6
Jan

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများနှင့် လူမှုရေး ရောဂါ



မဲခေါင်ဒေသအတွင်းရှိ
နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ထိုင်းနိုင်ငံသည် စီးပွားရေးအရ ချမ်းသာ ဝပြောသော
နိုင်ငံဖြစ်သောကြောင့် အိမ်နီးချင်းနိုင်ငံများမှလာရောက် အလုပ် လုပ်ကြသော ရွှေ့ပြောင်း
အလုပ်သမားများအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်နေသည်။

တစ်ဖက်မှာလည်း
ယင်းတို့သည် စိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ အိမ်ဖေါ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတို့တွင်
ထိုင်းအလုပ်သမားများထက် လုပ်ခချိုချိုဖြင့် လုပ်ကိုင်ပေး နေသောကြောင့် ထိုင်းနိုင်ငံ၏
စီးပွားရေးကို အထောက်အကူ ပြုလျှက်ရှိနေသည်။

အထူးသဖြင့်
မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ အလုပ်သမားများ ဖြစ်ကြသည်။ ထိုင်းနိုင်ငံ
အတွင်းသို့ အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းလာရောက် အလုပ်လုပ် ကိုင်နေကြခြင်းသည်
မိခင် နိုင်ငံများတွင် အလုပ်လက်မဲ့ ဖြစ်ခြင်း၊ ဆင်းရဲမွဲတေခြင်း၊ မိသားစု အတွက် ဝင်ငွေမလုံမလောက်ခြင်း၊
ထိုင်းနိုင်ငံတွင် ဝင်ငွေကောင်းခြင်း၊ လုပ်ငန်းခွင်မှ ငွေစုဆောင်းမိခြင်း၊ ထိုင်းနိုင်ငံတွင်
ယခင်အတွေ့အကြုံရှိသော မိတ်ဆွေအပေါင်း အသင်းများ၊ ဆွေမျိုးများ၏ စည်းရုံးခံရခြင်း၊ ထိုင်းနိုင်ငံတွင်
အလုပ်ပေါများခြင်း၊ ဥပမာ- ရာသီအလိုက်ခြံ၊ လယ်ယာလုပ်ငန်း စသည့် အချက်များက ယင်းတို့အတွက်ရွှေ့ပြောင်း
အလုပ် လုပ်ရန်အတွက် တွန်းအား၊ ဆွဲအား အချက်များပင်ဖြစ်သည်။

 ထိုင်းနိုင်ငံ၏ (၂ဝဝ၄)ခုနှစ် ကောက်ယူသည့် စာရင်းများအရ
ကမ္ဘောဒီးယား နိုင်ငံမှ တရားမဝင် လာရောက်လုပ်ကိုင်နေသူ ရှစ်သောင်းကျော်ရှိနေပြီး၊ (၂ဝဝ၇)ခုနှစ်
ကမ္ဘောဒီးယားနိုင်ငံတွင် HIV/ AIDS ရောဂါ ကူးစက်ခံနေရသူ (၇၅ ၇၅ယဝဝဝ)ဝဝဝ)ခန့် ရှိနေပါသည်။
ကူးစက်မှုနှုန်းမှာ (၁ . ၆ ) ရာခိုင်နှုန်း ဖြစ်သည်။

မြန်မာရွှေ့ပြောင်း
အလုပ်သမားများ (၁.၅)သန်းခန့်သည် မှတ်ပုံတင်ပြီး အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်ရာ ထိုင်းနိုင်ငံတွင်
အများဆုံးအလုပ်လုပ် ကိုင်နေကြသူများဖြစ်ကြသည်။ (၂ဝဝ၇)ခုနှစ် The National AIDS
Programme ၏ခန့်မှန်းချက်အရ မြန်မာပြည်တွင် HIV/AIDS ရောဂါကူးစက်ခံ နေရသူလူကြီး (၂၃ဝ
၂၃ဝယဝဝဝ) ဝဝဝ) နှင့်ကလေး (၆ဝ ၆ဝယ ဝဝဝ) ခန့်ရှိခဲ့သည်။ကူးစက်မှုနှုန်းမှာ (ဝ ဝ. ၇)ရာခိုင်နှုန်းဖြစ်သည်။

