2
Aug

ဒီမယ်မိတ်ဆွေတို့ အဖော်ဆောင်ရင် အညှော်တောင် ရှောင်စရာမလိုဘူး မှတ်ပါ



ဟိုက်ရှာလပတ်ရည်
… ဟိုက် အမ်လွိုက်ဟဆိရည် …။ ဟိုရှေ့က ဆူညံဆူညံနဲ့ ဘာသံလဲ မေးရမလို ဖြစ်နေပါကလား။ အားပါးပါး
… ထောင်ဂ
ဏန်းလောက်ရှိတဲ့
လူတန်းကြီးဟာ ဟောဒီ ထိုင်း -မြန်မာ နယ်စပ် မဲဆောက်
မြို့မှာ ဘာအခွင့်အရေးတွေကို တောင်းဆိုချင်လို့ အခုလို
စုရုံးစုရုံး လုပ်ကြရတာတုန်း။ မေးစရာတွေ တွေးစရာတွေကို ကွင်းကွင်းကွက်ကွက် ထင်ထင်လင်းလင်း
ရှင်းပြလိုက်တာက နဖူးစည်းတွေ၊ ဆိုင်းဘုတ်တွေ၊ လက်ကမ်းကြော်ငြာတွေက လွဲလို့ ဘာရှိအုံးမှာ
တုန်း။ အံမယ် … အံမယ် တောပျော် မန်းမျိုးမြင့်ကြီးလည်း နဖူးစည်းကြီး တပ်ထားလို့ပါလား။
“STOP AIDS” တဲ့၊ မေးစမ်းပါရစေ ကိုတောပျော် ကြီးရေ …။ အေအိုင်ဒီအက်(စ်) က သူ့ကို ရပ်ခိုင်းချင်တိုင်း
ရပ်ခိုင်းရအောင် “ခင်ဗျားက မော်တော်ပီကယ်လား” လို့ မေးရင် ကျနော့် ရဲဘော်ကြီး ဘယ်လို
ပြန်ဖြေမှာတုန်း။ အလဲ့ အလယ်၊ တယ်လဲကြည့်ကောင်းတဲ့ ဆိုင်းဘုတ်ကိုင် မယ်တော်ကြီးနှစ်ပါး
ပါကလား။

စိန်အေးမာနဲ့
ပတ္တမြားကြည်ကြည်တို့ ကိုင်ထားတာက “သင့်ကြောင့် အမြည်းမနည်းပါစေနှင့် (အဲလေ) သင့်ကြောင့်
မီးမလောင်ပါစေနှင့် (ပုံ-လောင်ဆက်လောင်၊ မီးသတ်တပ်ဖွဲ့မှူး၊ ထိုင်း-မြန်မာနယ်စပ်)”
တဲ့။ မွှားတွားလို့ …မွှားတွား လို့နော်။ သူမတို့ တကယ်ကိုင်ထားတာက “Universal Access
and Human Rights” (ကမ္ဘာတ၀ှမ်းလုံး လူ့အခွင့်အရေး ပြည့်ဝသော ကျန်းမာရေး ပြုစုစောင့်ရှောက်ခွင့်
ရှိရေး) ပါခင်ဗျ။ ဒီနှစ် ၂၀၀၉ ခုနှစ်၊ ကမ္ဘာ့ အေအိုင်ဒီအက်(စ်) တိုက်ဖျက်ရေးနေ့ အတွက်
ဒီဆောင်ပုဒ်ကို အထူးပြုပြီး မဲဆောက်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးကနေ ကျောင်းသားဆေးခန်း(ခေါ်)
မယ်တော်ဆေးခန်း အရောက် ဟောဒီလူတန်းကြီးက ကြွေးကြော်သံတချို့ကို တိုင်ကြ၊ မြန်မာ့ရိုးရာ
ဒိုးပတ်သံလေးတွေနဲ့ သံချပ် တချို့ကို တိုင်ကြ၊ မြိုင်ကြ၊ ဆိုင်ကြနဲ့ ပျော်စရာကြီးပေါ့
ခင်ဗျာ။

