ထိုင်းနိုင်ငံ ကန်ချနပူရီမြို့ရှိ မြန်မာ
ရွှေ့ပြောင်းအလုပ်သမား သုံးရာခိုင်နှုန်းလောက် HIV ရောဂါပိုး စစ်ဆေးတွေ့ရှိ
ထိုင်းနိုင်ငံ
ကန်ချနပူရီ မြို့တွင်ရှိသည့် Vita Food သစ်သီးဝလံစည်သွပ်
ကုမ္ပဏီမှ အလုပ်လုပ် နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အပါအဝင် တခြားစက် ရုံမှ
အလုပ်သမား တော်တော်များများကို ဆေးစစ်ခဲ့ရာတွင် HIV ရောဂါပိုး၊ ဆစ်ဖလစ် ရောဂါပိုးများ
စစ်ဆေး တွေ့ရှိခဲ့သည်ဟု ပတ္တနာရပ် (Pattanarak Foundation) အဖွဲ့ဝင် တစ်ဦးမှ ပြောပါသည်။
အလုပ်သမား
(၃ဝဝ) လောက်ကို ဆေးစစ်ခဲ့ရာ၌ ရောဂါစစ်ဆေး တွေ့ရှိမှုနဲ့ ပက်သက်ပြီး ပတ္တနာရပ် အဖွဲ့ဝင်
တစ်ဦးဖြစ်သူ ကိုဘွိုင်ဘွိုင်မှ ယခုလို ပြောပါသည်။
“
ကျွန်တော်တို့ အဖွဲ့နဲ့ ဆရာဝန်နဲ့ လက်တွဲပြီး စစ်လိုက်တယ် ပေါ့နော်။ ကန်ချနပူရီ တစ်မြို့မှာ
ပေါ့နော်။ အယောက် (၃ဝဝ) လောက် စစ်လိုက်တယ်။ စစ်လိုက်တော့ သုံးရာခိုင်နှုန်းလောက်
HIV ရောဂါပိုးတွေ့ တယ်ပေါ့နော်။
ကမ်ချနပူရီ
အလုပ်သမားတွေကတော့ စက်ရုံ တစ်ရုံထဲမှာတော့မက ဘူးပေါ့နော်။ အလုပ်သမားတွေ အဲဒီအထဲမှာ
အများကြီးပေါ့။ (၁၅ဝဝဝ)
လောက် ရှိတယ်။ အများအားဖြင့် အလုပ်သမားကတော့ Vita Food မှာ လုပ်တာ ပေါ့နော်။ ဒါပေမဲ့ တခြားစက်ရုံကလဲ လာစစ်တာလဲ
ရှိတယ်။ တခြား စက်ရုံ ဆိုတာကတော့ အထည်ချုပ်တဲ့ စက်ရုံပေါ့။”
အဆိုပါ
ရောဂါသည်များ ကူညီစောင့်ရှောက်ရေး အဖွဲ့မှ ရောဂါ စစ်ဆေးခဲ့ရာတွင် HIV ရောဂါပိုး အပါအဝင်
ဆစ်ဖလစ် ရောဂါပိုးတွေကိုလဲ အများအပြား တွေ့ရှိ ခဲ့ပါသေးသည်ဟု ဆိုပါသည်။ ရောဂါပိုး တွေ့ရှိသူ
အလုပ်သမားတွေ အပေါ် ဆေးဝါးကုမှုနဲ့ ပက်သက်ပြီး စီစဉ်ထားပုံကို ပတ္တနာရပ် အဖွဲ့ဝင် ကိုဘွိုင်ဘွိုင်မှ
အခုလို ရှင်းပြပါသည်။
“ကာလသား
ရောဂါသည်တွေကိုတော့ ကျွန်တော်တို့ ပတ္တနာရပ် အဖွဲ့က ကူညီပေးတယ်။ ဆေးရုံ ပို့ပေးတယ်။
HIV ရောဂါပိုး တွေ့ရှိတဲ့ လူတွေကိုတော့ ဆရာဝန်နဲ့ ဆက်သွယ် ပေးတယ်။ မက်တာရ ဆေးရုံ မှာပေါ့။”
ထိုင်းနိုင်ငံ
အတွင်း၌ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေနှင့် လိင်ဘက်ဆိုင်ရာ အပျော်အပါး လိုက်စားရာတွင်
ကျန်းမာရေး အသိပညာ နဲပါးမှုကြောင့် ၎င်း အမျိုးသမီး တချို့သည် လူကုန်ကူး ပွဲစားများမှ ပြည့်တန်ဆာ
ရုံများတွင် ရောင်းစားခြင်းကို ခံရလို့သော် ၎င်း HIV ရောဂါပိုးတွေ ကူးစက်ပြီး AIDS ရောဂါတွေ
ဖြစ်ပွားမှု များပြားခဲ့သည်ဟု ကျန်မာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ တာဝန်ရှိသူ တစ်ဦးမှ
ပြောပါသည်။
ဆူးပန်း၊ ကောင်းဝါ
၂၈ ဇူလိုင် ၊၂၀၁၀။
Kaowao Newsgroup
- ထိုင်းနိုင်ငံ ကန်ချနပူရီမြို့ရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမား သုံးရာခိုင်နှုန်းလောက်
HIV ရောဂါပိုး စစ်ဆေးတွေ့ရှိ




