23
Jun

ဓာတ်ခွဲခန်း အဖြေ အမျိုးမျိုး

လူနာ တစ်ယောက် ဝေဒနာတစ် ခုခုခံစားရလို့ ဆေးခန်းကို သွားရောက် ပြသရတဲ့ အခါမျိုးမှာ ဆရာဝန်က ဝေဒနာဖြစ်စဉ်ကို အရင်ဆုံး မေးမြန်းစုံ စမ်းလေ့ ရှိပါတယ်။ ဝေဒနာကို သိရှိပြီး သွားရင် လူနာရဲ့ ရောဂါ လက္ခဏာ တွေကို ရှာဖွေနိုင်ဖို့အတွက် ကိုယ်ကာယ စမ်းသပ် စစ်ဆေး မှုတွေကို ခြေဆုံး ခေါင်းဆုံး ပြုလုပ်ကြရ ပါတယ်။ အဖျားတိုင်းတာ၊ နားကြပ်နဲ့ထောက် နားထောင်တာ၊ သွေးပေါင် ချိန်တိုင်း တာနဲ့တချို့လူနာတွေ မှာ ဒွါရပေါက် တွေထဲကို လက်နဲ့ နှိုက် ၍သော် လည်းကောင်း၊ ပစ္စည်းကိရိယာ တွေ ထိုးသွင်း၍ သော်လည်း ကောင်း စစ်ဆေးကြည့်ရှု ရတာ တွေ လည်း ပါဝင် တတ် ပါတယ်။

ဝေဒနာဖြစ်စဉ်နဲ့ ကိုယ် ကာယစမ်းသပ်ချက်နှစ်ခုကို ပေါင်းစပ် လိုက်ရင် ခံစားနေရတဲ့ ဝေဒနာရဲ့ ၈၀ ရာခိုင်နှုန်းကို တော့ဆရာဝန် တွေက ရောဂါ နာမည်တပ်ပေး နိုင်ပြီး ဆေး ကုသချက်ကို စ တင်လို့ရ ပါတယ်။ တချို့ ဝေဒနာ တွေမှာတော့ ရောဂါနာမည် တပ်ပေးနိုင်ဖို့ရာ လူနာရဲ့ ဆီး၊ ဝမ်း၊ သွေး၊ သလိပ်၊ ပြည်၊ အသား စ၊ ခန္ဓာကိုယ်စစ်ထုတ်ရည်စတာ တွေကို ထုတ်ယူပြီး ဓာတ်ခွဲခန်းသို့ ပို့လွှတ် စစ်ဆေးရ တာမျိုးတွေ ရှိလာ တတ်ပါတယ်။ အဏုဇီဝရောဂါ ပိုးမွှား တွေကို ရှာဖွေဖို့၊ ကိုယ်တွင်းဓာတု ပစ္စည်းတွေကို တိုင်းထွာဖို့နဲ့ ဓာတ် မတည့်တာတွေကို စစ်ဆေးဖော်ထုတ် နိုင်ဖို့အတွက် ဓာတ်ခွဲခန်းမှာ စစ် ဆေးစမ်းသပ်ကြရပါတယ်။ ဓာတ်ခွဲ ခန်းဆေးပညာဆိုတဲ့ ဘာသာရပ်ဟာ ဆေးလောကမှာ သီးခြားအထူးပြု ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။