ခါတိုင်း
နှစ်တွေဆို မဲဆောက်မြို့ ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ စက်ရုံအလုပ်ရုံ အလုပ်သမားတွေရဲ့
နစ်နာဆုံးရှုံးမှုတွေ အတွက် ချိန်ကိုက်ဗုံးလို အသုံးချပြီး ပုံဖော်ဆန္ဒပြတတ်တဲ့ မြန်မာပြည်သားအဖွဲ့
(JACBA) နဲ့ မြန်မာ အလုပ်သမား တက်ကြွလှုပ်ရှားသူ အချို့ကလည်း အလုပ်သမား အခွင့် အရေးအတွက်
လမ်းလျှောက်ဆန္ဒ မပြရရင်လည်း ရမိရရာ ဆန္ဒပြမယ်။ ဟေ့ ဆိုပြီး နှစ်စဉ် လမ်းလျှောက်ပွဲ ချီတက်တာကိုလည်း
ယခုဆို (၆) နှစ်မြောက်အဖြစ် မြင်ကြရမှာပါ။ ဤသို့ ထိုသို့ အကြောင်းအမျိုးမျိုးကြားမှ
လမ်းလျှောက်ချီတက်ပွဲ၏ နောက်ဆုံးပန်းတိုင်ဖြစ်သော မယ်တော်ဆေးခန်းသို့
ရောက်လာကြရာတွင် “ဟောဒီအညှော်တောင် ရှောင်စရာမလိုသော
စကားဝိုင်း”
သည် ဂလိုမျိုး စိုပြေစွာ အိုကေစရာ ဖြစ်တည်လာပါ၏။ ကြည့်နော် …။ သံချပ်အတိုင်အဖောက်
ကလေးတွေနဲ့  စကားဝိုင်း
လေးရယ်ပါ။

တောပျော်
။ ။ “အေအိုင်ဒီအက်(စ်) ရောဂါဟာ၊ ဘာကိုရွေးသလဲကွာ”

ကျန်မိတ်ဆွေများ
။ ။ “လူမျိုးဘာသာမရွေးပါ၊ အားလုံး ဖြစ်နိုင်တာ”

“ဆင်းရဲချမ်းသာ
မရွေးပါ အားလုံးဖြစ်နိုင်တာ”

“ယောက်ျားမိန်းမ
မရွေးပါ အားလုံးဖြစ်နိုင်တာ”

“လူကြီးလူငယ်
မရွေးပါ၊ အားလုံးဖြစ်နိုင်တာ”

တောပျော်
။ ။ “တထောင့်ကိုးရာ ရှစ်ဆယ်တစ် ကမ္ဘာမှာစဖြစ်”

“တထောင့်ကိုးရာ
ကိုးဆယ့်တစ် မြန်မာမှာစဖြစ်”

“စဖြစ်ခါစ
အေ့စ်ရောဂါ၊ ဆေးဝါးမရှိပါ”

“နှစ်အတန်ကြာမှ
တီထွင်လာ၊ ရပ်တန့်ဆေးတဲ့ဗျာ”

“အိပ်ခ်ျအိုင်ဗွီပိုး
ကာကွယ်ဗျိုး။ အေအာတီဆေး တန်ခိုး”

“တန်ဖိုးများပြား၊
ဆေးကရှား၊ လူအများအပြား သုံးနိုင်သလား …ဟေ့”

ဆိုနီမိုးကျော်
။ ။ “ခင်ဗျားရှေ့က တိုင်လို့သာ နောက်က လိုက်ဆိုရတာ” တော်တော်မောတာပဲဗျ၊ ဟောဟဲ …ဟောဟဲ။
အိပ်ခ်ျအိုင်ဗွီက ရောဂါပိုး၊  အေအိုင်ဒီအက်(စ်)က
ရောဂါဝေဒနာ စသဖြင့် ဒီလောက်တော့ လူထုက သိကြပါတယ်ဗျာ။ ကျနော်တို့ ထိုင်း-မြန်မာ နယ်စပ်ကဆိုရင်
“လေးလုံး” “အေကိုက်သွားမယ်” စသဖြင့် ကျန်းမာရေး ဗဟုသုတရှိကြပါတယ်ဗျ။

