ပြီးခဲ့တဲ့အပတ်မှာ ကျရောက်ခဲ့တဲ့ AIDS ရောဂါ
နေထူးနေ့မြတ်ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ AIDS ရောဂါရှိ သူတွေရဲ့ရပိုင်ခွင့်နဲ့ လူ့အခွင့်အရေး
မရသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အများကြီးရှိနေပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ AIDS အဖွဲ့ရဲ့မကြာသေးခင်က
ထွက်ခဲ့တဲ့ အစီရင်ခံစာအရ ဖွံ့ဖြိုးဆဲနိုင်ငံထဲက တနိုင်ငံပဲ ဒီဆောင်ပုဒ်ကို ၈၀% ဖြည့်ဆည်းနိုင်ပါသေးတယ်။
အဲဒီအထဲက ကမ္ဘာဒီးယားနိုင်ငံနဲ့ အာဖရိကနိုင်ငံ အများစုပါပေမယ့် မြန်မာနိုင်ငံ မပါနိုင်သေးပါဘူး။
မြန်မာနိုင်ငံအနေနဲ့ ဒီဆောင်ပုဒ်ကို ဖြည့်ဆည်းနိုင်ဖို့ အရေးကြီး လိုအပ်တာတွေကို သိရဖို့
HIV/AIDS ပညာပေးဆိုင်ရာ ကျွမ်းကျင်သူပညာရှင် ဒေါက်တာ မြတ်ထူးရာဇတ် ကို ကိုဝင်းမင်း
က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ကိုဝင်းမင်း
။ ။ ဟုတ်ကဲ့ပါ ဒီနေ့ ကျန်းမာရေးကဏ္ဍမှာတော့ ကမ္ဘာ AIDS နေ့ရဲ့ ဆောင်ပုဒ်တခု
ဖြစ်တဲ့ Universal Assent HIV ရောဂါပိုးဝင်သူ
AIDS ရောဂါရထားသူတွေရဲ့ ပြည့်စုံတဲ့ရပိုင်ခွင့်နဲ့ သူတို့ရဲ့ လူ့အခွင့်ရေးအကြောင်းကို
ကျွန်တော်တို့ အသေးစိတ်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အဲဒီတော့ ဒီရပိုင်ခွင့်တွေ အခွင့်ရေးတွေရဖို့
ဘယ်လောက်အရေးကြီပါသလဲ ဒီနေ့ကျွန်တော် HIV / AIDS ဆိုင် ရာကျွမ်းကျင်သူ ဒေါက်တာမြတ်ထူးရာဇတ်
ကို မေးမြန်းထားပါတယ်။ ပြီးခဲ့တဲ့ တပါတ်က တော့ ကျွန်တော်တို့ မြန်မာပြည်မှာ HIV ပိုးဝင်သူ
AIDS ရောဂါဖြစ်နေသူပေါင်း ၂၄၀၀၀ ရှိနေတယ်လို့ ပြောခဲ့ကြပါတယ် ဒါပေမဲ့ ဒီနေ့ ကိုမြတ်ထူးက
ပြောတာက ဒီကိန်းဂဏန်းတွေကိုကြည့်ရုံနဲ့ အခြေနေ ကောင်းလာတယ်၊ မကောင်းဘူးလို့ ပြောရ ခက်တယ်။
ဒါပေမဲ့ သေချာတာတခုကတော့ ကာကွယ်ရေး နဲ့ ကုသရေးတွေကို တွဲပြီးတော့ လုပ်ဖို့က အရေး ကြီးတယ်လို့
ခုလိုဆိုပါတယ်။
ဒေါက်တာမြတ်ထူး ။ ။ ဒီကိန်းဂဏန်း ကြည့်တဲ့အချိန်မှာ အသစ်ဖြစ်လာတဲ့သူ
ဘယ်လောက်ဖြစ် လာလဲ အဲတော့ ဒါကာကွယ်ရေး ပိုပြီးတော့ဖြစ်မလာအောင် ဒါကျွန်တော်တို့ ကာကွယ်ရေးနဲ့လုပ်ရ
