ကမ္ဘာ့ HIV ဖြစ်ပွားမှုအခြေအနေ
မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့် ၁၉မှာရှိသော်လည်း၊ အာရှတိုက်မှာတော့ ထိုင်း (နံပါတ်၁) မြန်မာ (နံပါတ်၂) ဖြစ်နေတာ တွေ့ရပါတယ်။ ဒါတောင် ထိုင်း၊မေလးရှားနိုင်ငံရောက် မြန်မာများ ၄သန်းခန့် စာရင်းပျောက်နေပါတယ်။ မြန်မာ HIV ရောဂါသည်များဟာ ထိုင်းနိုင်ငံက တဆင့်ကူးစက်တယ်ဆိုတာ ငြင်းစရာမလိုပါဘူး။ ဒါကြောင့် ထိုင်းနဲ့မြန်မာ ပူးပေါင်းလုပ်ဆောင်ရပါမယ်။

ကမ္ဘာနဲ့ယှဉ်ရင်၊ ကြမ်းတမ်း၊ဆင်းရဲလွန်းတဲ့ အာဖရိကနိုင်ငံများကိုချန်ထားပြီး အာရှအိမ်နီးချင်းနိုင်ငံတွေကို ကြည့်တာ လျှော်ကန်ပါတယ်။ အာရှတိုက်မှာ ထိုင်း၊ဗီယက်နမ်၊ကမ္ဘောဒီယားတွေ ဘာကြောင့်  HIV များရသလဲဆိုတော့ ဗီယက်နမ်စစ်တွင်းက အမေရိကန်တပ်များဆီက ရရှိတယ်လို့ကောက်ချက်ချနိုင်ပါတယ်။ နောက်ပိုင်း ကမ္ဘာလှည့် လိင်ခရီးသည်များကို မတားဆီးနိုင်ခြင်း၊ ကျေးလက်လူငယ်များ ပညာမတတ်ခြင်း စတဲ့ အားနည်းခြင်း၊ အစိုးရပညာပေးမထိရောက်ခြင်း၊ စတဲ့အချက်များကြောင့်ပါ။ မြန်မာနိုင်ငံကတော့ အိမ်နီူးချင်းထိုင်းနိုင်ငံကတဆင့် ကူးစက်ခံရပါတယ်။
ထူးခြားချက်တခု။
လူဦးရေမြန်မာထက် ၂ဆရှိတဲ့ အိမ်နီးချင်းဘင်္ဂလားဒေ့နိုင်ငံက HIV ပြသနာမရှိတာလဲ အံ့သြစရာပါ။ မြန်မာထက် လူဦးရေ၂ဆများတဲ့ အရှေ့တောင်အာရှ ဖိလစ်ပိုင်နိုင်ငံလည်း HIV အနည်းဆုံးဖြစ်နေတာလဲ အံ့သြစရာပါပဲ။ ဘာသာတရား ထိမ်းချုပ်မှုကြောင့်ဖြစ်ပါလိမ့်မယ်။

ကာမတဏှာရန်သူကိုရှောင်ရှားဖို့
အမျိုးသားများ ကာမတဏှာနောက်ဆို ရှောင်ဖို့ထက်၊ အမျိုးသားစကားဝိုင်းမှာ Hot Topic ပဲ ဖြစ်လေ့ရှိပါတယ်။ ယေင်္ကျားဆို ရဟန်းမဟုတ်ရင်၊ ဂန်ဒူးနဲ့နှာဘူး တခုခုပဲ ပြောကြတယ်။ အခုခေတ်က အထူးသဖြင့် မိန်းကလေးများလည်း ပွင့်လင်းလာတော့ အဲဒီရန်ကို ရှောင်ဖို့ထက် မလွန်ကျူးဖို့ အထူးခက်ခဲလာပါတယ်။
