ထိုင်း
မြန်မာ နယ်စပ်ရှိ Knowledge Zone Vocational Training ကျောင်းတွင် အင်္ဂလိပ်စာ ထိုင်းစာ
နှင့် ကွန်ပျူတာ သင်ယူနေသည့် ကျောင်းသား ကျောင်းသူများကို ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က
အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ လိင် နှင့် လိင် ကွဲပြားမှု အပေါ် ခွဲခြားတဲ့
အမြင် (sex and gender) ခေါင်းစဉ်ဖြင့် ပညာပေး ဆွေးနွေး သင်တန်းများ ပြုလုပ်ခဲ့သည်။
အမျိုးသမီးများ
အဖွဲ့ချုပ် မဲဆောက်ဒေသ ရဲ့ (Violence against for Women)Team Leader တစ်ယောက် ဖြစ်သည့်
မချိုသဲက သင်တန်း ပေးရခြင်း ရည်ရွယ်ချက် ကိုရှင်းပြသည်။ `ကျမတို့ အခုလို ကျောင်းတွေကို
လိုက်ဆွေးနွေး ပညာပေး နေရတဲ့ ရည်ရွယ်ချက်က အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုတွေ လျော့ပါး
ဖို့ပါ၊ အထူး သဖြင့် နယ်စပ် ဒေသတွေမှာ အမျိုးသမီးတွေကို ဖိနှိပ် ခွဲခြား ဆက်ဆံမှုတွေ
များနေတယ် လေ၊ နောက် ဒီနေ့ ခေတ် လူငယ်တွေ အနေနဲ့ လိင် ကိစ္စ အပေါ် ပွင့်ပွင့် လင်းလင်း
ဆွေးနွေးကြဖို့ လိုအပ် နေတယ် ရှင့်။ ဒီ ကိစ္စဟာ နယ်စပ် ဒေသတွေမှာ အဖြစ်များနေတဲ့ မလိုအပ်တဲ့
ကိုယ်ဝန် ရရှိမှုတွေ၊ ကလေးစွန့် ပစ်မှုတွေ၊ ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင် ကျမှုတွေကို
တားဆီး နိုင်ဖို့ ဖြစ်ပါတယ် ရှင်။ ကျမတွေ့ ရတဲ့ ကျောင်းသားတွေက အားရစရာပါ။ ကြီးပြင်းခဲ့
ရတဲ့ ပတ်ဝန်းကျင်ကြောင့် အဟန့်အတား ဖြစ်မနေကြဘဲ ပွင့်ပွင့် လင်းလင်းကို အားပါးတရာ ဆွေးနွေး
ကြတယ်ရှင့်။´
Knowledge
Zone မှ ကျောင်းသား တစ်ယောက် ဖြစ်တဲ့ စောဒါဒါ ကလည်း ´လိင် အကြောင်း အခုလို ကျောင်းသူတွေနဲ့
ပွင့်ပွင့် လင်းလင်း ဆွေးနွေးရတာ ကျနော်တို့ အတွက် အများကြီး ပညာလည်းရ ပျော်ရွှင် စရာ
လည်းကောင်းပါတယ်။ ကျနော်တို့ ရွှေ့ပြောင်း ဒေသ ကျောင်းသား ကျောင်းသူ တွေကို အခုလို ကျားမ
သင်တန်း လောက်တင် မဟုတ်ဘဲ၊ အခြား ပညာ ပေး သင်တန်း မျိုးစုံ ပို့ချ ပေးဖို့ လိုနေတယ်
ခင်ဗျ´ ဟု ပြောသည်။
Knowledge
Zone ကျောင်းသည် ထိုင်း ပညာရေး ဌာန MOE မှ အသိ အမှတ်ပြု ထားသည့် နယ်စပ်ဒေသ အသက် မွေးဝမ်းမှု
သင်တန်းကျောင်း ဖြစ်ပြီး၊ အင်္ဂလိပ်စာ၊ ထိုင်းဘာသာ စကား၊ ကွန်ပျူတာ သင်တန်းများ နေ့စဉ်
သင်ကြားပေးနေသည်။ မဲဆောက် အခြေစိုက် Youth Connect အဖွဲ့ အစည်းနှင် ပူးပေါင်းပြီး အသက်မွေး
ဝမ်းကျောင်းမှု ဆိုင်ရာ soft skills ထရိန်နင်များ ပေးပြီး၊ ကျောင်းသားများကို အလုပ်
အကိုင်များ ရှာဖွေ ပေးလျက် ရှိသည်ဟု သိရသည်။
မောက္ခ
သတင်း - ထိုင်း မြန်မာ နယ်စပ် Knowledge Zone ကျောင်းတွင် လိင်နှင့် ကျားမ သင်တန်းပေး