မယ်၊ တချိန်ထဲမှာပဲ ဖြစ်နေတဲ့ လူတွေကို ကုသပေးရမယ်။ ကုသပေးရင် ဘာဖြစ်မလဲ ဒီလူတွေက သေနှုန်းကျသွားမယ်။
ဥပမာ အနေနဲ့ ပြောမယ်ဆိုရင် ၂၄၀၀၀၀ မှာ ၁၀၀၀၀၀ ကဒီနှစ်မှာ သေသွား မယ်ဆိုရင် ၁၄၀၀၀၀ ကျန်မယ်၊
ဒါပေမဲ့ အသစ်ဖြစ်ပွားတဲ့သူက ၁၀၀၀၀၀ ထပ်ဖြစ်မယ်ဆိုရင် ဒီ ကိန်း ဂဏန်း ၂၄၀၀၀၀ နဲ့ဆက်ပြီးနေမှာပဲ
ဒါပေမဲ့ HIV ကာကွယ်ရေးက အင်မတန် ကောင်းလာတဲ့ အတွက် ကြောင့် ထားလိုက်ပါတော့နော် ဥပမာပြောရမယ်ဆိုရင်
၁၀၀၀၀၀ ဖြစ်မဲ့အစား ၅၀၀၀၀ ပဲဖြစ် မယ်။ တချိန်ထဲမှာ သေဆုံးတဲ့သူက ၁၀၀၀၀၀ ဆက်သေနေမယ်ဆိုင်ရင်
ကျွန်တော်တို့ ဘာရှိမလဲ ၂၄၀၀၀၀ မရှိပဲနဲ့ ၁၉၀၀၀၀ ရှိသွားမယ် အဲဒါဆိုရင် ကျွန်တော်တို့က
ဒါကာကွယ်ရေး အရ ထိရောက်မှုရှိပေမဲ့ ကုသမှုက ထိရောက်မှုမရှိဘူးဆိုတာ မြင်ရတယ် ကုသမှုပေးနေတယ်ဆိုရင်
HIV ရောဂါရှိတဲ့ လူတွေ မှာရှိတဲ့ သွေးထဲမှာရှိတဲ့ ရောဂါပိုးက နည်းသွားတယ်ဆိုရင် သူတို့ကတဆင့်
နောက်လူ တွေကို ကူးဆက်မှုနှုန်းက ကျသွားတယ် ။ ဒါကြောင့်မို့လို့ကာကွယ်ရေးနဲ့ ကုသရေးဟာ
အတူတူ ယှဉ်တွဲပြီး လုပ်ရမှာ ဖြစ်ပါတယ်။
ကိုဝင်းမင်း ။ ။ ဆက်လက်ပြီးတော့ ကမ္ဘာ AIDS နေ့ရဲ့ ဆောင်ပုဒ်တခုဖြစ်တဲ့
ဒီ Universal Assent လို့ ခေါ်တဲ့ HIV ရောဂါပိုးဝင်သူ ဒီ AIDS ရောဂါရှိသူတွေရဲ့ ပြည့်စုံတဲ့ရပိုင်ခွင့်နဲ့
လူအခွင့်ရေး အကြောင်းကို ဆက်ပြီးတော့ မေးကြည့်ရာမှာတော့ ကိုမြတ်ထူးက သူနားလည်ပုံကို
အခုလိုရှင်း ပြပါ တယ်။
ဒေါက်တာမြတ်ထူး ။ ။Universal Assent ဆိုတာ ကျွန်တော်တို့အနေနဲ့
ပြောကြမယ်ဆိုရင် ကာကွယ်ရေး၊ ကုသရေး၊ ပံ့ပိုးမှု အားလုံး ကို လူတွေဘယ်လောက်ရသလဲ HIV ရောဂါပိုးရှိတဲ့
သူတွေ ရဲ့ ၈၀ ရာခိုင်နှုန်း ကုသမှု ကိုရနေတယ်၊ ကာကွယ်မှု ကိုရနေတယ်၊ ပံ့ပိုးမှုကိုရနေတယ်ဆိုရင်
ဒါ ကျွန်တော်တို့ အနေနဲ့ Universal Assent ဖြစ်တယ်လို့ပြေကြတယ်။ ဒီနှစ်မှာဆိုရင် ဒီဖွံ့ဖြိုးဆဲ
နိုင်ငံတွေ ရဲ့ (၈) ခုလောက်က စပြီးတော့ ၈၀% Universal Assent ကိုရနေတယ်လို့ ပြောကြတယ်၊
အဲဒီမှာ ကမ္ဘောဒီယားတို့ ဘာတို့လဲပါတယ် ဒါပေမဲ့ များသောအားဖြင့် ပေါ့ ဆိုဝါနာ တို့ အာဖရိက
ကပေါ့လေ။
ကိုဝင်းမင်း ။ ။ ဒေါက်တာမြတ်ထူးကပဲ ဒီဆောင်ပုဒ်ကို အောင်မြင်အောင်