ဂုရုဆန်
။ ။ ဒါတင်ဘယ်ကမလဲ၊ သွေးကတဆင့် ကူးနိုင်တယ်။ လိင်တူ လိင်ကွဲပေါ့လေ။ လိင်ဆက်ဆံရာကနေ ကူးနိုင်တယ်။
ကိုယ်ဝန်ဆောင် မိခင်ဆီကနေ သန္ဓေသားဆီကို ကူးနိုင်တယ် စသဖြင့် အဲဒီလို ကူးစက်နိုင်တဲ့
အခြေအနေ (၃)ရပ်ကိုလည်း လူထုက တီးမိ ခေါက်မိ ကြတာပါပဲ။

ဒေါက်တာလွဏ်း
။ ။ ခင်ဗျားတို့ ပြောလို့ ပြောရဦးမယ်ဗျ။ လူထုက ဂုရုဆန် ပြောတာတွေတင် မကဘူးဗျ။ အိမ်သာအတူသုံးတာ၊
မျက်နှာသုတ်ပုဝါ အတူသုံးတာ၊ ရေကန်တခုတည်း အတူတူ ရေချိုးတာ၊ အိုးခွက် ပန်းကန်တွေကို
အတူသုံးတာ၊ အ၀တ်အစားတွေနဲ့ အိပ်ယာခင်းတွေ အတူသုံးတာ စသဖြင့်ပေါ့လေ။ “အတူတကွအသုံးပြုတာ”
တွေ လောက်နဲ့လည်း မကူးစက်နိုင်ဘူး ဆိုတာကို နားလည် သဘောပေါက် ပါတယ်ဗျာ။

တောပျော်
။ ။ ဟုတ်တာပေါ့ …။ ကျနော်တို့ လူထုဟာ “သာမန်ထိတွေ့ ဆက်ဆံခြင်း” တွေ ဖြစ်ကြတဲ့ တအိမ်ထဲ
အတူနေတာတို့၊ (သရဲတွေ၊ ၀ိညာဉ်တွေနဲ့ မဟုတ်ဘူးနော်၊ နေချင်ရင်လည်း ခင်ဗျားတို့ ဖာသာနေကြ)
နာရည်ယိုတာ၊ ချောင်းဆိုးတာတို့၊ မျက်ရည်၊ ချွေးရည်တွေနဲ့ ထိမိတာတို့၊ နဖူး၊ ပါး၊ လက်တွေကို
နမ်းတာတို့၊ တနေရာတည်း အတူတူ အလုပ်လုပ်တာတို့၊ ကား အတူတူစီးတာတို့၊ အတူတူကျောင်း တက်တာတို့၊
အတူတူကစားတာတို့၊ လက်ဆွဲ နှုတ်ဆက်တာ၊ ပွေ့ဖက်တာ တို့မှာ ဘာမှ ပြဿနာမရှိသလို မကူးစက်နိုင်ဘူး
ဆိုတာကိုလည်း ကျန်းမာရေးဗဟုသုတ ရှိကြပါတယ်ဗျာ။ ဆိုလိုတာက မြန်မာပြည်ထဲမှာ ဆိုရင် လူထုဟာ
စစ်အာဏာရှင်ဘ၀ ငပေါတွေ လက်အောက်ကနေ မိမိတို့ရဲ့ ဘ၀အမောတွေကို မိမိဖာသာ ကုတ်ကတ်
ပြီး ဖြေကြရ၊ ဖျောက်ကြ ရတာဆိုတော့က
ပိုပြီးတောင် ကျန်းမာရေး ဂရုစိုက်
ကြရပါတယ်ဗျာ။

