ဒုက္ခရောက်နေသော ကလေးများအား ကူညီထောက်ပံ့နိုင်ရန် အတွက် ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ဈေးရောင်း ပွဲတော်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲတော်ကို New Zero Art Group နှင့် British Council တို့မှ ပူးပေါင်းစီစဉ်ပြီး အနုပညာနှင့် ပတ်သက်သော ပန်းချီ၊ အင်စတော် လေးရှင်း၊ Graffti Art၊ Per – formance Art စသည့် အနုပညာ လက်ရာများ ခင်းကျင်း ပြသခြင်း များနှင့် တေးဂီတဖျော် ဖြေမှုများကို ညနေ ၅ နာရီမှ ၁ဝ နာရီအထိ တင်ဆက်သွားမည် ဖြစ်ပြီး မည်သူ မဆို အခမဲ့ဝင်ရောက် ကြည့်ရှုနိုင် ကြောင်း သိရသည်။
ထို့အပြင် လူမှုရေးအဖွဲ့ အစည်းများမှ ကျန်းမာရေး၊ လူမှုရေး၊ အသိပညာပေး အစီအစဉ်များ၊ အဝတ်အထည် လူသုံးကုန်၊ ဆေးဝါး၊ ကျန်းမာရေး၊ ဘာသာရေး ဆိုင်ရာ စာပေနှင့် ရသ စာပေဆိုင်ရာ စာအုပ် အရောင်းပြခန်းများ၊ ကလေးသူငယ်များ လွတ်လပ်စွာ ပန်းချီရေးဆွဲနိုင်သော နေရာများ၊ Face Painting ရုပ်ပြောင်သရုပ် ဖော်ပုံများနှင့် ပုံတူရေးဆွဲခြင်းများ အစရှိသည့် ပျော်ရွှင်စရာ အစီအစဉ် များလည်း ပါဝင် မည်ဖြစ်သည်။ ထိုကဲ့သို့ ပြပွဲပြုလုပ်ရခြင်းဖြင့် HIV/AIDS နှင့် ပတ်သက်သော အသိပညာများ ဖြန့်ဝေခြင်း၊ အနုပညာနှင့် ဆက်စပ်၍ လူမှုအဖွဲ့ အစည်းအတွင်း လွတ်လပ်စွာ တွေးခေါ်စဉ်းစား ဆင်ခြင်နိုင်ရန် အသိပညာပေးခြင်းနှင့် လူမှုအဖွဲ့ အစည်းကို အနုပညာဖြင့် အကျိုး ပြုနိုင်သော စိတ်ဓာတ်များ ပေါ်ပေါက် လာစေရန် ရည်ရွယ်ထား ကြောင်း ပွဲစီစဉ်သူများက ပြောသည်။
ယင်းပွဲတော်နှင့် ပတ်သက်၍ ပါဝင် သီဆိုဖျော်ဖြေမည့် Hip Hop အဆိုတော် ရန်ရန်ချမ်းက ”အနုပညာသမား တော်တော်များများ ပြောလေ့ရှိတဲ့ ပေးဆပ်တယ်။ ပေးဆပ်တယ်ဆိုတာ။ ဒီလိုပွဲမျိုးက ကျွန်တော်တို့အတွက် ပိုက်ဆံလည်း မရပါဘူး။ ကျွန်တော်တို့ တကယ် ပေးဆပ်တဲ့ ပွဲပါ” ဟုပြောသည်။
အထက်ပါပွဲတော် ဖြစ်မြောက် ရေးအတွက် New Zero Art Group၊ British Council တို့နှင့် Fashion Magazine နှင့် Event Master တို့မှလည်း အားဖြည့် ကူညီထားသည့် အပြင် အခြား အလှကုန်ပစ္စည်း ကုမ္ပဏီများ၊ လူ့ အသုံးအဆောင်ပစ္စည်း ကုမ္ပဏီများ၊ စားသောက်ကုန်ပစ္စည်း ကုမ္ပဏီ များ၊ NGO များကိုလည်း Sponsor အနေဖြင့် ပါဝင်ကူညီရန် မေတ္တာ ရပ်ခံထားကြောင်း သိရသည်။ ရရှိသော ရန်ပုံငွေကို HIV ဖြစ်နေသော ကလေးငယ်များ၊ မိဘ မဲ့ကလေးများနှင့် လမ်းပေါ် ရောက် နေသော ကလေးများအား လှူဒါန်း မည်ဟု သိရသည်။
Popular - ဒုက္ခရောက် ကလေးများအတွက် ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပမည်