ဆောင်ရွက်တဲ့နေရာမှာ အရေးကြီးတဲ့ အချက်တွေကို ထပ်ပြီးတော့ အခုလိုဆိုပါတယ်။ အသိပညာ၊
ပစ္စည်းကိရိယာ၊ ဝင်ဆောင်မှုတို့အပြင် အားပေး လက်ခံတဲ့ ပတ်ဝန်းကျင်လဲ ရှိဖို့လိုတယ်လို့
အခုလိုဆိုပါတယ်။
ဒေါက်တာမြတ်ထူး ။ ။ Universal Assent ရှိဖို့ ဘာအရေးကြီးလဲ
ခုဏကပြောခဲ့တဲ့ အသိပညာ၊ အသိပညာ ဆိုတာ HIV က ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုမျိုးကာကွယ်ရမယ်၊
ဘယ်လိုမျိုး ကုသမှု ရှိသလဲ အသိပညာ ရေးကြီးတယ်။
အသိပညာတင်မကဘူး ပစ္စည်းကိရိယာလဲ ပါရမယ်။
ဥပမာ ပြီးခဲ့တဲ့အပါတ်က ပြောကြတဲ့အတိုင်း ကွန်ဒုံး မရှိဘူး အသိပညာတော့ ရှိပါတယ် ကွန်ဒုံးမရှိဘူးဆိုရင်
ဘယ်လိုလုပ်မလဲ။ ဆေးကုရမယ် ဆိုတာ သိတယ် ဒါပေမဲ့ ကုစရာဆေးမရှိရင် သုံးလို့မရဘူး။ တချိန်ထဲမှာပဲ
ကိုယ်မှာ HIV ဖြစ်နေတာ သိဖို့ဆိုရင် ဘာလုပ်ရမလဲ ဆေးစစ် ရမယ်၊ ဆေးစစ်ဖို့ကြတော့ ဆေးစစ်မဲ့နေရာမရှိဘူးဆိုရင်လဲမရဘူး
ဒါကြောင့်မို့လို့ အသိပညာတခုထဲနဲ့မရဘူး ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတော့ ဝင်ဆောင်မှု
acceptance ပေါ့ ဘာကအဓိကအရေးကြီးလဲဆိုတော့ ပစ္စည်း ပစ္စယာလဲ ရှိတယ်၊ အသိပညာလဲရှိ တယ်
ဒါပေမဲ့ လုပ်ပေးနိုင်မဲ့ ကျန်းမာရေး ဝန်ထမ်းတွေမရှိဘူး တချိန်ထဲမှာ ပြည်သူလူထုကနေပြီးတော့
ဝိုင်းပြီးတော့ ဝင်ဆောင်မှု မရှိဘူးဆိုရင်လဲ ဒီ Universal Assent ကို ရမှာမဟုတ်ဘူး။
နံပါတ်လေး အချက် အားလုံးရှိတယ် ပစ္စည်း၊ပစ္စယာလဲရှိတယ်၊ ဝင်ဆောင်မှုလဲရှိတယ် ဒါပေမဲ့ အားပေးလက်ခံတဲ့
ပတ်ဝန်းကျင် မရှိဘူးဆိုရင်လဲမရနိုင်ဘူး
ကိုဝင်းမင်း ။ ။ အားပေးလက်ခံတဲ့ နေရာမှာ ဘာကိုဆိုလိုပါသလဲလို့
မေးတဲ့အခါမှာတော့ ဒေါက်တာမြတ်ထူး က နားလည်းပြီး ခွဲခြားဆက်ဆံမှု မပြုဖို့လိုတယ် ဒါ
HIV / AIDS လူနာတွေရဲ့ အခွင့်အရေး ဖြစ်တယ်လို့ အခုလို ပြောပါတယ်။
ဒေါက်တာမြတ်ထူး ။ ။ အားပေးလက်ခံတဲ့ ပတ်ဝန်းကျင်ဆိုတာ ဘာကိုပြောတာလဲဆိုတော့
conducted environment
ပေါ့နော် ကျွန်တော်တို့အနေနဲ့ ပြောကြမယ်ဆိုရင် လူမှုရေး၊ နိုင်ငံရေး ပံ့ပိုးမှုအားလုံးဟာ
အရေးကြီးတယ်။ HIV ကို ပိုးသွားစစ်မဲ့သူကို သူတို့အတွက် human right သူတို့ရဲ့ လူ့အခွင့်အရေး