ဓာတ်ခွဲခန်း စပါယ်ရှယ်လစ်

အထူးပြုဘာသာရပ်ကို လေ့လာ ထားတဲ့ ပညာရှင်ကို စပါယ်ရှယ်လစ် လို့ ခေါ်ကြမယ်ဆိုရင် မြန်မာနိုင်ငံမှာ  ဓာတ်ခွဲခန်းကြီးတွေကို ကြပ်မတ်လုပ် ဆောင်နေကြတဲ့ ရောဂါဗေဒဆရာဝန် ကြီးတွေကို ဓာတ်ခွဲခန်းစပါယ်ရှယ်လစ် တွေလို့ ပြောလို့ရနိုင်ပါတယ်။ ဓာတ်ခွဲ ခန်းငယ်လေးတွေမှာတော့ လက် ထောက်ဓာတ်ခွဲခန်းမှူးနဲ့ အဏုကြည့် မှန်ဘီလူး ကိုင်တွယ် အသုံးပြု တတ်တဲ့ သူတွေက ဦးစီးနေကြပါတယ်။ သူတို့ ကိုတော့ စပါယ်ရှယ်လစ်ရဲ့ လက် ထောက်တွေလို့ ပြောလို့ရနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင် အာရှဒေသ ဆိုင်ရာ ရုံးခွဲရဲ့ ၂၀ဝ၃ ခုနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနမှာရောဂါ ဗေဒ ဆရာဝန် ကြီးကြပ်တဲ့ ဓာတ်ခွဲခန်းက ၃၈ခုရှိပြီး၊ကျန် တဲ့ဆေးရုံဓာတ် ခွဲခန်း ပေါင်း ၃၀ဝကျော်မှာဓာတ် ခွဲခန်းကျွမ်းကျင်သူနဲ့ အဏုကြည့် မှန်ဘီလူးကြည့် သူတွေက သာ ဦးစီးထားကြရတယ် လို့ ဖော်ပြထားတာကို တွေ့ရှိရပါ တယ်။ ဒီစာရင်းမှာ မပါဝင်တဲ့ ပုဂ္ဂလိ က ဓာတ်ခွဲခန်းကတော့ မြို့နယ်တိုင်း မှာ ရှိနေကြပါတယ်။

ဆီး၊ ဝမ်း၊ သွေး၊ သလိပ်  စစ်ဆေးပေးသည်

ဓာတ်ခွဲခန်းတွေမှာ ဆီး၊ဝမ်း၊သွေး သလိပ်စစ်သည်ဆိုတဲ့ စာတန်းနဲ့ နိုင်ငံ ခြားက တင်သွင်းလာပါတယ်ဆိုတဲ့ စက်ကိရိယာဓာတ်ပုံတွေနဲ့၊ ဓာတ်ခွဲ ဝေါဟာရစကားလုံး အဆန်းတွေသုံး ပြီး ဘယ်လိုဓာတ် ခွဲမှုမျိုးတွေကို လုပ် ဆောင်ပေးနေပါတယ်လို့ ရေးသား ထားတာတွေကို တွေ့မြင်နေရတတ်ပါ တယ်။ ဓာတ်ခွဲခန်းစပါယ်ရှယ်လစ် ဘယ်သူ ဦးဆောင်နေ တယ်ဆိုတာ ကိုတော့ မတွေ့မြင်မိပါဘူး။ ဆေးရုံ၊ ဆေး ခန်းတွေမှာ ကိုယ်ပိုင်ဓာတ်ခွဲခန်းတွေ ထားရှိကြသလို ဓာတ်ခွဲခန်း မထား နိုင်တဲ့ ဆေးခန်းတွေအတွက် သီးသန့် ဝန်ဆောင်မှု ပေးတဲ့ ပြင်ပဓာတ်ခွဲခန်း တွေလည်း ရှိနေပါတယ်။ ဓာတ်ခွဲ ခန်းတိုင်းမှာ ဘယ်လို အရည်အချင်းရှိသူတွေက ဦးဆောင် နေပါတယ်ဆို တာကို ဖော်ပြထားဖို့ လိုအပ်ပါတယ်။

ဓာတ်ခွဲခန်းမသွားချင်ကြတဲ့  လူနာများ

ဓာတ်ခွဲစစ်ဆေးဖို့ လူနာကို ဓာတ်ခွဲခန်းကို ပို့လွှတ်လိုက်တဲ့အခါမှာ တချို့လူနာတွေဟာ ဓာတ်ခွဲစမ်းသပ် တာတွေကို မလုပ်ဆောင်ချင်ကြပါဘူး။ ဓာတ်ခွဲစမ်းသပ်ခ တွေက ဆေးကုသခ ငွေထက် ပိုမိုဈေးကြီးမြင့်နေတာနဲ့၊ ဓာတ်ခွဲပြီး ထွက်ရှိလာမယ့် အဖြေကို ကြိုတင်စိုးရိမ်ပူပန်နေတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဓာတ်ခွဲခန်း အဖြေအမျိုးမျိုး

