ဒီဇင်ဘာလ ၁ ရက်နေ့ World AIDS Day အထိမ်းအမှတ်အတွက်နဲ့
HIVကူးစက်ခံရသူတို့ အတွက် ဖေးမကူညီနားလည်နိုင်ဖို့ကို ရည်ရွယ်ပြီးSingapore နိုင်ငံ
ယနေ့ဒီဇင်ဘာ ၁ ရက်နေ့ထုတ် The New Paper သတင်းစာ၏ မျက်နာဖုံးဆောင်းပါး ဖြစ်သော စင်္ကာပူပေါ်လီကျောင်းသားလေးတစ်ဦး၏
တကယ့်အဖြစ်မှန်ကို ဆီလျှော်အောင်ဘာသာပြန်ဆိုထားခြင့်ဖြစ်ပါသည်။ တချို့ စာကြောင်းများတွင်
တိုက်ရိုက် ဘာသာပြန်ဆိုသော ကြောင့် ဖတ်ရှုသူအတွက် တစ်စုံတစ်ခု အနှောက်အယှက်ဖြစ်ခဲ့သော်၊
ခွင့်လွှတ်ပါရန် ကြိုတင်တောင်းပန်ပါသည်။ ကျနော့်အာဘော်တစ်ခုမှမပါပဲ ဘာသာပြန်ဆိုထား ခြင်းကြောင့်
ဆေးပညာဆိုင်ရာများ အမှားအယွင်း ရှိခဲ့သော် နားလည်ပေးဖို့မေတ္တာရပ်ခံပါသည်။ မူရင်းဆောင်းပါးတွင်
ပါရှိသိအတိုင်း နာမည်ကို အသုံးပြုထားခြင်းသာဖြစ်ပြီး တိုက်ဆိုင်မှုရှိပါကလဲ ခွင့်လွှတ်နားလည်ပါရန်
တောင်းပန်ပါသည်။
အသက် ၁၈ နှစ်အရွယ် ပေါ်လီတက်ကနစ်ကျောင်းသား James တစ်ယောက်
သူ့ဘဝလမ်းကြောင်း မှန်ပေါ် ရောက်နေပြီလို့ မျှော်လင့်လျှတ် ရှိနေတာပါ။ ပါတီတွေနဲ့ကလပ်ကို
ပုံမှန်သွား ပျော်ပျော်ကြီး ဘဝကိုဖြတ်သန်းနေတဲ့ လူငယ်လေးတစ်ယောက်ပါ။
သူအရက်သောက်တယ်၊ ဆေးလိပ်သောက်တယ်၊ အင်း ပြီးတော့ အခြားလိင်တူကောင်လေးတွေနဲ့
အပါတ်စဉ် တစ်ယောက်စီပြောင်းပြီး ဆက်ဆံလေ့ရှိပါတယ်။
ဒီလိုသူ့ဘဝကို ဖြတ်သန်းနေရင်းကနေ ၂ နှစ်ကြာတဲ့အခါမှာတော့
မြောက်များလှတဲ့ ဆေးတွေကို ပဲလှော်စားသလို စားရင်းဆေးတွေအပေါ် မှီခိုနေရတဲ့ဘဝကို အဖြစ်ဆိုးစွာရောက်ရှိလာခဲ့ရတယ်ဗျာ
...
