ထိုင်းနို်င်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်နေကြသော မြန်မာ လုပ်သားများတွင် HIV/AIDS ရောဂါတွေ့ရှိမှု များပြား လာကြောင်း မြန်မာ လုပ်သားများကို ကျန်းမာရေးကို စောင့်ရှောက်ပေးနေသော ရတ်ထိုင်း အဖွဲ့မှ ဦးအောင်မင်း ကပြောကြားခဲ့သည်။
HIV/AIDS ရောဂါ ကူးစက်ခံရသော မြန်မာလုပ်သား အသက် ငယ်ရွယ်သေးသူများ ပိုမို များပြားလာပြီး အသက် (၁၅) နှစ် ၀န်းကျင် လူငယ် များတွင်ပါ ရောဂါ တွေ့လာ ရကြောင်း ဦးအောင်မင်းက ဆက်လက် ပြောကြား ခဲ့သည်။ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ အတွင်းက အလုပ် လုပ်ကိုင်ခွင့် သက်တမ်းတိုးရာတွင် ကျန်းမာရေး စစ်ဆေး မှုများ ပြုလုပ်သည့်အခါ ရောဂါ ကူးစက်ခံရသူ တွေ့ရှိရမှုများ ပိုများ လာခြင်းဖြစ်သည်။
HIV/AIDS ကူးစက်ခံထားရခြင်း ရှိ-မရှိ စစ်ဆေးမှု မပြုလုပ်ရသေးသူများ ကျန်ရှိ သေးကြောင်း သိရသည်။ "မဟာချိုင် ခရိုင်တွင် တရားဝင် မြန်မာလုပ်သား သုံးသိန်းခန့် ရှိပြီး ဆေးရုံ (၂) ရုံက စောင့်ရှောက်မှုများ ပေးနေ ပါတယ်''။ မြန်မာ လုပ်သားများတွင် HIV/AIDS ရောဂါတွေ့ရှိမှု များပြား လာရခြင်းနှင့် ပတ်သက်၍ ဦးအောင်မင်းက သုံးသပ်ပြောကြား ခဲ့သည်။
အဆိုပါ အဖွဲ့အနေနှင့် ရောဂါတွေ့ရှိသူများကို ARTဆေးရရှိရန် ကူညီ ဆောင်ရွက်ပေးသည့်အပြင် သွေးစစ်ဆေးခြင်းကို အခမဲ့ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
Myanmar News Update - ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများတွင် HIV/AIDS တွေ့ရှိမှုများလာ




