ရန်ကုန်မြို့ရှိ ရောဂါ ရှာဖွေရေး ဓါတ်ခွဲခန်းအချို့မှာ
အခကြေးငွေယူပြီး
အဖြေမှန်တွေကို
လိမ်လည်ပေးနေမှုတွေ
ရှိနေတယ်လို့
သိရပါတယ်။
အသည်းရောင် အသားဝါစီပိုး၊ ဘီပိုး အပါအဝင် အေခ်ျအိုင်ဗွီရောဂါ
ရှိ၊
မရှိ
စစ်ဆေးမှုတွေမှာ
အခကြေးငွေယူပြီး
ရောဂါရှာဖွေရေး
ဓါတ်ခွဲခန်း
အချို့မှာ
ဝန်ထမ်းတစ်ချို့က
အဖြေမှန်ကို
လိမ်လည်ပေးနေမှုတွေ
ရှိနေပါတယ်။
အထူးသဖြင့် ပြည်ပကို သွားရောက် အလုပ်လုပ်မယ့် သူတွေအတွက် ဆေးစစ်ချက်တွေကို
လိမ်လည်ပေးနေကြတာဖြစ်ပြီး
ဓါတ်ခွဲခန်း
ဝန်ထမ်းတွေကလည်း
စီးပွားရေး
အဆင်မပြေမှုတွေကြောင့်
ဆရာဝန်ကြီးတွေမသိအောင်
ဆေးစစ်ချက်
အတုတွေ
ထုတ်ပေးနေကြတာဖြစ်တယ်လို့
ကျန်းမာရေး
လောကသား
အချို့က
ပြောပြကြပါတယ်။
ဒီဆေးစစ်ချက်တွေ
လိမ်လည်ပေးနေတာနဲ့
ပတ်သက်ပြီး
ရန်ကုန်မြို့ရှိ
ဓါတ်ခွဲခန်း
အချို့ကို
ဆက်သွယ်မေးမြန်းရာမှာတော့
ဒီလို
အဖြစ်မျိုး
မရှိဘူးလို့
တာဝန်ရှိသူတွေက
ပြောကြပေမဲ့
နာလည်မှုနဲ့
ငွေပေးပြီး
လုပ်လို့ရတယ်လို့လည်း
စစ်ချက်
အတု
ပြုလုပ်ခဲ့ဖူးတဲ့
ပုဂ္ဂိုလ်တွေနဲ့
နီးစပ်သူတွေက
ပြောပြကြပါတယ်။
ဒီလို
ဖြစ်ပေါ်နေတာတွေနဲ့
ပတ်သက်ပြီး
ဆေးပညာရှင်
ပါမောက္ခ
တစ်ဦးက
အခြေအနေကို
ခုလို
ရှင်းပြပါတယ်။
“အချို့ကျတော့လည်း
အနှုတ်လက္ခဏာတွေကို
(Negative)တွေကို
Instruction request ပေါ့။
ရောဂါအတွက်
မဟုတ်ဘူး
သူတို့တွေ
အကြောင်းပြချက်
တစ်ခု
လိုချင်ပါတယ်။
အဲဒီလို
အပေါင်း
လက္ခဏာ
(Positive)တွေမှာ
အနှုတ်လက္ခာ(Negative)
တွေ
ထုတ်ပေးတယ်ဆိုတာကိုတော့
ကျမသိတယ်။
ဆေးရုံကြီးမှာတော့
တမင်သကာ
လုပ်တာတော့
ကျမထင်တယ်
သိပ်တော့
မရှိပါဘူး။
များသောအားဖြင့်
သင်္ဘောသားတွေပေါ့နော်
ဘီပိုး
အပေါင်းလက္ခဏာ
(positive) ဆိုတာကို
ဒီကနေ
အနှုတ်လက္ခဏာ
(Negative) ထုတ်ဆိုသွားတာမျိုး
ရှိပါတယ်။
ဟိုမှာပြန်ပြီး
စစ်ကြည့်တော့
ကျမတို့
ဆီကို
ပြန်ရောက်တာ
။
ဒါကို
ကျမတို့
၃-၄ ဦးလောက် တွေ့ဖူးတယ်”
အေအိုင်ဒီအက်စ်
ခုခံအားကျဆင်းရောဂါ
ကူးစက်ခံရသူတွေ
အနေနဲ့
ဒီလို
ဆေးစစ်ချက်
အတုလုပ်ပြီး
ပတ်ဝန်းကျင်
အသိုင်းအဝိုင်းနဲ့
မိသားစုကို
ဖုံးကွယ်ခဲ့မယ်ဆိုရင်
ဖြစ်ပေါ်လာနိုင်မယ့်
