရပ်စ်ပိုးရှိသူများကို တွေ့ရှိရကြောင်း MSF ၏ ထားဝယ်မြို့နယ် တာဝန်ခံ ဒေါက်တာ မျိုးဆက်အောင်ကပြောကြားသည်။

 

ခုခံအားကျဆင်းစေသော HIV ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ ၇၅ ရာခိုင်နှုန်းမှာ တီဘီရောဂါဖြစ်ပွားလေ့ ရှိကြောင်း၊ တီဘီရောဂါရှိသူ အများစုမှာ
၎င်းတို့တွင်
HIV
ရောဂါပိုးရှိမှန်း မသိကြကြောင်း၊ ဆေးစစ်ပြီးမှသာ
HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံ ထားရသည်ကို သိရှိကြကြောင်း၊ HIV ပိုးကြောင့်ခုခံအား ကျဆင်းပြီး ဖြစ်ပွားသော
တီဘီရောဂါသည် သာမန် တီဘီရောဂါထက်ကုသရန် ပိုမို ခက်ခဲကြောင်း ၄င်းကဆိုသည်။

 

တီဘီရောဂါရှိတဲ့လူတိုင်းတော့
AIDS မရှိပါဘူး။ AIDS ရောဂါ ဝေဒနာသည်တွေက ခုခံအားကျဆင်းလာလို့ တီဘီရောဂါ ဝင်လာတာပါဟု ၄င်းက ဆိုသည်။ တီဘီရောဂါပိုးဟု သံသယရှိလျှင် ဆောလျင်စွာ
စမ်းသပ် ကုသပေးရန် လိုအပ်ကြောင်း၊ ဆရာဝန်နှင့် စနစ်တကျကုသမှုမရှိဘဲ မိမိဘာသာ
မိမိဆေးဝယ်မသောက် သင့်ကြောင်း၊ ဆေးပတ်လည်အောင် မသောက်ပါက ဆေးယဉ်ပါးမှုဖြစ်စေပြီး
ဆေးကုသရန် ခက်ခဲကာ ကုသမှု စရိတ်ကြီးမားကြောင်း
MSF မှဒေါက်တာသန်းသန်းမြင့်က ရှင်းပြသည်။ ကျန်းမာရေးဝန်ကြီးဌာနနှင့်
ပူးပေါင်း၍ နယ်စည်းမခြား ဆရာဝန်များအဖွဲ့(
MSF)က ထားဝယ်မြို့တွင် တီဘီရောဂါသည်များအား အခမဲ့ ကုသပေးလျက် ရှိကြောင်း၊
ယင်းသို့ကုသရာတွင်
ခရီးစရိတ်မတတ်နိုင်မှုများကို ခရီးစရိတ်ထုတ်ပေး ကြောင်း၊
အာဟာရ ချို့တဲ့သည့် လူနာများကိုလည်း အစားအစာ
နှင့် ငွေကြေး ထောက်ပံ့ပေးကြောင်း၊
ဆေးပတ်လည်စွာ သောက်ရန်အတွက် ကျန်းမာရေး ဝန်ထမ်းများနှင့် ကြပ်မတ်ပေးကြောင်း
ဒေါက်တာသန်းသန်းမြင့် ကဆိုသည်။ ဆွစ်ဇာလန်
MSF အဖွဲ့သည် ၂၀၀၄ ခုနှစ်မှ စတင်ကာ ထားဝယ်မြို့တွင် တီဘီရောဂါကို
ကွင်းဆင်း ကုသပေးလျက်ရှိပြီး ယခု အချိန်အထိ လူနာပေါင်း ၂၂၃၃ ဦးကို ကုသပေးပြီး ဖြစ်ကြောင်း၊
လက်ရှိတီဘီလူနာ ၃၆၆ဦးကို ကုသပေးလျက်ရှိပြီး ယင်းတို့တွင်
AIDSနှင့် တီဘီ ရောဂါ ပူးတွဲလျက်ဖြစ်နေသော လူနာ ၁၀ဦးပါဝင်ကာ MSF က ဆေးကုသ ပေးနေကြောင်း၊ ၂၀၀၈ခုနှစ် မတ်လမှစ၍ တီဘီ လူနာကွင်းဆင်းရှာဖွေရေး အဖွဲ့ဖွဲ့ကာ
လောင်းလုံနှင့် ထားဝယ်မြို့တို့တွင် ကုသပေးလျက်ရှိကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရကြောင်း
၂၀၀၉ ခုနှစ် မတ်လ ၃၀ ရက် နေ့ထုတ်
The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။



ထားဝယ်တွင် တီဘီရောဂါပိုး
စစ်ရင်း
HIV တွေ့ရှိမှု
များပြားဟုဆို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top