လာအိုနိုင်ငံမှ
အလုပ်သမား အရေအတွက် အနည်းဆုံး ဖြစ်သည့်အပြင် HIV/AIDS ရောဂါ ကူးစက်ခံနေရ သူမှာလည်း
အရေအတွက်နည်းပြီး၊ ကူးစက်မှု နှုန်းမှာ(ဝ ဝ. ၂ )ရာခိုင်နှုန်းဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားများ
ထိုင်းနိုင်ငံသို့ရောက်သည့်အခါ ယင်းတို့၏အခြေအနေအရ လုံခြုံမှု မရှိသည့် အလုပ်ခွင်တွင်လုပ်ရခြင်း၊
ကျင့်ဝတ်သိက္ခာမဲ့သည့် အလုပ်ရှင်၊ လူ့အခွင့်အရေး ချိုးဖောက်သည့် အလုပ်ရှင်များနှင့်
ကြုံတွေ့ရခြင်းနှင့် ထိုင်းလူမျိုးတို့နှင့် ခွဲခြားဆက်ခံရခြင်းတို့ဖြင့် ပက်ပင်းတိုးလေ့ရှိကြသည်။
အထောက်အထားမဲ့၊ တရားမဝင် အလုပ်သမားများအတွက်မှု ကျန်းမားရေး စောင့်ရှောက်ခွင့်ရရန် ခက်ခဲကြရသည်။

ထိုင်းနိုင်ငံသို့
စရောက်စဉ် မိသားစုထောက်ပံ့ရန် ဇောဖြင့်အလုပ်လုပ်ခြင်း၊ ဗဟုသုတ နည်းပါးခြင်း၊ ကျန်းမာရေး
ပြုမှုဆောင်ရွက်မှုများတွင် ယင်းတို့၏ အတွေ့အကြုံအရသာ တသမတ်တည်း ကုသမှုမျိုးသာရှိကြသဖြင့်
HIV/AIDS ရောဂါ၊ လိင်ဆက်ဆံခြင်းမှ ကူးစက်သောရောဂါ( Sexually Transmitted Disease )အပါအဝင်
ကျန်းမာရေးကို အန္တရာယ်ပေးနိုင်မှု အခွင့်အလမ်းများ ရှိနေသည်။

ငါးဖမ်းလှေသမား
ထိုင်းနိုင်ငံ၊ စမုတ်စခွန်ပြည်နယ်သည် ပင်လယ်ရေထွက်လုပ်ငန်း၏ အဓိက ဗဟိုချက်မ နေရာဖြစ်သည်။
ထိုဒေသရှိ ငါးဖမ်းလှေသမားများသည် (၁၆)နှစ် မှ (၃ဝ)နှစ် အထိသာရှိ သော အရွယ်ကောင်းများသာ
အများဆုံးဖြစ်ကြသည်။ ယင်းတို့၏ ဘဝသည် ခြေသလုံး အိမ်တိုင် ဘဝများသဖြင့် ကမ်းသို့ကပ်ခွင့်ရသည့်
အချိန်တိုကာလအတွင်း ကမ်းပေါ်တက်၍ အပျော်အပါး လိုက်စားလေ့ရှိကြသည်။

 ယင်းတို့၏ လှေဆိပ်အနီးအနားမှာပင် အလွယ်တကူပျော်ပါးရန်
လိင်လုပ်သားများကလည်း အဆင်သင့်ရှိနေသဖြင့် ရောဂါကူးစက်နိုင်မည့် အခြေအနေမျိုးတွင် ရှိကြသည်။
ပင်လယ်ရေထွက် ပစ္စည်း ထုပ်ပိုးစက်ရုံအလုပ်သမား ပင်လယ်ရေထွက် ပစ္စည်းထုပ်ပိုးစက်ရုံများတွင်
အလုပ်လုပ်ကိုင် နေကြသော ရွှေ့ပြောင်း အလုပ်သမား၏ HIV/AIDS ရောဂါအကြောင်း အသိပညာ ဗဟုသုတ
သိရှိမှုများသည် မူရင်းမိခင်နိုင်ငံများအလိုက် ကွဲပြားရှိသည်ကိုတွေ့ရသည်။

Raks
Thai Foundation ၏ လေ့လာချက်အရ မြန်မာပြည်မှ လာရောက် အလုပ်လုပ်ကြသည့် သူများထက် ကမ္ဘောဒီးယားနိုင်ငံမှ
အလုပ်သမားများက ပိုမိုလေ့လာသိရှိထားကြသူများ ဖြစ်ကြောင်း တွေ့ရှိရသည်။ ယင်းတို့သည်
ထိုင်းနိုင်ငံသို့ မလာရောက်မီ ထိုရောဂါကာကွယ်ရေး၊ အသိ တရားရှိရေးတို့ကို ကမ္ဘောဒီးယားနိုင်ငံမှာပင်
ပညာပေးမှု အစီအစဉ်များ တက်ရောက် ခဲ့ရသောကြောင့် ထိုင်းနိုင်ငံအတွင်း အလုပ်လာလုပ်ကြသည့်
ရွှေ့ပြောင်းအလုပ်သမားများ အကြားအသိနားလည်မှု ကွဲပြားမှုများစွာရှိကြခြင်းဖြစ်သည်။