အကျိုးဆက်တွေနဲ့
ပတ်သက်ပြီးတော့လည်း
အေအိုင်ဒီအက်စ်
ပညာပေး
အန်ဂျီအို
အဖွဲ့အစည်း
တစ်ခုက
အမျိုးသမီး
တစ်ဦးက
ပြောပြသွားပါတယ်။
သူခံရမယ် သူနဲ့ နောက်ဆက်တွဲ မိသားစုတွေ ခံရမယ်၊ လိမ်ထားတဲ့ အခါကျတော့ သူနဲ့ အတူနေသူနဲ့ လိင်ဆက်ဆံတဲ့အခါ
ထပ်ကူးသွားမယ်
နောက်ကလေးတွေရတော့
ကလေးတွေကို
ထပ်ကူးမယ်။
နောက်ဆက်တွဲ
ပြဿနာတွေက
ဆိုးကျိုးတွေချည်းပဲ
ဖြစ်လာမယ်။
လူတွေက ကြောက်နေကြရတာပဲလေ
အဲဒီလို
သူတို့ကို
ပစ်သွားမလားဆိုပြီး
ရှိနေတဲ့
အခါကျတော့
စောစော
သိလို့ရှိရင်
ဆေးမသောက်ရပဲနဲ့
နေလို့ရတဲ့
နည်းတွေလည်း
ရှိတယ်လေ။
ကိုယ့်ကိုယ်ကို
ကျန်းမာအောင်
နေမယ်ဆိုရင်
CT(Cytomegalic) ပိုများလာမယ်၊
CT ပိုများလာလေ
ဆေးမသောက်ပဲ
နေလို့ရလေပဲလေ။
ရန်ကုန်မြို့မှာ
အစိုးရ
ကျန်းမာရေး
ဝန်ကြီးဌာနက
ဖွင့်လှစ်ထားတဲ့
အမျိုးသား
ဓါတ်ခွဲခန်း
အပါအဝင်
နာမည်ကြီး
ရောဂါ
ရှာဖွေရေး
ဓါတ်ခွဲခန်း
၇
ခုလောက်ရှိပါတယ်။
ဆရာဝန်တွေအနေနဲ့
ဒီဓါတ်ခွဲခန်းက
ထွက်လာတဲ့
ဆေးစစ်ချက်
ရလဒ်တွေနဲ့
ပတ်သက်ပြီး
ယုံကြည်စိတ်ချရမှု
အားနည်းတာကြောင့်
ဂရုစိုက်သင့်တဲ့
ရောဂါမျိုး
အတွက်ဆိုရင်
သုံးကြိမ်လောက်
နေရာပြောင်းပြီး
လူနာတွေကို
စစ်ဆေးခိုင်းရတယ်လို့လည်း
ဆရာဝန်
အချို့က
ပြောပါတယ်။
ဒါ့အပြင် ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေအနေနဲ့
ဓါတ်ခွဲခန်းတွေက
ဒီလို
စစ်ချက်အတုတွေ
ပြုလုပ်ပေးနေတာတွေနဲ့
ပတ်သက်ပြီး
ကြပ်မတ်သင့်သလို
ဓါတ်ခွဲခန်း
တာဝန်ရှိ
ပုဂ္ဂိုလ်တွေ
အနေနဲ့လည်း
မိမိ
ဓါတ်ခွဲခန်းက
စစ်ချက်
အတု
ထုတ်ပေးတာမျိုး
မဖြစ်ပွားအောင်
ဂရုစိုက်သင့်တယ်
လို့လည်း
ဆေးပညာ
လောကသားတွေက
အကြံပြုကြပါတယ်။
မြန်မာပြည်မှာ ဒီလို အကျင့်ပျက်မှုတွေက လစာနည်းပါးမှုနဲ့ စားဝတ်နေရေး အဆင်မပြေမှုတွေရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်တာကြောင့် အစိုးရအနေနဲ့ ချမှတ်ထားတဲ့ လူမှုရေး ဦးတည်ချက် တွေကို အကောင်အထည် မဖေါ်နိုင်တာကို ဒီဖြစ်စဉ်တွေက ညွှန်ပြနေတာဖြစ်တယ်လို့
ဆေးပညာ လောကသားတွေက သုံးသပ်ပြောဆိုကြပါတယ်။
ဒီမိုကရက်တစ် မြန်မာ့အသံ -
ဓါတ်ခွဲခန်း
အချို့၌ ရောဂါအဖြေမှန် လိမ်ပေးနေ