ဆိုနီမိုးကျော်
။ ။ ဟုတ်တယ်ဗျ။ မြန်မာပြည်တွင်းက လူထုကရော၊ နယ်စပ်ဒေသ အသီးသီးနဲ့ ပြည်ပရောက် မြန်မာလူထုပါ
သိနေကြတဲ့ ကျန်းမာရေး အသိတွေထဲမှာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရပေမယ့်လည်း ဒီလူဟာ
သာမန်လူတယောက်လို သွားလာလှုပ်ရှားနိုင်တယ် ဆိုတာလည်း ပါတယ်ဗျ။ ဒါ့အပြင် အိပ်ခ်ျအိုင်ဗွီပိုး
အမှန်တကယ် ရှိသူတဦးကို သာမန်အကဲခတ်
ကြည့်ရုံနဲ့ မသိနိုင်ဘူး။ “သွေးစစ်ကြည့်မှသာ” ပိုး ရှိ၊
မရှိ ကို သိနိုင်တယ် ဆိုတာမျိုးပေါ့လေ။ ဒါ့အပြင် မိမိဟာ အိပ်ခ်ျအိုင်ဗွီပိုး ရှိ၊ မရှိ
ဆိုတာကို ဘယ်လိုမှ သေချာ မသိနိုင်သူတွေနဲ့ လိင်ဆက်ဆံတာ၊ အပျော်အပါး လိုက်စားတာကို အတတ်နိုင်ဆုံး
ရှောင်ကြဉ်ရမယ် ဆိုတာမျိုး အထိပေါ့။ လူထုက ဘ၀ပေး အသိက ပြဌာန်းပေးထား ပြီးသားပါဗျ။

ဂုရုဆန်
။ ။ အေးဗျ။ ခြင်၊ ကြမ်းပိုး၊ အခြားပိုးကောင်နဲ့ တိရိစ္ဆာန်တွေ အကိုက်ခံရရင်လည်း အိပ်ခ်ျအိုင်ဗွီပိုး
မကူးစက်နိုင်ဘူး ဆိုတာကိုလည်း သိကြတာပေါ့ဗျာ။

ဒေါက်တာလွဏ်း
။ ။ မိတ်ဆွေတို့၊ ကျနော်တို့ ဆွေးနွေး သွားကြတာတွေမှာ လူထုက တီးမိခေါက်မိတာ၊ နားလည်သဘောပေါက်တာ၊
သိရှိ တာတွေချည်းပဲ ပြောသွားတာဆိုတော့ လူထုက “သိသိကြီးနဲ့ပဲ အိပ်ခ်ျအိုင်ဗွီပိုး ရှိသူတွေ
များများ လာတာလား၊ အေအိုင်ဒီအက်(စ်) ရောဂါနဲ့ သေဆုံး သူတွေ တိုးတိုးလာတာလား” မေးရမလို
ဖြစ်နေတယ်ဗျ။ သြော် … ဒါနဲ့ အာဖရိက တိုက်က ဆူဒန်နိုင်ငံမှာဆိုရင် သမ္မတ အိုမာဆိုသူက
ခုခံအား လျော့နည်းကျဆင်းရေး ရောဂါတိုက်ဖျက်ရေးကို ကူညီနေကြတဲ့။

အင်န်ဂျီအို
(၁၃) ခုကို နိုင်ငံထဲကနေ နှင်ထုတ်လိုက်တယ် တဲ့ဗျာ။ အင်န်ဂျီအိုတွေဟာ ဆူဒန်နိုင်ငံရဲ့
နိုင်ငံရေးမှာ ဘယ်လောက်ထိ ပါဝင်ပတ်သက် နေလို့ အခုလို မောင်းထုတ် တာလဲဆိုတာ မသိနိုင်ပေမယ့်
အေ့စ်ဝေဒနာရှင် များပြားတဲ့ ဆူဒန်နိုင်ငံလို နိုင်ငံမှာ နေထိုင်ရပ်တည်ရတဲ့ ဆေးသောက်လက်စ
လူနာတွေဟာ ဘယ်လောက်တောင် ဒုက္ခများ ကြမလဲဗျာ။ နော်။