သို့ကြောင့်လည်း
မြန်မာ ရွှေ့ပြောင်းအလုပ်သမားများထက် ကမ္ဘောဒီးယားနိုင်ငံမှ အလုပ်သမားများက HIV/
AIDS ရောဂါကူးစက်ခံရမှုနှုန်း နည်းခြင်းဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားများအကြား ထိုရောဂါဆိုးအကြောင်းကို
အသေးစိတ်သိရှိရန်၊ အသိမှတ်မှားကြရခြင်းကြောင့် ပညာပေးမှု၊ ဟောပြောပို့ချမှု စသည့် အစီအစဉ်များနှင့်
မနီးစပ် ရခြင်းမှာ အလုပ်ချိန်ကြာရှည်စွာ လုပ်ကိုင်ရခြင်း၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ကြရခြင်းနှင့်
အလုပ်ခွင်နေရာနှင့် နေထိုင်ရသည့် နေရာများတွင် ပညာပေးပို့ချမှု အစီအစဉ်များမရှိခြင်း၊
ရဲအဖမ်းခံရမည်ကိုလည်း စိုးရိမ်နေကြရခြင်းနှင့် ထိုင်းလူမှုအသိုင်း အဝိုင်းကြားခွဲခြား
ဆက်ဆံခံရခြင်း တို့ကြောင့်လည်းဖြစ်သည်။

ပြည့်တန်ဆာလုပ်ငန်း
ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းသည် ရှင်သန်ဖြစ်ထွန်းလျှက်ရှိသော စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည်။
ထိုအထဲတွင် ထိုင်းနိုင်ငံသို့လာရောက်အလုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးများလည်း
ပါဝင်လုပ်ကိုင်လျှက်ရှိကြသည်။ ထိုအမျိုးသမီး များအပေါ် လိင်ပျော်ပါးလိုသူများအတွက် ဆွဲဆောင်မှုရှိသော
အချက်များသည် ထိုင်းနိုင်ငံ သူများမဟုတ်ခြင်း၊ အခြားတိုင်းတစ်ပါးမှ လာသူများဖြစ်သဖြင့်
ပို၍စိတ်ဝင်စားမှုပိုရခြင်း၊ လှပခြင်း၊ သန့်ရှင်းခြင်းနှင့် ကူးစက်ရောဂါမရှိသူဟု ယူဆခြင်းတို့ကြောင့်
ဝင်ငွေကောင်းကြသည်။ ထို့ကြောင့် ယင်းတို့အတွက် ရေရှည်အလုံအလောက်ရရှိနိုင်သော ငွေပမာဏဟုလည်း
ယူဆကြသည်။

ထိုင်းနိုင်ငံတွင်
Mae Sai, Aranyaprathet, Nong Khai, Mae Sot မြို့များတွင် ရွှေ့ပြောင်းလိင်လုပ်သားများ
အများဆုံးတွေ့ရှိရသည်။ ယင်းတို့သည် ပြည့်တန်ဆာလုပ်ငန်း လုပ်ရန်အတွက် ယခင်က ရည်ရွယ်ချက်မရှိပေမယ့်၊
ပတ်ဝန်းကျင် အကြောင်းရင်းကြောင့် လည်းကောင်း (သို့) လိုအပ်ချက်ကြောင့်လည်းကောင်း စသည့်
အကြောင်းရင်းများကြောင့် လုပ်ကိုင်ကြရခြင်း ဖြစ်သည်။

ထိုလုပ်ငန်း
လုပ်ကိုင်မိရင်လည်း ရေရှည်ဝင်ငွေရရှိနေမှုကြောင့် စုဆောင်းရန်နှင့် ပိုမိုလွတ်လွတ် လပ်လပ်
သွားနိုင်ခွင့်ရှိကြခြင်းကြောင့်လည်း ထိုအလုပ်တွင် မြဲသွားလေ့ရှိကြသည်။ အရက်အလွန်အကျွံ
သောက်ထားသူ၊ မူးယစ်ဆေးဝါး သုံးစွဲထားသူများနှင့် ပျော်ပါးရသည့်အခါမျိုးတွင် အကာအကွယ်မဲ့
လိင်ပျော်ပါး ရသဖြင့်ရောဂါပေါင်းစုံ ကူးစက်မှု အန္တရာယ်နှင့် ကြုံကြရသည်ဟု ထိုဒေသအတွင်းရှိ
လူမှုရေးအဖွဲ့အစည်းများ၏ သုတေသနစာတမ်းများက ဖေါ်ထုတ်ထားသည်။