ဘာဖြစ် ရမလဲ သူတို့မှာ HIV ရှိတယ်ဆိုရင် ဒီလူ့ကိုပြောပြနိုင်ရမယ်။ သေသေချာချာ counseling
ပေးနိုင်ရမယ်။ ဒါပေမဲ့ မပေးပဲနဲ့ ဘာဖြစ်လဲဆိုတော့ အပြင်လူတွေ လျှောက်ပြောမယ် ဆိုရင်
ဘာဖြစ်သွားမလဲဆိုတော့ ခွဲခြားနှိမ်ချမှုတွေ ဖြစ်လာမယ်ဆိုရင် ဘယ်သူကသွားပြီး ဆေးစစ်ချင်
ပါ့မလဲ၊ ဘယ်သူကသွားပြီး ဒီမှာ HIV ဖြစ်တယ်ဆိုတာကို ပြောချင်ပမလဲ။
ကိုဝင်းမင်း ။ ။ အဲဒီမှာ HIV ပိုးဝင်သူ၊ AIDS ရောဂါရှိသူ
လူနာတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး မေးတဲ့ အခါမှာတော့ ဒေါက်တာ မြတ်ထူးရာဇတ်က တခြားရောဂါဖြစ်တဲ့
လူနာတွေလိုပဲ လူလူချင်း လေးလေးစားစား ဆက်ဆံဖို့က အရေးကြီးတယ်လို့ဆိုပါတယ်။
ဒေါက်တာမြတ်ထူး ။ ။ လူနာနဲ့ပတ်သက်တဲ့ အခွင့်အရေးဆိုတာ လူကိုလူလိုဆက်ဆံဖို့
အရေးကြီး တယ်၊ လူကိုရောဂါသည်လို့ မဆက်ဆံပါနဲ့ ဝေဒနာရှင်လို့ မဆက်ဆံပါနဲ့ အားလုံးဟာ
ကျွန်တော်တို့ အနေနဲ့ ပြန်ကြည့် ကြမယ်ဆိုရင် လူတိုင်းလူတိုင်းက ကျန်းမာရေးနဲ့ ပတ်သက်တဲ့လိုအပ်ချက်တွေက
အများကြီးရှိကြပါတယ်၊ ဥပမာ ဆီးချိုရောဂါသည်၊ သွေးတိုးရောဂါသည်၊ သွေးအဆီများနေတဲ့ သူတွေ၊
ကင်ဆာရောဂါ ဖြစ်နေတဲ့ သူတွေ အားလုံးမှာ ရောဂါ အခြေအနေဆိုတာ ရှိကြပါတယ်။ အဲဒီတော့ ဘာကြောင့်
HIV ရောဂါ ဖြစ်တဲ့ သူတွေကို ခွဲခြား နှိမ်ချနေမှာလဲ ခွဲခြား နှိမ်ချမှုမရှိအောင် ဘယ်လိုလုပ်
ကြရမလဲ လူတိုင်းလူတိုင်းဟာ ဘာလိုလာ မလဲဆိုတော့ လူကိုလူလို ဆက်ဆံဖို့ အရေးကြီးပါတယ်။
သူများကိုဆက်ဆံတဲ့အချိန်မှာ ကိုယ့်ကို ဘယ်လို ဆက်ဆံစေချင်သလဲဆိုတဲ့ ပုံစံနဲ့ ဆက်ဆံဖို့
အရေး ကြီးပါတယ်။
ကိုဝင်းမင်း ။ ။ ကျွန်တော်တို့ ဒီကမ္ဘာ AIDS နေ့တုန်းက
HIV ပိုးဝင်သူ HIV ရောဂါရှိသူတွေ အနေနဲ့ သူတို့ လက်တွေ့ ခံစားနေရတဲ့အထဲမှာ အခက်ခဲဆုံးဖြစ်တဲ့
ဒီခွဲခြားဆက်ဆံတာကိုပေါ့နော် သူတို့တော် တော်များများ ရင်ဖွင့်ခဲ့ကြပါတယ်။ အဲဒီအခါကြတော့
ဘာကြောင့်မို့လို့ လူတွေက ဒီခွဲခြားဆက်ဆံရ တာလဲ ဒါကိုဘယ်လို ဖြေရှင်းရမလဲလို့ မေးတာကိုတော့
လူထုနဲ့စကားတွေ အများကြီးပြောပြီး သူတို့ရဲ့ စိုးရိမ်ချက်တွေကို မေးဖို့ လိုတယ်၊ သူ့ရဲ့
နိုင်ငံတကာအတွေ့အကြုံအရတော့ ရောဂါကူးမှာ စိုးတာနဲ့ ရှက်တာကြောင့် အခုလိုဖြစ်တာ လို့ပြောပါတယ်
