စာရေးသူနေသော
စမ်းချောင်းရှိ ကန်ထရိုက်တိုက်မှာ ကောင်မလေးတွေ စုငှားထားသော အခန်းတစ်ခန်းရှိသည်။ ၅
လွှာတွင်နေထိုင်သော စာရေးသူနှင့် ဘေးချင်းကပ်လျှက် ကောင်မလေး ၃ ယောက်လောက်တော့ အနည်းဆုံး
နေသည်ဟုထင်သည်။ နယ်က ကောင်မလေးတွေမဟုတ် ရန်ကုန် ရှိ ကုမ္ပဏီများတွင် အလုပ်လုပ်နေသော
ကောင်မလေးတွေပင်ဖြစ်သည်။ တစ်ခါစကားစပ်မိတုန်းက သူတို့အိမ်များက မြို့သစ်များတွင်ဖြစ်၍
အလုပ်နှင့်နီးရန်သူတို့ သူငယ်ချင်းသုံးဦး စုငှားကြသည်ဟု သိရသည်။
ထိုကောင်မလေးတွေအားလုံး
အိမ်ထောင်မရှိကြသေး သို့ပေမယ့် ရည်းစားတော့ သုံးဦးစလုံး ရှိကြသည်။ တခါတလေ ထိုကောင်မလေးတွေ
ချစ်သူရည်းစားနှင့် ဖုန်းပြောနေကြသည်မှာ နာရီပေါင်းများစွာ ကြာမြင့်သည်။ ကောင်မလေးတွေ
အသက်က အလွန်ဆုံးရှိမှ နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက် ၀န်းကျင်။
သူတို့၏
ဘေးခန်းရှိ စာရေးသူက ဂျာနယ်လစ်ဘ၀မို့ မိုးလင်းကမိုးချုပ် အိမ်မှာ မရှိတာများသည် တခါတလေ
ဖောင်ပိတ်ရက်ဆိုလျှင် တိုက်မှာ အိပ်ရသည့်ညတွေလည်း ရှိသည်။ တခါတလေကျတော့ မိတ်ဆွေအယ်ဒီတာတွေနဲ့
အသောက်များသွားပြီး အိမ်မပြန်ဖြစ်သည့် ညတွေလဲရှိသည်။
ဆိုတော့၊
တစ်ကိုယ်ရေ တကာယသမားတစ်ယောက်ဖြစ်သည့်ပြင် အိမ်မကပ်သောကြောင့် စာရေးသူ၏ အိမ်ဘေးနားမှ
မိတ်ဆွေ ကောင်မလေးများမှာ ပတ်ဝန်းကျင်ကို သိပ်မှုစရာမလိုဘဲ လွတ်လပ်ကြသည်။
တစ်နေ့
ညဘက် ဖောင်ပိတ် စီစစ်ရေးတင်အပြီး စာရေးသူအိမ်သို့ မနက်ဖက်မှ ပြန်ရောက်လာသည်။ ဒီနေ့တော့
အခွေကြည့်ပြီး ဘယ်မှမသွားဘဲ အနားယူဦးမည်ဟုဆိုကာ တစ်နေ့ခင်လုံး အိပ်ပစ်ပြီး ည မှောင်ရီ
ပျိုးခါနီးမှ နိုးလာခဲ့သည်။
မီးခလုတ်ဖွင့်ကြည့်တော့
မီးကမလာသည်မို့ ၀ရန်တာဘက် ထွက်ကာ လမ်းသွားလမ်းလာများကို ကြည့်မည်ဟုကြံခိုက် ဘေးအိမ်မှ
ကောင်မလေးများကလည်း သူတို့၏ ၀ရန်တာတွင် ထိုင်ရင်းပြောဆို နေကြသော စကားကြောင့် ခေါင်းနပန်းကြီးသွားခဲ့သည်။
သူတို့၏ လေသာဆောင်နှင့် စာရေးသူ၏ လေသာဆောင်မှာ အလယ်သို့ကပ်၍ တည်ဆောက်ထားသောကြောင့်
အုတ်တစ်ချပ်သာခြားသည်။ ပြီးတော့ အုတ်ပန်းကွက်များက ပါနေသေး၍ တစ်ဖက်မှစကားကို အတိုင်းသားကြားနေရသည်။
အနှီ
ကောင်မလေး များကတော့ ဒီအချိန်စာရေးသူ အိမ်မှာမရှိဟုထင်၍ စကားကို ကျယ်ကျယ် ပြောနေကြခြင်းဖြစ်မည်။ သို့ပေမယ့် သူတို့ပြောနေသည့်
စကားများကတော့ စာရေးသူ ကျက်သီးမွေးညင်းပင် ထသည်။