အခုခေတ်မှာ Privacy, Freedom ကိုပိုပြီး အလေးထားလို့၊ တယောက်တည်း နေတဲ့လူတွေများလာပါတယ်။ ရန်သူငါးပါးကို ကာကွယ်ဖို့ အဖေါ်ရှိဖို့လိုပါတယ်။ ငွေတတ်နိုင်တိုင်း တအိမ်လုံး၊ တယောက်ထဲ နေတာထက်၊ အခန်းဖေါ်၊ ဆွေးနွေးတိုင်ပင်ဖေါ် လိုအပ်ပါတယ်။ အခုခေတ်က တယ်လီဖုန်းမှာတောင် အညှီအဟောက်တွေ ရှိနေတဲ့အတွက် Privacy တဏှာပါဝါများကို မမှားယွင်းဖို့။ တယောက်ထဲရှိရင် တဏှာပါဝါ စိတ်ဓါတ်တွေ ခေါင်းထဲဝင်လာတတ်ပါတယ်။ အခြေအနေကလည်း ပေးလာရင် .. မဖြစ်သင့်တာတွေ၊ ဖြစ်သွားပါတယ်။ ဥပမာ .. May 2011 မှာ နိုင်ငံတကာငွေကြေးအဖွဲ့ အကြီးအကဲ ပြင်သစ်လူမျိုး Strauss-Kahn တယောက်တည်း နယူးယောက်ဟိုတယ်မှာတည်းခိုတုန်း ဟိုတယ်သန်းရှင်းရေးအလုပ်သမတဦးကို ကာမတဏှာကြိုးစားမှုတာ ဖေါ်ထုတ်ခံရလို့ အလုပ်ပြုတ်၊ အရှက်တကွဲဖြစ်ရတယ်။ အမေရိကန်သမ္မတကြီး ကလင်တွန်လည်း သောင်္ကြာညနေပိုင်းတွေ အားလပ်ချိန်၊ ကိုယ်စိတ်အနားယူတုံး အိမ်ဖြူတော်အလုပ်သမတဦးနဲ့ ကာမတဏှာလွန်ကျူးမှုတွေကြောင့် အလုပ်မပြုတ်ပေမဲ့၊ အရှက်တကွဲအကျိုးနည်းရတယ်။ ဒီလိုပဲ ရာထူးခပ်ကြီးကြီး အရာရှိကြီးများ ဇနီးသည်မရှိပဲ လိင်စိတ်မုန်ယိုလာရင် အိမ်စေမတွေနဲ့တောင် တဏှာပါဝါ လွန်ကျူးမှုဖြစ်ရတယ်။ မဖုံးနိုင်ပဲ အရှက်တကွဲဖြစ်ရတဲ့ ဇတ်လမ်းတွေ အများကြီးရှိပါတယ်။ အရက်သေစာသောက်စား၊ လွန်ကျူးသူများကတော့ ပိုဆိုးပါတယ်။ ကာမဂုဏ်ထိန်းချုပ်နိုင်သူပဲ ဘ၀အောင်မြင်မှုကို ရရှိပါတယ်။ ကာမဂုဏ် ထိန်းချုပ်ခြင်းဆိုတာ အာရုံငါးပါး မလွန်ကျူးခြင်းပါ။
ရှက်ဖွယ်ရာများ .. ဟောလီးဝုသရုပ်ဆောင်များ၊ အဆိုတော်များကတော့ ရှောင်ရှားဖို့ခက်ခဲလှပါတယ်။ ကမ္ဘာ့ဂေါက်သီးချန်ပီယံ တိုက်ဂါးဝု၊ အမေရိကန်သမ္မတကလင်တွန်၊ စသည်တို့အပြင် စင်ကာပူမှာ အခုတလောနာမည်ကြီး အတိုက်ခံပါလီမန်အမတ် Worker Party MP ရာထူးကထွက်ခွာရတဲ့ မိန်းမရှုပ်မှုများ..စသဖြင့် များစွာရှိပါတယ်။
ဘုရားရှင်သာလျှင်