ဒေါက်တာမြတ်ထူး ။ ။ အဓိက က မြန်မာပြည်တခုထဲမှာ မဟုတ်ပါဘူး၊
ဒီပြင်နိုင်ငံတွေမှာလဲ အများ ကြီးပါပဲ ဒီခွဲခြားနှိမ်ချမှုက အမြဲတမ်းရှိနေဦးမှပဲ။ ဥပမာ
ထိုင်းနိုင်ငံမှာဆိုရင် ကျွန်တော်တို့ပြော ပြရမယ်ဆိုရင် ပြီးခဲ့တဲ့ သုံးနှစ်လောက်က
ဒီမျိုးသမီးတယောက်က HIV နဲ့ သူ့အမေနဲ့ အတူတူနေကြ တာ (၁၀) နှစ်အလာက် ရှိပြီ၊ ဒါပေမဲ့
တချိန်ထဲမှာ သူအမေကို သူကပြောပြတယ်။ (၁၀) နှစ်လောက် ကြာတဲ့ထိမပြောဘူး သူပြောလိုက် တဲ့
နေ့မှာ သူအမေက ဒီအမျိုးသမီး အပြင်မှာ အလုပ်သွားလုပ် တဲ့အချိန်မှာ သူ့ရဲ့ ခြင်ထောင်တေ၊ွ
ပစ္စည်းတွေ အကုန်လုံးကို သိမ်းပြီးတော့ အပြင်လွှတ်ပစ်လိုက် တယ်။ အိမ်ကနေနှင်ချလိုက်တယ်၊
ဘာကြောင့်လဲ ဆိုတော့ ခုဏကပြောသလိုပေါ့ HIV ပိုးကူးမှာ ကြောက်တယ်၊ ရှက်ကြတယ်၊တချိန်ထဲမှာပဲ
HIV ဖြစ်လာပြီ ဆိုရင် ဒီလူ တွေက အလုပ်ပြုတ်မယ်၊ အဲတော့ သူတို့သာ တကယ်လို့ HIV ရှိတဲ့
သူတွေ အိမ်မှာ နေတယ်ဆိုရင် သူတို့ အနေနဲ့ သူတို့ အတွက် ဖွံ့ဖြိုးမှုကို အန္တရယ် ရှိနိုင်တယ်၊
ဘာကြောင့်လဲဆိုတော့ ခုဏကလဲ ကျွန်တော်တို့လဲ မေးခဲ့ပြီး ပြီ HIV ဖြစ်လာပြီဆိုရင် အလုပ်ရှင်ကသိသွားတဲ့အချိန်မှာ
အလုပ်ဖြုတ်ပစ်လိုက်တယ်၊ အလုပ်ဖြုတ် လိုက်တဲ့ဟာမျိုးကျတော့ ဘာဖြစ်သွားမလဲ အဲတော့
HIV အကြောင်းကို ဟာဒီလူတွေက မကောင်းဘူး ဖြစ်လာ တာကိုး၊ ဒါပေမဲ့ ဒီအချက်တွေ အားလုံးဟာ
ဘာဖြစ်လာလဲဆိုတော့ နိုင်ငံတကာ ခုဏကပြော တဲ့ လူ့အခွင့် အရေး ကျွန်တော်တို့ အနေနဲ့ ဒီဆီးချိုရောဂါဖြစ်တဲ့
သူကို အလုပ်ဖြုတ်လား၊ မဖြုတ်ဘူး။ သွေးတိုးရောဂါဖြစ်တဲ့ သူကို အလုပ်ဖြုတ်လား၊ မဖြုတ်ဘူး။
ဘာကြောင့် HIV ရောဂါဖြစ်တဲ့သူကို အလုပ်ကဖြုတ်ရတာလဲ ။
ကိုဝင်းမင်း ။ ။ အခုလိုကြောက်တာနဲ့ ရှက်တာမဖြစ်ရအောင် HIV ပိုးမကူးနိုင်တဲ့ နည်းတွေ၊ ကူးနိုင် တဲ့နည်း
တွေကိုလဲ သိထားဖို့လိုမှာပါ။ ဒါမှပဲရောဂါကူးမှာ မကြောက်တော့ပဲနဲ့ အတူတွဲ မိသားစုတွေလဲ
အတူနေထိုင်၊ သူငယ်ချင်းတွေလဲ အတူတူသွားလာ၊ လုပ်ဖော်ကိုင်ဖက်တွေလဲ အတူတူ အလုပ်တွဲ လုပ်နိုင်ကြမှာဖြစ်ပါတယ်လို့
ပြောကြားရင်းနဲ့ပဲ ဒီတပါတ်ရဲ့ ကျန်းမာရေးကဏ္ဍကို အဆုံးသတ်ပါရစေ ခင်ဗျာ
ကိုဝင်းမင်း
ဒီဇင်ဘာ ၈၊ ၂၀၁၀