လူနာအချို့က ဓာတ်ခွဲခန်းအဖြေ မှားယွင်းထွက်ရှိလာတာမျိုးကို ကြုံဖူး ကြပါတယ်။ ဓာတ်ခွဲခန်းတစ်ခုစီက ကွဲ ပြားတဲ့ အဖြေတွေ ထွက်ရှိလာတတ် တာကိုလည်း တွေ့ရှိနေကြရ တဲ့အတွက် ဘယ်ဓာတ်ခွဲခန်းက စိတ်အချရဆုံးလဲ လို့ မေးလာသူတွေရှိတတ်ပါ သေး တယ်။ ဓာတ်ခွဲခန်းအဖြေတွေ အမျိုးမျိုး ထွက်ရှိနေရတာဟာ ဓာတ် ခွဲစမ်းသပ်မယ့် နမူနာ ပစ္စည်းကို မထုတ်ယူခင် ကြိုတင်ပြင်ဆင်မှု ချွတ် ချော်တာနဲ့ ထုပ်ပိုးသယ်ဆောင်သိမ်း ဆည်းမှုတွေမှာ နည်းလမ်းမမှန်ခဲ့လို့  ဖြစ်နိုင် ပါတယ်။ ဒါ့အပြင် ဓာတ်ခွဲ ခန်းမှာ အသုံးပြု နေတဲ့ ကွန်ပျူ တာ၊ စက်ကိရိယာနဲ့ ဓာတုပစ္စည်းတွေ အဆင့်အတန်း မမီရင်လည်း ဖြစ်နိုင် ခြေရှိပါတယ်။  ဓာတ်ခွဲ စစ်ဆေးသူ ကိုယ်တိုင်က မကျွမ်းကျင်လို့ မှားယွင်း ရတာတွေလည်း ရှိနိုင် ပါတယ်။

လက်ရှိဖြစ်ပျက်နေတဲ့ သာဓကများ

လူနာတစ်ယောက်ရဲ့ သွေးကို HIV ပိုး ရှိ၊ မရှိ ဓာတ်ခွဲခန်း ၂ခုကိုတစ် ပြိုင်တည်းပို့ပြီး စစ်ဆေးကြည့်တဲ့ အခါမှာ ဓာတ်ခွဲခန်းတစ်ခုက ပိုးမရှိဘူးလို့ အဖြေထွက်လာပြီး နောက်တစ်ခု ကတော့ ပိုးရှိနေပါတယ်လို့ အဖြေ ထုတ်ပေးတာမျိုးတွေကို ကြုံခဲ့ကြဖူးပါ တယ်။ ရင်သားအကျိတ်ကို ခွဲထုတ် ယူပြီး အသားစကို ၂ပိုင်းပိုင်း၊ ဓာတ် ခွဲခန်း ၂ခုကို တစ်ပြိုင်တည်း ပေးပို့ စစ်ဆေးရာမှာ ဆန့်ကျင်ဘက်အဖြေ ၂ခုထွက်ပေါ်လာတဲ့အတွက် ခွဲစိတ် ဆရာဝန်ခမျာ လူနာကိုရောဂါနာမည်တပ် မပေးနိုင်ဘဲ ဝေခွဲမရဖြစ်သွားတာတွေ လည်း ရှိခဲ့ဖူးပါတယ်။

နောက်ဓာတ်ခွဲ ခန်းတစ်ခုမှာတော့ ဓာတ်ခွဲ စမ်းသပ်တဲ့ အဖြေကို လူနာရှင်က လာရွေးတဲ့အခါ ကျမှ အဖြေကို ကမန်းကတန်း လက် ရေးနဲ့ ဖြည့်စွက်ပြီး ရေးပေး နေတာကို လည်း တွေ့မြင်ခဲ့ရဖူးပါတယ်။ အလုပ် အကိုင် ရှာဖွေတဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ကုမ္ပဏီ စိတ်ကြိုက်အဖြေလွှာတွေကို အခကြေးငွေယူပြီး ထုတ်ပေး နေတယ် ဆိုတဲ့ ဓာတ်ခွဲခန်းမျိုးကိုလည်း ကြား သိနေရပါသေးတယ်။ တစ်ခါတလေ ပို့လွှတ်လိုက်တဲ့ ဆရာဝန် ကိုယ်တိုင် က ဓာတ်ခွဲခန်းတွေကို စိတ်မချနိုင်တဲ့ အတွက် ဓာတ်ခွဲခန်း ၂ခု၊ ၃ခုကို တစ်ပြိုင်နက်တည်း စစ်ဆေးကြည့်ရှုဖို့ အကြံပေး တိုက်တွန်းနေတာတွေ လည်း ရှိနေပါတယ်။