James ရဲ့ အသက်၂၀ မှာတော့ HIV Positive အဖြစ်စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
The New Paper နဲ့ အင်တာဗျုးမှာတော့ “ အခုချိန်မှာ ကျနော်ပြန်တွေးကြည့်နေမိတာကတော့
ကျနော့်သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးလျှောက်လည်၊ ကလပ်တက်တဲ့ နေတဲ့အချိန်တွေကိုပါပဲ၊
ကျနော်တစ်ပါတ်ကို အနည်းဆုံး ၃ ကြိမ်တော့ Gay Club တွေကိုရောက်တက်တယ်ဗျ။ ”
အခုတော့ James တစ်ယောက် ဆေးလိပ်ဖြတ်လိုက်ပြီ၊ အရက်မသောက်တော့ဘူး။
ကလပ်သွား တာတွေ လဲလျှော့ချလိုက်ပါပြီ။ လွန်ခဲ့တဲ့လအနည်းငယ်မှာတော့ James တစ်ယောက်ကလပ်ကို
၎-၅ ကြိမ်လောက်ပဲသူငယ်ချင်းတွေနဲ့ရောက်ခဲ့တယ်။
James ဟာသူ့အမူအကျင့်အားဖြင့် ပရမ်းပတာနိုင်ပြီး သူ့ရဲ့
လိင်ဆက်ဆံဖက် များပြားခြင်းဟာ သူ့
အတွက် နောင်တစ်ချိန်မှာ ယူကြုံးမရစွာ ပျက်ဆီးခြင်းကြုံရလိမ့်မယ်လို့
သူမသိခဲ့ပါဘူး။
ကတ်သလစ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ James ဟာ သူ့ရဲ့လုပ်ရပ်တွေဟာ
မှားယွင်းကြောင်း သူသိခဲ့ပါ တယ်။ ပြီးတော့ HIV ဟာဘယ်လို ကူးစက်တက်တယ် ဆိုတာကိုလဲ နားလည်သဘောပေါက်တဲ့
လူငယ်ပါ။ သို့သော် သူ့ရဲ့နားလည်မှု၊ သိရှိမှုတို့ဟာ အခု သူ့ကို မကူညီနိုင်ခဲ့ပါဘူး။
သူ့ရဲ့ လိင်ဆက်ဆံမှုမှာ အကာအကွယ်ယူမယူ ဆိုတာကိုတော့ “တော်တော်များများ
မှာ အကာ အကွယ် ယူတယ် ” လို့ပြောပါတယ်။
“ ကျနော်ပုံမှန်အားဖြစ်တော့ ကွန်ဒွန် ကိုသုံးပါတယ်။ ဒါမယ့်
တခါတလ ကျနော့် ပါတနာက အသက် ငယ်ငယ်၊ ကျန်းကျန်းမာမာနဲ့ သူကိုယ်တိုင်က သန့်ပါတယ်လို့ပြောရင်တော့
အင်း ကျနော်ဒီတကြိမ် အတွက် ကွန်ဒွန် ကိုမသုံးတော့ဘူးဗျာ”
ဒီလို သန့်ပါတယ်ဆိုသော လူငယ်ပါတနာ ဘယ်နှယောက်နဲ့များ သူဆက်ဆံခဲ့သလဲဆိုတာတော့
သူ ဆက်မပြောသွားခဲ့ပါဘူး။ ဒီအတွက်သူ အမျှော်အမြင်မရှိခဲ့ဘူးဆိုတာကို ဝန်ခံခဲ့ပါတယ်။
“ကျနော်ကငယ်ငယ်လေး ရှိသေးတာ၊ ပြီးတော့ ကျနော်တစ်ခုခုဖြစ်လာလိမ့်မယ်လို့
မထင်ခဲ့မိဘူးလေ”
ဒီနှစ် ၂၀၁၀ ခုနှစ်နှစ်ဆန်းပိုင်းမှာတော့ James တစ်ယောက်
လေယာဉ်မောင် တစ်ယောက်နဲ့ ဂေး ကလပ်တစ်ခုမှာ သိကျွမ်းခင်မင် ခဲ့ပါတယ်။ “သူက အသက် ၂၄ နှစ်ဗျ၊
နောက်ပြီးတော့ကျနော်တို့ လိင်ဆက်ဆံတဲ့အခါမှာ သူက ကွန်ဒွန် မသုံးဘူး လို့အဆိုပြုတာရယ်၊
ကျနော် ၂၀၀၉ ခုနှစ်ထဲမှာ တစ် ကိုယ်လုံး Medical Check Up လုပ်ထားတော့ အားလုံးကင်းကင်းရှင်းရှင်း
ဖြစ်နေတာရယ်ကြောင့် အကာအကွယ်အသုံးမပြုဘူး ဆိုတာကို လက်ခံခဲ့ပါတယ်။ ”
