22
Mar

ထိုင်းနိုင်ငံရဲ့ ထောင်တွင်း ရောဂါမပြန့်ပွားရေးအတွက် အားထုတ်မှုများ

ဆေးမင်ကြောင်ထိုးခြင်းမှ အိပ်ခ်ျအိုင်ဗွီကူးဆက်ခံရသော ဖြစ်ရပ်တခုတလေကို ယခုအချိန်အထိ ရေသားပြောဆိုခြင်း မရှိသေးသည်ကို
တွေ့ရသည်။ ဘာကြောင့် အခုလို မှတ်တမ်းတင်ထားခြင်း
မရှိသေးတာပါလည်း
ဒါပေမယ့် သည်လိုပြောသည့် အတွက်
ဆေးမင်ကြောင် ထိုးခြင်းမှ မကူဒစက်နိုင်ဟု ဆိုခြင်းမှာ မှန်ကန်သည်ဟု
မယူဆနိုင်ပါ

(ဟင်း မ်) မော်ဒရေတာ

+++++++++++++++++++++++++++++

ထိုင်းနိုင်ငံအကျဉ်းဦးစီးဌာနသည် အိပ်ခ်ျအိုင်ဗွီနှင့် အခြားသောရောဂါများ ပြန့်ပွားမကို ထိန်းချုပ်ရန်အတွက် အကျဉ်းသားများအကြား ဆေးမှင်ကြောင်ထိုးခြင်းကို ကာကွယ်တားဆီးရန် အားထုတ်မှုများ လုပ်ဆောင်နေခြင်း

၂၀ နိုဝင်ဘာလ ၂၀၀၇

ထိုင်းနိုင်ငံ အကျဉ်းဦးစီးဌာနသည် အိပ်ခ်ျအိုင်ဗွီနှင့်
အသည်းရောင်ရောဂါ ကဲ့သို့သော
အခြားသောရောဂါများ ပြန့်ပွားမကို ထိန်းချုပ်ရန်အတွက် အကျဉ်းသားများ အကြား ဆေးမင်ကြောင် ထိုးခြင်းကို ကာကွယ်တားဆီးရန် အားထုတ်မများ လုပ်ဆောင်နေသည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ရေးသားထားသည်။

ထိုင်းနိုင်ငံ၏ ပြစ်မဗေဒသုတေသနနှင့် ဖွံ့ဖြိုးရေးဌာန (Criminology
Research and Development Centre)
အကြီးအကဲတစ်ဦးဖြစ်သူ ပလုံဂျိုင်
တိကဆမ်
(Ploenjai
Taekasem) မကြာသေးမှီက
ပြုလုပ်ထားသော လေ့လာချက် တခုအရ ၁၉၉၇ ခုနှစ် နိုဝင်ဘာလမှ ၂၀၀၂ ခုနှစ် အောက်တိုဘာလအတွင်း အကျဉ်းသား ၁၀၅၄၄ အနက်မှ ၅၀ ရာခိုင်နန်းသည် ဆေးစစ်ခံခဲ့ပြီး ထိုအနက်မှ ၅၆ ရာခိုင်နန်းသည် အကျဉ်းကျစဉ်အတွင်း ဆေးမင်ကြောင်များ ထိုးခဲ့သူများ ဖြစ်သည်။ အကျဉ်းထောင်
အတွင်းတွင်
ဆေးမင်ကြောင်
ထိုးခြင်းအား
ပိတ်ပင်တားမြစ်
ထားသောကြောင့်
စက်ချုပ်အပ်များ၊ ဂစ်တာကြိုးများ သို့မဟုတ် တခါတရံတွင် ဘောလ်ပင်များကို အသုံးပြုကြသည်ဟု ပလုံဂျိုင်က ပြောပြခဲ့သည်။ အကျဉ်းသား ၈၃ ရာခိုင်နန်းသည် ဆေးမှောင်ကြောင်
ထိုးရာတွင်
အသုံးပြုသော
ပစ္စည်းများကို
အရက်ပြန် သို့မဟုတ် မီးကင်၍ သန့်ရှင်းခဲ့ကြပြီး အများစုကမူ ရေသန့်ကိုသာ အသုံးပြုကြသည်ဟု သူမက ထပ်လောင်း ပြောပြခဲ့သည်။

အကျဉ်းဦးစီးဌာနသည် အကျဉ်းသားများအား အိပ်ခ်ျအိုင်ဗွီ
ကူးဆက်နိုင်သော
ဖြစ်နိုင်ချေများ
အပါအ၀င်
ဆေးမင်ကြောင်ထိုးခြင်း၏
အကျိုးဆက်များနှင့်
ပတ်သက်၍
ပညာပေးသင့်သည်ဟု
ပလုံဂျိုင်က အကြံပြု တင်ပြထားခဲ့သည်။
ဆေးမင်ကြောင်ထိုးထားသော
အကျဉ်းသား ၃၀၀ အနက် ၁၀၅ ဦးသည် မသန့်ရှင်းသော ဆေးမင်ကြောင်
ထိုးသော
ကိရိယာများကို အသုံးပြုခဲ့သောကြောင့် အိပ်ခ်ျအိုင်ဗွီ
ကူးဆက်ခံခဲ့ရကြောင်း
၁၉၉၇ ခုနှစ်က ပြုလုပ်သော စစ်တမ်းတခုက
တွေ့ရှိခဲ့သည်ဟု
အကျဉ်းဦးစီးဌာန ဆေးရုံ ဒါရိုက်တာ ဂျွန်လာဝစ်ဝိုရာပွန် (John
Lerwitworapond) က
ဘန်ကောက်ပို့စ်
သတင်းစာသို့
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

မူရင်းဆောင်းပါးကို ဖတ်ချင်လျှင်
ဒီနေရာကို နှိပ်ပါ။

++++++++++++++++++++++++++++

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top