ကျွန်တော့်အတွက် အိုး..ဘုရားရှင်.. ဆိုပြီး၊ ဘုရားကိုပဲ ကွယ်ကာခိုင်းရတယ်။ မိမိဖာသာတော့ ကွယ်ကာဖို့ မဖြစ်နိုင်ပါဘူး။ ချမ်းသာတဲ့မိတ်ဆွေတဦးကတော့ သူ့မိန်းမကို .. မင်းကလွဲရင်၊ ဘယ်မိန်းမကိုမှ မဆက်ဆံဘူးလို့ နှုတ်နဲ့ပြောထားတယ်။ တယောက်ထဲ ခရီးသွားရင်လဲ ရောက်တဲ့နေရာမှာ သူငယ်ချင်းတယောက်ဆီ ဆက်သွယ်တယ်။ သူနည်းသူဟန်နဲ့ ရှောင်ရှားတယ်။ အကောင်းဆုံးရှောင်ရှားခြင်းကတော့ တဏှာစကား ပြောခဲလှတဲ့ မိတ်ဆွေများနဲ့ပဲ ပေါင်းသင်းနေထိုင်ခြင်းပါ။ ၀မ်းစာအလုပ်လုပ်ရတဲ့အချိန် တဏှာစကားမပြောသူကိုပဲ ပေါင်းသင်းဖို့ဆိုတာ ခက်ပေမဲ့၊ ဘုရားရှင် တတ်နိုင်ပါတယ်။
တဏှာအကြောင်းရေးရတာ အလွန်အန္တရယ်များပါတယ်။ ကိုယ်တိုင်က Perfect မဖြစ်တော့ ရေးဖို့ခက်ခဲပါတယ်။ စင်ကာပူ သခင့်စကား ၀ိညာဉ်ရေးရာမဂ္ဂဇင်းတာဝန်ခံ မင်းအောင်သက်လွင်ရေးတဲ့ လစဉ် တဏှာပါဝါ ဆိုတဲ့ စင်ကာပူရောက် မိန်းမငယ်များရဲ့ ပြောပြတဲ့အမှား သက်သေခံချက်များကို ဆက်တိုက်ဖတ်ရပါတယ်။ ကနေဒါက ဆရာဒေးဗစ်လား စင်ကာပူရောက်လာပြီး၊ Living Together တွေ၊ မတရားသောမေထုံအကြောင်းတွေ .. ဘုရားရှေ့မှာ အလွန်ရှက်ဖွယ်ကောင်းတဲ့အတွက် ...စွန့်လွှတ်ကြဖို့ တိုက်တွန်းသွားပါတယ်။
တလင်တမယားစနစ်ကို လူဘောင်လောကက လက်ခံကြပါတယ်။ အာရှနိုင်ငံတွေမှာတော့ ဘုရင်နဲ့သူဌေးများ မိန်းမများများရှိတာကို ခွင့်လွှတ်ကြပေမဲ့၊ ဥရောပနိုင်ငံများကတော့ ဟိုး... ရောမခေတ်၊ ခရစ်တော်ဖွားမြင်ကတည်းက ရောမဧကရာဇ်တွေတောင် တလင်တမယား၊ ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ကြပါတယ်။ အခုခေတ်မှာ အာရှနဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေလည်း တလင်တမယားစနစ်ကို တွင်ကျယ်စွာကျင့်သုံးနေပါပြီ။ အခုခေတ်ကြီးမှ တလင်တမယားစနစ်နဲ့ အစိုးရကိုယ်တိုင်က ထိန်းချုပ်ပေးတဲ့အချိန်မှာ ကျွန်တော်တို့လည်း စည်းမျဉ်းဘောင်အတွင်းမှာပဲ နေထတ်ရင်၊ ကာမတဏှာရန်သူကို ရှောင်ရှားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
အားလုံးရွှင်လန်းချမ်းမြေ့ပါစေ..။
ဇော်အောင်(မုံရွာ)
စင်္ကာပူရောက် မြန်မာများ - ထိတ်လန့်ဖွယ်ရာ အေ့စ်ရောဂါနှင့် ကာမတဏှာ (၄)