“ ပြီးတော့ သူကလဲ သူ့ကိုယ်သူ ကျန်းမာပြီး ရောဂါကင်းရှင်းတယ်
လို့ပြောတာကြောင့်လဲပါ တာပေါ့ ဗျာ။ ”
၃ လကြာပြီးနောက် James ဒီလေယာဉ်မောင်နဲ့ ထပ်တွေ့ကြပြီး သူတို့
တကြိမ်ပြီးတကြိမ် အကာ အကွယ်မဲ့ လိင်ဆက်ဆံခဲ့ကြပါတယ်။ James တစ်ယောက် လိင်ဆက်ဆံဖော်များလေတော့
ဘယ်သူ နဲ့ကူးစက်ခဲ့သလဲဆိုတာကို အသေအခြာမသိပေမယ့် သူကတော့ ဒီလေယာဉ်မောင်ဆီကနေပဲ ကူး
စက်တယ်လို့ ယူဆနေပါတယ်။
James တစ်ယောက်သူ့ကိုယ်သူ ကူးစက်ခံရပြီလို့ သံသရဝင်လာ ပြီးတဲ့နောက်မှာတော့
ခြောက်ခြား တဲ့စိတ်ဝေဒနာပါခံစားခဲ့ရပြီး၊ ပြင်းထန်တဲ့အဖျားတွေနဲ့အချို့ HIV လက္ခဏာတွေကို
ခံစားလာရတဲ့ အချိန်မှာတော့ သူပိုတွေးလေပိုပြီး စိတ်ဒုက္ခရောက်လေဖြစ်ခဲ့ ရပါတယ်။ သေခြာအောင်
သွေးစစ်ဆေး ခံဖို့အတွက်ကိုတော့ သူသွားဖို့ခွန်အားမရှိခဲ့ပါဘူး။ သူ့ရဲ့စိတ်ဖိစီးမှုတွေကို
ဘယ်သူ့ကိုမှလဲ ပြောမ ပြနိုင်တော့ သူ့ ဒိုင်ယာရီစာအုပ် ထဲမှာချရေးရင်နဲ့ စိတ်ကိုအတက်နိုင်ဆုံး
ဖြေသိမ့်နိုင်အောင် ကြိုးစား ခဲ့ပါတယ်။
အပြောင်းအလဲတစ်ခုအနေနဲ့ကတော့ သူရေးနေကြ ဒိုင်ယာရီ စာအုပ်ကို
အိမ်ဧည့်ခန်းမှာ မေ့ပြီးထား ခဲ့ရက James ရဲ့အမေကဖတ်မိပြီး တစ်စုံတစ်ခု မှားယွင်းနေပြီဆိုတာ
ကိုသိလို့ James ကိုသွေးစစ်ဖို့ အကြံပေး အားပေးခဲ့ပါတယ်။ James က “ ကျနော် HIV
Positive ဖြစ်မှာတအားကြောက်တယ်ဗျာ ” လို့ သူ့အမေကိုပြောခဲ့ပါတယ်။
James ရဲ့ အမေတစ်ယောက် James ရဲ့အရင်းနှီးဆုံး မိန်းကလေးသူငယ်ချင်း
တစ်ယောက်ကို အဖော် ခေါ်ပြီး ၃ ယောက်သား အမည်ဖော်ပြစရာမလိုပဲ သွေးစစ်ပေးတဲ့ဆေးခန်းကိုသွား
ဆေးစစ်ခဲ့ကြရာ -
“ ကြောက်ရွံစိတ်တွေ တစ်ကိုယ်လုံး ဖုံးလွှမ်းနေခဲ့ရပြီးနောက်
အချိန် ၁ နာရီကြာပြီး နောက်ဆုံးမှာ ကျနော့်ရဲ့ဆေးစစ်ချက်အဖြေကို ဆရာဝန်က ပြောပြချိန်မှာတော့
ကျနော်တကိုယ်လုံး အမှောင်ထုကြီး ဖုံးလွှမ်းသွားခဲ့ပါတော့တယ်”
“ ကျနော့်ရဲ့သွေးအဖြေကို ကြားသိရပြီနောက်မှာတော့ ကျနော့်
အမေခမျာ ငိုယိုပြေးထွက်သွားတာ ကြောင့် ကျနော့်သူငယ်ချင်းမှာ အမေ့ကို နှစ်သိမ့်ရတာနဲ့
အလွန်အလုပ်များသွားခဲ့ရတယ်၊ ကျနော် မျှော်လင့်ပြီးသား ဖြစ်ပေမယ့် တကယ့်ကို အကြီးမားဆုံးသော
တုန်လှုပ်ခြောက်ခြားမှု တစ်ခုပါပဲ”
“ အဲ့ဒီအချိန်တုံးက ကျနော်ထင်ခဲ့တာက ဒါဟာ သေဒဏ်ချမှတ် လိုက်တာပဲ
လို့ပါ ”
ဒီသွေးအဖြေနောက်ပိုင်းမှာတော့ James တစ်ယောက် စိတ်ဓာတ်ကျပြီး၊
ကယောင်ကတမ်းတွေဖြစ်၊ ညဖက်အိပ်မပျော်ပဲ ချက်ချင်း ချမ်းအေးတုန်ရီပြီး စိတ်ခြောက်ခြားတဲ့ဒဏ်ကို
နေ့စဉ်နီးပါး ခံစားခဲ့ရပါ တယ်။