စာရှူ့သူ
အသင်ကတော့ သြော် မိန်းကလေးတွေ ဆုံမိတော့ မိန်းမတို့ အတွင်းရေး ပြောနေကြတာနေမှာပေါ့၊
ဒါမှမဟုတ်ရင်လဲ ဘာရှိအုံးမလဲလို့ မေးငေါ့ကြ ပါလိမ့်မယ်။ စာရေးသူကတော့ ယနေ့ခောတ် လူငယ်များရဲ့
စောစီးစွာ လိင်ကိစ္စယဉ်ပါး လာတာလောက်ကို စာတစ်စောင်ပေတစ်ဖွဲ့ ရေးနေစရာမလိုလောက်တော့ဘူး
ဟုထင်သည်။ ဒီခေတ်ရည်းစားဖြစ်ပြီး သွားလျှင် ပထမဆုံး နိုက်ကလပ်သွားမည် ဒုတိယအဆင့် ဟိုတယ်သို့
သွားကြမည်။ ဘာမှ ဆန်းပြားသော ကိစ္စမဟုတ်တော့ သို့ပေမယ့် ယခုမိန်းကလေးများ ပြောနေသည့်
စကားများကတော့ သူတို့ ရဲ့ ဆန်းပြားသော လိင်ဆက်ဆံမှု အတွေ့ အကြုံများ ………။
ကောင်မလေးတစ်ယောက်က
ပြောနေသည့် စကားထဲတွင် သူရည်းစားနှင့် ညဖက်အတူသွားအိပ်ရာ သူရည်းစားက တောင်းဆိုသောကြောင့်
ဓမ္မတာတိုင်း မဟုတ်သော လိင်ဆက်ဆံမှုကို လိုက်လျှောခဲ့သည် ဟုဆိုသည်။ အဲဒီ အကျိုးဆက်ကြောင့်
အခု အညစ်အကြေး စွန့်ထုတ်ရာ လမ်းကြောင်းတွင် နာနေသည်ဟုဆိုသည်။
ပထမ
ကောင်မလေး၏ ပြောစကားကိုထောက်၍ ဒုတိယ ကောင်မလေးပြော သည့်သဘောထား ကတော့ သူတို့ သမီးရည်းစားနှစ်ယောက်
ဆိုလျှင် ထိုနည်းကို အရမ်းကြိုက်ကြောင်း ကိုယ်ဝန်ရမှာလည်း မပူရကြောင်း သမရိုးကျ လိင်ဆက်ဆံခြင်းထက်
ပို၍ အာရုံကိုထိရှကြောင်း နာလည်းခဏ သာဖြစ်ကြောင်း သူ့အတွေ့ အကြုံကို ဖောက်သည်ချသည်။
တတိယ
ကောင်မလေးကတော့ သူမကြာခင် လက်ထပ်တော့မည့် ချစ်သူနှင့် ထိုကဲ့သို့ လိင်ဆက်ဆံသည့် နည်းကို
မသုံးဖူးသေးသော်လည်း တခြားနည်းများစွာကို သုံးဖူးကြောင်း သို့ပေမယ့် လက်ထပ်ပြီးလျှင်တော့
ထိုနည်းကို သုံးမှာဖြစ်ကြောင်း စသည်ဖြင့် သူတို့ ပြောသမျှတို့ကို စာရေးသူ အတိုင်းသား
ကြားနေရသည်။
ဝါသနာပါ၍
စာပေများကို အပတ်တကုတ် ရေးသားနေသည့် စာရေးသူမှာ ဆရာဝန်တစ်ဦးလည်း ဖြစ်သောကြောင့် ကောင်မလေးတွေရဲ့
တံခါးကိုသွားခေါက်ပြီး အကြံပေးလိုက်ချင်ပါသည်။ သို့ပေသော်လည်း သူများပြောစကားကို ခိုးနားထောင်
ခဲ့သောသူ မို့ထိုစိတ်ကိုပြန်မျိုချထားခဲ့ရသည်။
စာရေးသူတို့
ဆေးကျောင်းသားဘ၀ဖြင့် ဆေးတက္ကသိုလ်တွင် ပညာသင်ယူစဉ် ဆရာကြီး ဒေါက်တာကျော်လှက ဖို-မ လိင်ဆက်ဆံခြင်း
နှင့် ဆေးပညာတွင် ဆရာကြီးအခေါ် နောက်ဖေးပေါက်မှ လိင်ဆက်ဆံခြင်း၏ ကောင်းကျိုး - ဆိုးပြစ်များကိုပါ
သင်ကြားပေးခဲ့သည်။
ဆရာကြီးက
ကောင်းကျိုးမှာ တစ်ခုတည်းရှိကြောင်း အလွန်အမင်း တဏှာရာဂ ကြီးသောသူများ အတွက် သမရိုးကျနည်းထက်