တောပျော်
။ ။ တကယ် … သနားစရာပါပဲဗျာ။ ကျနော်တို့ မြန်မာ ပြည်တွင်းမှာဆိုရင်လည်း 3D Fund လို့
ခေါ်တဲ့ (ငှက်ဖျား၊ တီဘီ၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်) ပေါ့လေ။ အဲဒီနိုင်ငံတကာ
အင်န်ဂျီအို တွေက မြန်မာပြည်ကို (၅) နှစ်ထောက်ပံ့မယ်။ အဲဒီလို ထောက်ပံ့ဖို့ကို စုစုပေါင်း
အမေရိကန်ဒေါ်လာ သန်း (၁၀၀) သုံးစွဲဖို့ လျာထားသတဲ့။ အစရိုးတဲ့ အစိုးရဆိုတာကတော့ ကျနော်တို့
နိုင်ငံမှာ မရှိတာ ကြာခဲ့ပါပြီဗျာ။

ဆိုနီမိုးကျော်
။ ။ ဟုတ်ပါ့ဗျာ။  ဟုတ်ပါ့။ ကမ္ဘာနဲ့အ၀ှမ်း အမျိုးသားရေး
ခြိမ်းခြောက်မှု ကြီးအဖြစ် အလေးအနက်ထား ဆောင်ရွက်နေကြရတဲ့ ဒီအိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်
တိုက်ဖျက်ရေးဟာ အလွန်အမင်း အရေးကြီး တာပေါ့ဗျာ။ မနှစ်ကတော့  UNICEFF က ထုတ်ပြန်တဲ့ အစီရင် ခံစာကို ဖတ်လိုက်ရတယ်ဗျ။
မြန်မာပြည်တွင်းမှာ အိပ်ခ်ျအိုင်ဗွီ ပိုး ရှိသူ (၂၄၀၀၀၀) ရှိပြီး အဲဒီစာရင်းထဲမှာ
(၁၇၀၀၀၀) ခန့်ဟာ ၂၄ နှစ်အောက် လူငယ်တွေဖြစ်ကြသတဲ့။ အဲဒီ ၂၄ နှစ်အောက်အရွယ် လူငယ်တွေမှာပဲ
ဒီပိုးနဲ့ ဒီရောဂါဖြစ်ဖို့ အခွင့်အလမ်း များကြတယ်လို့ ရည်ညွှန်း ထားတယ်ဗျ။

ဂုရုဆန်
။ ။ ခင်ဗျားက မနှစ်က UNICEFF ရဲ့ ထုတ်ပြန်ချက်ကို ဆွေးနွေးသွားတော့ ကျနော်ကလည်း မနှစ်က
ထုတ်ပြန်တဲ့ ကမ္ဘာ့ ကုလသမဂ္ဂ အေအိုင်ဒီအက်(စ်) တိုက်ဖျက်ရေးအဖွဲ့ (UN.AIDS) အဖွဲ့က ထုတ်ပြန်
ထားတာတွေကို ပြောရဦးမယ်။ UN.AIDS အဖွဲ့က ပြောတာက “အိပ်ခ်ျအိုင်ဗွီပိုးနဲ့ နေထိုင်သူ
အရေအတွက်ဟာ ၁၆ ရာခိုင်နှုန်းလောက် လျော့နည်းသွားတယ်တဲ့။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အိန္ဒိယ
နိုင်ငံမှာ ရောဂါဖြစ်ပေါ်မှု အခြေအနေတွေကို အထူးအလေးပေး သုံးသပ်မှု ပြုလုပ်တာရယ်၊ အာဖရိကတိုက်က
(၅) နိုင်ငံဖြစ်တဲ့ (အင်ဂိုလာ၊ ကင်ညာ၊ မိုဇမ်ဘစ်၊ နိုင်ဂျီးရီးယား၊ ဇင်ဘာဘွေ) စတဲ့
နိုင်ငံတွေမှာ ရောဂါကူးစက်သူဟာ ခန့်မှန်းတာထက် လျော့နည်းနေတာကြောင့် ဖြစ်တယ်” လို့
တင်ပြထားတယ်ဗျ။