နောက်ဆုံးမှာတော့ James ကို ကူးစက်ရောဂါများအထူးကုသရေးဆေးရုံ
ကိုတင်ဆောင်ခဲ့ရပြီး၊ အထူး ကြပ်မတ်ခန်းမှာ ရက်ပေါင်းများစွာတိုင်အောက် ကုသမှု ခံယူခဲ့ရပါတယ်။
James ရဲ့ CD4 အရည် အတွက်ဟာ ၅၀ ပဲရှိတဲ့အတွက် အထူးစိုးရိမ်စရာအချိန်အနေကို ရောက်ရှိခဲ့ရပြီး
HIV ခုခံဆေး ၂ မျိုးသုံးစွဲကုသခဲ့ရာကနေအခုတော့ CD4 ၂၀၀ အထက်ထိရောက်ရှိလာခဲ့ပါတယ်။ အခုဆိုရင်
James ဟာ သာမန်လူတစ်ယောက်လို ပုံမှန်အနေအထား ပြန်ရောက်ရှိလာပြီး စေတနာ့ဝန်ထမ်းအဖွဲ့အစည်း
တစ်ခု ဖြစ်တဲ့ Action for AIDS (AfA) ရဲ့ အတိုင်ပင်ခံတစ်ယောက်ရဲ့ဆွေးနွေးမှုကိုခံယူပြီး
နှစ်သိမ့် အကြံပေးသင်တန်းတွေကို ပုံမှန်တက်ရောက်နေခဲ့ပါပြီ။
တစစီပြိုကွဲနေတဲ့ သူ့ဘဝကို တဖြည်းဖြည်းနဲ့ ပြန်တည်ဆောက်နိုင်ခဲ့ပါတယ်။
“ အခုကျနော်သိပြီ၊ ဒီဟာဟာ သေဒဏ်မဟုတ်ပါဘူး၊ ဒီရောဂါဆိုးကြီးကို
အခုသုံးစွဲနေတဲ့ ဆေးတွေ နဲ့ထိမ်းချုပ်ထားလို့ရနေပြီ၊ ဒါပေမယ့် အခုချိန်ထိကျနော်ဖြစ်ချင်တဲ့ဆန္ဒက
ကျနော့်မှာ ဒီရောဂါမရှိဘူး လို့ ” “ ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်ဘဝကို သေခြာစီမံကိန်းချ
ဆောင်ရွက်နိုင်ခဲ့ပါပြီ။ ”
ပထမဆုံး James ဖြစ်ချင်တဲ့ဆန္ဒကတော့ သူ့ရဲ့ကျန်းမာရေးကြောင့်
တစ်ဝက်တစ်ပျက်မှာ ရပ်နားထား ရတဲ့သူ့ ပေါ်လီဒီပလိုမာကို ဆက်ပြီးတက်ဖို့ပါ။
“ ကျနော်ဒီပလိုမာရပြီးရင် ကြော်ငြာ Company တစ်ခုမှာ ကြော်ငြာစာရေးသားတဲ့
အလုပ်ရချင်တယ် ဗျာ၊ ပြီးတော့ ဖြစ်နိုင်ရင် ကျနော့်ပညာရေး ကိုရှေ့ဆက်ပြီးဘွဲ့တစ်ခုရအောင်လုပ်မယ်ဗျာ
”
“ ကျနော့်မိသားစုအတွက် ကျနော်ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်စေခဲ့တယ်၊
ကျနော့်အသုံးပြုရတဲ့ဆေးတွေ အတွက်ပဲ တစ်လကို စင်္ကာပူဒေါ်လာ ၂၃၀ ကုန်ကျနေရတာ၊ ကျနော်ဘုရားသခင်ကို
ဆုတောင်းမိ တယ်၊ ကျနော့်ကို HIV Negitive အဖြစ်များပေးသနားခဲ့ရင် ဘဝတစ်ခုလုံးကိုပါ
ပြောင်းလဲပြစ်ဖို့ ဝန်မလေးဘူးဗျာ”
“ အခု ကျနော့် HIV Positive ကျနော့်လူနေမှုပုံစံပြောင်းလဲသွားခဲ့တယ်၊
ကျနော်အနာဂါတ်မှာ သေခြာ ခိုင်မာတဲ့ သံယောဇဉ်ဖြစ်နိုင်ဖို့ အတွက် ပါတနာ တစ်ယောက်ရဖို့လဲမျှော်လင့်မိတယ်၊
ကျနော့်သူ့ ကို ကျနော့်ရဲ့ ကျန်းမာရေးအခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောပြမယ်၊ ဒီ
အတွက်လိမ်ညာစရာ အ ကြောင်းမရှိဘူး၊ကျနော့်ရဲ့အတိတ်ကအဖြစ်အပျက်တွေကိုတော့တကယ့်ကိုနောင်တရမိတာပါပဲဗျာ
”
Ng Wan Ching , The New Paper, 1st December 2010.