ပိုလို့ကောင်းသည်။ ဆိုးပြစ်ကတော့ မိန်းကလေးများမှာ ပိုဖြစ်တတ်ပြီး စအို ကင်ဆာ၊ စအို ၀ ဂရင်ဂျီနာ ၊ မစင်စွန့်ထုတ်ရာမှာ
အခက်အခဲ ရှိလာတဲ့ အလာဂျစ် မှိုရောဂါတို့ ဖြစ်တတ်ကြောင်းကို ရှင်းပြခဲ့ပါတယ်။ ဆက်ပြီးတော့
ဆရာကြီးက ဒီရောဂါတွေရဲ့ အကျိုးဆက်က ရောဂါဖြစ်သူတွေ (ကာယကံရှင်တွေ)ရဲ့ ထက်ဝက်လောက်က
ဒီရောဂါကို တတ်ကျွမ်းတဲ့ သမားတော်တွေနဲ့ ပြသရမှာ ရှက်ကြောက်ပြီး ဆေးမှီတိုတွေနဲ့ ကုရာကနေ
မလိုလားအပ်တာတွေ ဖြစ်ကြပြီး အသက်ပါ ဆုံးရှုံးသွားတဲ့ထိ ဖြစ်တတ်ကြောင်းတို့ကို ရှင်းပြခဲ့ပါတယ်။
နောက် ပါမောက္ခ အက်ဖရက် ကင်းဆေးရဲ့ ထိုရောဂါနှင့် ပတ်သက်ပြီးလေ့လာချက်တွေ။
ဒီရောဂါနဲ့
ပတ်သက်ပြီးစာရေးသူ ကိုယ်တွေ့ကတော့ နယ်မြို့တစ်ခုမှာ စာရေးသူ ဆေးခန်းလေးဖွင့် နေတုန်း
အသက် ၄၀ ခန့်အရွယ်အမျိုးသမီးတစ်ဦး ရောက်ရှိလာသည်။ သူ ရောဂါအကြောင်းပြောပြပြီး ဖြစ်ကြောင်းကုန်စင်ကို
ပြောပြတော့ သူတို့မြို့မှာ အမျိုးသမီးဆရာဝန် မရှိသောကြောင့် သူ့ရောဂါကို ဘယ်သူမှ ဖွင့်ဟတိုင်ပင်ခြင်း
မပြုခဲ့ကြောင်း ယခု ရောဂါအတော် ကျွမ်းလာတော့မှသာလျှင် သူ ကျွန်တော့်ဆီ ရှက်ရှက်နှင့်
အရဲစွန့်လာခဲ့ကြောင်းတို့ကို ပြောပြသည်။
သူမ၏
ရောဂါက ဆရာကြီးပြောခဲ့သလို သမရိုးကျ မဟုတ်သော လိင်ဆက်ဆံခြင်း STDs (Sexually Transmitted Diseases )ကြောင့် ရရှိသော
ရောဂါပင် ဖြစ်သည်။ ရောဂါကအတော် ကျွမ်းနေပြီဖြစ်ပြီး ပါပီလိုမာ အမျိုးအစား ဘက်တီရီယား
တစ်မျိုးလည်းစွဲကပ်နေသည်ကို တွေ့ရသည်။ ရောဂါက Chlamydia သို့မဟုတ် စအိုဝ ဂရင်ဂျီနာ
ကဲ့သို့သော Genital Herpes ရောဂါမျိုးဖြစ်သည်။
သူကတော့
ဆေးမြီးတိုတွေနဲ့လည်း ကုသလို ပင်နယ်ဆလင် ငါးသိန်းအားကို လည်းသောက်သည်ဟု ဆိုသည်။ သူမသောက်သော
ဆေးတွေနှင့် ဖြစ်နေသောရောဂါက လားလားမှမဆိုင်၊ စာရေးသူလည်း နယ်မြို့လေးရှိဆရာဝန်ဖြစ်သောကြောင့်
သူမရောဂါအတွက် လိုအပ်သည့် ဆေးဝါးမစုံလင်၍ ရန်ကုန်
မြို့ရှိ အမျိုးသမီးဆရာဝန်ထံသို့ သွားရောက်ပြသရန် ပါစာရေးပြီး ညွှန်ပေးလိုက်သည်။
ဒီလိုနှင့်
စာရေးသူလည်း ထိုကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့သည်။ နောက် ခြောက်လ လောက်ကြာတော့
ဆေးခန်းလာပြစဉ် အချိန်က သူနှင့်အတူ ပါလာသော မိတ်ဆွေတစ်ယောက် နှင့် ဆုံဖြစ်သည်၊ ကြားရသည့်
သတင်းက ထို ရောဂါ ဖြင့်ပင် အဆိုပါ အမျိုးသမီးသေဆုံးသွားပြီ ဆိုသည့် သတင်း ဖြစ်သည်။