ကာယအလုပ်ကြမ်းအလုပ်
ကာယအလုပ်ကြမ်းအလုပ် အမျိုးအစားများ (ပျံကျဈေးသည်၊ အိမ်ဖော်အလုပ်စသည့်) တွင် ဆောက်လုပ်ရေး
အလုပ်သမားများနှင့် စိုက်ပျိုးရေး အလုပ်သမားများသည် HIV/ AIDS ရောဂါကူးစက်မှု ပို၍ကူးစက်နိုင်သည်ဟု
သုတေသနပြုလုပ်သူများက ယူဆထားသည်။

 ယင်းတို့အတွက် ကူးစက်နိုင်သည့် အကြောင်းအချက်များစွာရှိရာ
ထိုင်းစိုက်ပျိုးရေး လုပ်ငန်းခွင်များတွင် မိဘထိမ်းသိမ်းမှုကင်းမဲ့ခြင်း၊ လူမှုရေးအသိုင်းအဝန်းမှ
ကူညီထိမ်းသိမ်း စောင့်ရှောက်မှုမရှိခြင်း၊ ဝင်ငွေနည်းပါးစွာရခြင်း၊ နာရီပေါင်းများစွာ
အလုပ်ဆင်းရခြင်း ဆေးခန်း၊ ဆေးရုံနှင့် အလွန်ဝေးစွာရှိခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုသည်။

ခြိမ်းခြောက်ဆဲ
HIV/AIDS ရောဂါနှင့် ဆက်စပ်ပြီး ခွဲခြားဆက်ဆံခြင်း၊ ကဲ့ရဲ့ပြောဆိုခြင်း စသည့် အလေ့အထများပပျောက်ရန်
ဖြေရှင်းဆောင်ရွက်ရာတွင် အလုပ်ရှင်များ၏ အခန်းကဏ္ဍ သည်အရေးပါသည် ကိုလည်းမမေ့သင့်ချေ။
အဘယ်ကြောင့်ဆိုသော် အလုပ်ရှင်များသည် ထိုအလုပ်သမားများအား အလုပ်မခန့်ခင် စိစစ်မှုများ
ပြုလုပ်ရသောကြောင့်ဖြစ်သည်။ ကမ္ဘာ စီးပွားပျက်ကပ်ကြောင့် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအလုပ်သမား
များသည် ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊
စားဖိုဆောင်လုပ်ငန်းနှင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများအတွက် အလုပ်ဖြုတ်ခံရခြင်းများ
ရှိလာပြန်သည်။

ထို့ကြောင့်
မှီခိုသူများထောက်ပံ့ရန်အတွက် ပုံမှန် မဟုတ်သည့်အလုပ်များ၊ လုံခြုံမှုကူးစက် ပြန့်ပွားလာနိုင်သည့်
အခွင့်အလမ်း ပိုမိုရှိလာသည်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများသည် ဘာသာစကားမပေါက်ခြင်း၊
လုပ်ခွင်တည်ရှိမှုအခြေအနေ၊ အထောက်အထား စာရွက်စာတမ်းမရှိမှု/ ရှိမှု၊ ဖမ်းဆီးခံရမည် ကိုစိုးရိမ်မှု၊
ကျန်းမာရေးစောင့်ရှောက်မှု မခံရမှု (ကွန်ဒုံးသုံးစွဲခွင့် ရမှုအပါအဝင်) ကျန်းမာရေး ပညာပေးခံရမှု
ကင်းမဲ့မှုတို့ကလည်း ထိုရောဂါရရှိရန် လွယ်ကူစေသည်။

ထိုင်းနိုင်ငံသည်
အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ် ကူးစက်မှုနှုန်းကို လိင်လုပ်သားများအပါအဝင် လူထုအတွင်း ဟန့်တားထိန်းချုပ်ရာတွင်
နိုင်ငံတကာအလယ်တွင် အောင်မြင်မှုရနေသော နိုင်ငံဖြစ်သော်လည်း ရွှေ့ပြောင်းအလုပ်သမားထုကိုတော့
သိသိသာသာ ဆက်လက်ခြိမ်း ခြောက်နေဆဲဖြစ်သည်။



ထိုင်းနိုင်ငံရောက်
ရွှေ့ပြောင်း အလုပ်သမားများနှင့် လူမှုရေး ရောဂါ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top