13
Jan

နမ့်စန်၊ ဗားမောက်နှင့် အင်းတော်မြို့နယ်တွင် အေ့ဒ်စ်ရောဂါ လျှော့ချရေး တိုးချဲ့

မက်သဒုန်းဆေးရည် အစားထိုးတိုက်ကျွေးရေး အပါအ၀င် အေ့ဒ်စ်ရောဂါ လုပ်ငန်းများကို ယခုနှစ်အတွင်း မြို့နယ်သုံးခု တိုးချဲ့ဆောင်ရွက်မည်ဟု Save th Children မှ သတင်းရရှိသည်။

လက်ရှိ အချိန်အထိ ကချင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၂၅ မြို့နယ်တို့တွင် ဆောင်ရွက်ခဲ့ပြီး ဇန်န၀ါရီမှ စတင်ကာ ရှမ်းပြည်နယ်ရှိ နမ့်စန်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ဗားမောက်၊ အင်းတော်မြို့နယ်တို့တွင် တိုးချဲ့ဆောင်ရွက်မည် ဖြစ်သည်။

‘‘အဖွဲ့အစည်း ခုနစ်ခုနဲ့ ပူးပေါင်းချိတ်ဆက်ပြီး လုပ်ဆောင် မှာပါ’’ ဟု Save the Children မှ စီမံကိန်း ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးဌေးအောင်က ပြောသည်။

လူနာ ၇၀၀၀ ကျော်မှ တစ်သောင်းကျော်အထိ ဘိန်းအစားထိုး မက်သဒုန်းဆေးရည် တိုးမြှင့် တိုက်ကျွေးနိုင်ရန် စီစဉ်သွားမည် ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများ ဖြစ်သော AHRN, MdM, HPA, SARA, Merlin, Burnet, MANA တို့နှင့် ပူးပေါင်းကာ မူးယစ်ဆေး အန္တရာယ် လျှော့ချရေးအတွက် မက်သဒုန်း တိုက်ကျွေးခြင်းအပြင် ဆေးထိုးအပ်များဝေခြင်း၊ ကွန်ဒုံးများဝေခြင်းနှင့် ကျန်းမာရေးအသိ ပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်းတို့ ပြုလုပ်မည် ဖြစ်သည်။

မူးယစ်ဆေး အကြောထိုးသွင်း လူနာမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၂ က ၂၀ ရာခိုင်နှုန်းကျော်ရှိခဲ့ရာမှ ၂၀၁၃ တွင်မူ ၁၈ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့ကြောင်း ၂၀၁၃ က ကောက်ယူထားသည့် ကျန်းမာရေးဝန်ကြီး ဌာန၏ စာရင်းဇယားများအရ သိရသည်။

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီ ကူးစက်ခံနေရသူများ၌ အဖြစ်များဆုံး အုပ်စု သုံးစွဲခွဲလိုက်ပြီး ၎င်းတို့တွင် မူးယစ်ဆေးထိုးသွင်းသူ ၁၈ ဒသမ ၇ ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်ဆက်ဆံသူ ၁၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် အမျိုးသမီး လိင်အလုပ်သမများ ၈ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်တို့၌ အများဆုံးတွေ့ရှိရကြောင်း သိရသည်။

7 Day Daily -နမ့်စန်၊ ဗားမောက်နှင့် အင်းတော်မြို့နယ်တွင် အေ့ဒ်စ်ရောဂါ လျှော့ချရေး တိုးချဲ့ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top