ဓမ္မာတာမဟုတ်ပဲ
လိင်ဆက်ဆံခြင်းနှင့် ပတ်သက်၍ အမေရိကန် အမျိုးသားကျန်းမာရေး အသင်းကြီးက သုတေသန လုပ်ထားခြင်းများရှိသလို
အခြားအဖွဲ့အစည်းများနှင့်ပေါင်း၍ ပညာပေး ဆောင်ရွက် မှုများလည်းရှိသည်။ စာရေးသူတို့ နိုင်ငံတွင်တော့
ထိုသို့ ဓမ္မတာမဟုတ်သော လိင် ဆက်ဆံခြင်းများနှင့်ပတ်သက်၍ တိတိ ကျကျ ပြောရလျှင် ပညာပေးမှု
မရှိသေးသည်ကို တွေ့ရသည်။
အမေရိကန်တွင်
လိင်ဆက်ဆံမှုပြုသည့် အကြိမ် ၁၀၀ တိုင်းတွင် အကြိမ် ၄၀က ထိုသို့ ဓမ္မတာမဟုတ်သော လိင်ဆက်ဆံမှုကို
ပြုကြသည်ဟုဆိုသည်။ ပြင်သစ်တွင်တော့ အမျိုးသမီး ၁၀၀၀ ကျော်ကို စစ်တမ်းထုတ်ကြည့်ရာ ၈၀၀
ကျော်က ထိုကဲ့သို့ သမရိုးကျ မဟုတ်သော လိင်ဆက်ဆံမှုမျိုးနှင့် ကြုံဖူးကာ ၄၀၀ ကျော်က ထိုနည်းကို
ကြိုက်သည်ဟုဆိုသည်။
သူတို့
နိုင်ငံများတွင်လည်း ထိုသို့ လိင်ဆက်ဆံခြင်းနှင့် ပတ်သက်၍ ဘေးထွက် ဆိုးကျိုးရောဂါ ဘယများ
ဖြစ်လာ၍ အစိုးရ ကိုယ်တိုင်က ပညာပေး စောင့်ရှောက်မှုများ ထိုနည်းလမ်းကို နှစ်သက် သူများအတွက်လည်း
ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို ပညာပေး လှုံ့ဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်မှုများ
ရှိလာခဲ့သည်။
စာရေးသူ
အနေဖြင့်လည်း ထိုကဲ့သို့ ပညာပေးစောင့်ရှောက်မှုများကို နိုင်ငံတွင်းရှိ မိန်းကလေး ယောက်ျားကလေးများသိအောင်
awareness လုပ်ပေးစေချင်သည်။ ဥပမာ အားဖြင့်
စာရေးသူ အိမ်ဘေးမှ မိန်ကလေးများသည် ဓမ္မတာမဟုတ်သော လိင် ဆက်ဆံခြင်း၏ ဆိုးပြစ်များကို
မသိသေး၊ ခေတ်က ပြောင်းသွားပြီမို့ မလုပ်ပါနှင့်ဟု သွားပြော၍မရ ၊သူတို့ကို ပညာပေးလှုံ့ဆော်နိုင်လျှင်တော့
ဘယ်လိုနည်းလမ်းဖြင့် မိမိ၏ ကျန်းမာရေးကို မစိုးရိမ်ရပဲ အကောင်းဆုံး အာရုံခံစား နိုင်မည်ကို
သိရှိထား နိုင်ပေလိမ့်မည်။
စာရေးသူ
နယ်မြို့တွင် ဆရာဝန် တစ်ယောက်အဖြစ် အသက်မွေး ၀မ်းကျောင်းပြုနေစဉ်က သေဆုံးခဲ့ ရသည့်
အမျိုးသမီးသည် ထိုကိစ္စနှင့် ပညာပေး စောင့်ရှောက်မှုများ မရှိသေး၍ ထိုအဖြစ်ဆိုးမျိုး
ကြုံရခြင်း ဖြစ်သည်။
စာရေးသူ၏
သဘောကတော့ တားဆီးလို့ ရသည်မှာ မဟုတ်တာ မဖြစ်သင့်တာ မဖြစ်ရအောင် ပညာပေးကြရုံ သတိရှိကျဖို
့ဆော်အော ကြရုံသာ ရှိတော့သည်။
www.ald-exile.org -
ဓမ္မတာ
(သမရိုးကျ) မဟုတ်သော လိင်ဆက်ဆံမှုများ နှင့် ဆယ်ကျော်သက်များ