အခုလည်း
မကြာခင်က ၂၀၀၉ ခုနှစ်အတွက် WHO နဲ့ UN.AIDS အဖွဲ့တွေရဲ့ ပူးတွဲ ထုတ်ပြန်တဲ့ အစီရင်ခံစာ
ထွက်လာတယ်ဗျ။ အဲဒီပူးတွဲ အစီရင်ခံစာထဲမှာ ဒီနှစ်ထဲမှာပဲ ကမ္ဘာတ၀ှမ်း AIDS ဝေဒနာနဲ့ သေဆုံးသူပေါင်းဟာ
၂၅ သန်း ရှိသတဲ့ဗျ။

ဒေါက်တာလွဏ်း
။ ။ ရောဂါကူးစက်သူ လျော့နည်းတာဟာ နတ်လူသာဓု ခေါ်စရာပဲ ပေါ့ဗျာ။ သြော် … ဒါနဲ့ ကိုတောပျော်ကြီးက
ထိုင်းနိုင်ငံမှာ တချိန်က ကျော်ကြားခဲ့တဲ့ “ကွန်ဒုံးဘုရင်-မီချိုင်း” လုပ်သလို ရထားဘူတာ၊
ကားမှတ်တိုင်၊ လေဆိပ်၊ သင်္ဘော စတဲ့ လူစုဝေးရာ နေရာတွေမှာ “ကွန်ဒုံးကို မလွှဲမသွေ သုံးကြဖို့”
အတုယူ မလှုံ့ဆော်ချင်ဘူး လားဗျ။

တောပျော်
။ ။ အာ … အာစရိကလည်း အတုယူပြီး မလှုံ့ဆော် ချင်ပါဘူး။ အစစ်အမှန်အမြင် ရီးရဲမက်ဒရစ်(အဲလေ)
ရီးရဲယ်လစ်ဇင်နဲ့ လှုံ့ဆော်ရမယ်ဆိုရင် “ဒီမယ် ဒီမယ် မိတ်ဆွေတို့၊ အညှော်ရှောင်ချင်ရင်
မောရိယမန်းဆေးဆောင် (အဲဟုတ်ပေါင်) “အဖော်ဆောင်ရင် အညှော်တောင် ရှောင်စရာမလိုဘူး” “အချိန်မတော်မှာ
ဝရိန်ဆော်ချင်ရင်လည်း ဟောဒီအဖော်ကို ဆောင်ဖြစ်အောင် ဆောင် ကြပါဗျို့”

အဲသည်နောက်
ပျော်စရာအတွေး တွေဖြင့် ဘော်ဒါလေးဗွေတို့သည် ထိုင်းနိုင်ငံတွင် တချိန်က ကျော်ကြားခဲ့သော
ကွန်ဒုံးဘုရင် မီချိုင်း၏ နည်းလမ်းများအတိုင်း ကမ္ဘာ့အေအိုင်ဒီအက်(စ်) တိုက်ဖျက်ရေးနေ့သို့
လာရောက်ကြသော လူထုလူတန်းစား အလွှာအသီးသီးတို့နှင့် အတူ စစ်ဝါဒီတို့ မည်သို့ ညှော်ကြ၊
အော်ကြပါစေ အဖော်ဆောင်ပါက အညှော်ရှောင်ရန် မလိုပါကြောင်း ကြေညာ မောင်းခတ် ကြလေသတည်း။

ဆန်တာကလော့စ် (ခေတ္တ - အင်္ဂပူ)

၁၉၊
နိုဝင်ဘာ၊ ၂၀၀၉ ခုနှစ် (အတွဲ ၁၊ အမှတ်) (စာမျက်နှာ ၇)

NIGHTINGALE
- ဒီမယ်မိတ်ဆွေတို့ အဖော်ဆောင်ရင် အညှော်တောင် ရှောင်စရာမလိုဘူး မှတ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top