12
Sep

ဒဲရတ်မစ်ချယ် ရန်ကုန်မြို့ရှိ လူမှုရေးအသင်းများသို့ လိုက်လံကြည့်ရှု့

၂၀၁၁ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့တွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံလုံးဆိုင်ရာ မူဝါဒရေးရာမှူး ဒဲရတ်မစ်ချယ်သည် အစိုးရအသစ်တက်လာပြီးနောက်ပိုင်း လူမှုရေး လုပ်ငန်းများ၏ ဖြိုးတိုးတက် လာမှုအခြေအနေများကို ရန်ကုန်မြို့ရှိ လူမှုရေးလုပ်ငန်းများထံသို့ သွားရောက်ပြီး မေးမြန်းခဲ့ကြောင်း သိရသည်။

“ဒဲရတ်မစ်ချယ်ကတော့ အစိုးရအပြောင်းအလဲမှာ ဒီအသင်းအဖွဲ့လေး ဘယ်လောက်ထိတိုးတတ်လာပြီလဲ တိုးတက်လာပြီလားလို့မေးတယ် ဒါပေမဲ့ အန်တီတို့ အသင်းဖွဲ့စည်းပုံကို အသစ်တင်ရမှာဆိုတော့ နောက် ၆လလောက် စောင့်ကြည့်ရအုံးမယ်”ဟု နာရေးကူညီမှုအသင်းမှ မသန်းမြင့်အောင်က ပြောသည်။

ထို့နောက် တောင်ဒဂုံမြို့နယ်ရှိ လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသော မဖြူဖြူသင်းတို့ထံသွားရောက်ခဲ့ပြီး ဒဲရတ်မစ်ချယ်သည် မဖြူဖြူသင်း၏ HIV / AIDS ဝေဒနာသည်များ၏ တစ်နှစ်ထက် တစ်နှစ်လူနာ အခြေအနေနှင့် အပြောင်းအလဲကို မေးမြန်းခဲ့သည်။

“HIV ပြည်သူတော်တော်များများက HIV awareness ကို မသိကျသေးဘူး အဲ့အကျိုးဆက်တွေကနောက်လာမဲ့နှစ်တွေ အထိ မြန်မာပြည်အတွက် တကယ့်အဆိုးဆုံး အခြေအနေကို ရောက်စေမှာပါ” ဟု HIV/AIDS ဝေဒနာသည် များကို စောင့်ရှောက်နေသူ မဖြူဖြူသင်းက ပြောသည်။

HIV/AIDS ဝေဒနာသည်များကို စောင့်ရှောက်နေသူ မဖြူဖြူသင်း အနေဖြင့် မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာ ပြီးနောက် ပြုပြင်ပြောင်းလဲ စလုပ်လာသော်လည်း လူမှုရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသေးသောကြောင့် မြန်မာ နိုင်ငံသို့ လာရောက်သော သံအမတ်များ၊ ကိုယ်စားလှယ်များအပေါ်တွင် မျှော်လင့်ချက်များရှိကြောင်း ပြောပြသည်။

“အမတို့ဘက်ကလည်း သူတို့ မြန်မာပြည်လာတာက လူမှုရေးကိစ္စတစ်ခုထဲ မဟုတ်ဘူး နိုင်ငံရေးကိစ္စတွေရော သူတို့ မြန်မာပြည် လာတဲ့အတွက် ကျမတို့ဘက်က အများကြီးမျှော်လင့်တယ်” ဟု မဖြူဖြူသင်းက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရတ်မစ်ချယ်သည် စက်တင်ဘာလ ၉ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံပိုင် အစိုးရနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လူမှုရေးပိုင်းကို ပြင်ရန် လိုအပ်ကြောင်း ၊ စစ်မှန်တဲ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲခြင်း မျိုးဖြစ်ရန် ၊ တိုင်းရင်းသား လူငယ်များနှင့် ဆွေးနွေးမှုများပြုလုပ်ရန် မီဒီယာ လွတ်လပ်ခွင့်ပြုရန်နှင့် လူမှုအခြေပြုအဖွဲ့အစည်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း မဖြူဖြူသင်း၏ HIV ဝေဒနာသည်များကို စောင့်ရှောက် ရာဂေဟာတွင် ပြောခဲ့သည်။

ဒဲရတ်မစ်ချယ်သည် ၂၀၁၁ခုနှစ် ဇွန်လအတွင်းတွင် အမေရိကန်နိုင်ငံ သမ္မတ အိုဘားမားမှ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာအတွက် ညှိုနှိုင်းမှူးအဖြစ် ပထမဆုံးခန့်အပ်လိုက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်သည်။

သတင်း..၀င့်သင်ဇာကျော်(မြစ်မခ)

မြတ်လေးငုံ - ဒဲရတ်မစ်ချယ် ရန်ကုန်မြို့ရှိ လူမှုရေးအသင်းများသို့ လိုက်လံကြည့်ရှု့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top