တချို့ ဆရာဝန် ကြီးတွေ ကိုယ်တိုင် ကိုယ်ပိုင်ဓာတ်ခွဲ ခန်းကြီးတွေ ထူထောင်ပြီး ဒါမှမဟုတ် အစုရှယ်ယာ ဝင်ထားပြီး ကိုယ်နဲ့ ပတ်သက်နေတဲ့ ဓာတ်ခွဲခန်းတွေမှာ လူနာတွေကို လိုလို၊ မလိုလို ထပ်ခါ တလဲလဲ ဓာတ်ခွဲစမ်းသပ်ခိုင်းနေတာ တွေကိုလည်း တွေ့မြင်နေရပါတယ်။ ဓာတ်ခွဲခန်းပိုင်ရှင်တွေဟာ သူတို့ဆီကို လူနာတွေ များများပို့လွှတ်လာရအောင် ဆေးခန်းဆရာဝန်တွေဆီကို ကော်မ ရှင်ခငွေတွေ လစဉ်လိုက်ပို့ပေးနေတာ တွေလည်း ရှိနေပါတယ်။

ယုံကြည်စိတ်ချရတဲ့ ဓာတ်ခွဲခန်းတွေ ဖြစ်လာရအောင်

လူနာနဲ့ ဆရာဝန်တွေ ယုံကြည် အားထားရတဲ့ ဓာတ်ခွဲခန်းတွေ ဖြစ်လာ ရအောင် အဏုကြည့်မှန်ဘီလူး အပါ အဝင် အသုံးပြုတဲ့ စက်ကိရိယာတွေ အကုန်လုံးကို မူလထုတ်လုပ်လိုက်တဲ့ ကုမ္ပဏီရဲ့ စံတိုက်စစ်ဆေးမှုတွေကို ပြုလုပ်ပြီး ပုံမှန်စစ်ဆေးခံဖို့ လိုအပ် ပါတယ်။ တစ်ခါဝယ်ယူပြီးတာနဲ့ တစ် သက်တာလုံး မပျက်မခြင်း သုံးစွဲနေ လို့ မရပါဘူး။ ဓာတ်ခွဲခန်းရဲ့ အရည် အသွေးကို ပြင်ပကျွမ်းကျင်သူ၊ ဒါမှ မဟုတ် နိုင်ငံတကာစံနှုန်းသတ်မှတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အကဲဖြတ်ခံယူဖို့ လိုပါသေးတယ်။

မြန်မာနိုင်ငံမှာ ဘယ် ဓာတ်ခွဲခန်းမှ နိုင်ငံတကာ ဓာတ်ခွဲခန်း စံချိန်စံညွှန်း သတ်မှတ်ချက်ဖြစ်တဲ့ ISO ၁၅၁၈၉ နဲ့ ချိတ်ဆက်မထားပါဘူး လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀ဝ၃ ခုနှစ် အစီရင်ခံစာမှာ ထောက်ပြထား တာကို ဖတ်ရှုခဲ့ရဖူးပါတယ်။ ISO တစ် ငါးတစ်ရှစ်ကိုးဆိုတာကတော့ နိုင်ငံရပ် ခြား ပြင်ပအဖွဲ့အစည်းကနေ ဓာတ်ခွဲ ခန်းတစ်ခုရဲ့ စံချိန်စံညွှန်းကို အကဲ ဖြတ်ပေးရတာ ဖြစ်ပါတယ်။

ဆရာဝန်တွေကို အရည်အသွေးမီ ဆေးကုသလာနိုင်အောင် အကဲဖြတ် စစ်ဆေးဖို့ စီစဉ်နေတဲ့ အချိန်မှာ ဓာတ်ခွဲ ခန်းစပါယ်ရှယ်လစ်တွေနဲ့ ဓာတ်ခွဲကျွမ်းကျင်သူ ပညာရှင်တွေကိုလည်း စဉ်ဆက် မပြတ် ဓာတ်ခွဲခန်းဆေးပညာနဲ့ ဓာတ် ခွဲခန်းကျင့်ဝတ်တွေကို ပို့ချပေးဖို့ လို အပ်နေပြီး၊ ဓာတ်ခွဲခန်းစံနှုန်းသတ်မှတ် ပေးဖို့နဲ့ အကဲဖြတ်စစ်ဆေးမှုတွေ ပြု လုပ်ပေးဖို့ လိုအပ်နေပါကြောင်း ဆွေး နွေး တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျား။

(23 June 2011)

ရိုးရာလေး - ဓာတ်ခွဲခန်း အဖြေ အမျိုးမျိုး
 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top