16
Oct

နယ်စည်းမခြားဆရာဝန်များအဖွဲ့ ဝေဒနာရှင် ၂၀၀၀ အား ARV ဆေးဝါးများတိုးမြှင့်တိုက်ကျွေးသွားမည်



Weekly Eleven,
No-1, Vol-3,(17/10/2007)

၂၀၀၇ ခုနှစ်အတွက် HIV ဝေဒနာရှင် ၆၀၀၀ ကို ARV ဆေးတိုက်ကျွေးရန် စီစဉ်ထားသည့် နယ်စည်းမခြား
ဆရာဝန်များအဖွဲ့  ဟော်လန်
(AZG)က
နောက်ထပ် ဝေဒနာရှင် ၂၀၀၀ အား တစ်နိုင်ငံလုံးတွင်တိုးမြှင့် တိုက်ကျွေးသွားမည်ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ
့(ဟော်လန်)
AZG မှ
တာဝန်ရှိသူတစ်ဦး၏ပြောကြား ချက်အရသိရသည်။

“နောက်ထပ်ဝေဒနာရှင် ၂၀၀၀ ကိုတစ်နိုင်ငံလုံးမှာ
တိုးမြှင့် တိုက်ကျွေးသွားမှာပါ။ ဒါဆိုရင်ဒီနှစ်မှာ ကျွန်တော်တို့ တိုက်ကျွေးတဲ့လူ
၈၀၀၀ ရှိသွားမှာ ဖြစ်ပါတယ်။” ဟုအဆိုပါတာဝန်ရှိသူက ပြောကြားသည်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ဟော်လန်(AZG) သည် ARV ဆေးဝါးများကို တိုက်ကျွေးရာတွင် လူနာများအနေဖြင့် အချက် ၃ ချက်ကိုက်ညီမှ
တိုက်ကျွေးကြောင်း အဆိုပါ အချက်သုံးချက်မှာ လူနာများအနေဖြင့်
ARV ဆေးဝါးတိုက်ကျွေးသည့် အရပ်တွင် နေထိုင်သူဖြစ်ရမည်၊
ARV ဆေးဝါး အမှန်လိုအပ်သူ ဖြစ်ရမည်၊ ဆေးကိုမပျက်မကွက်
ပုံမှန်သောက်နိုင်သူဖြစ်ရမည်၊ စသည့်အချက်များ ဖြစ်သည်ဟု သိရသည်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ -ဟော်လန်(AZG)အနေဖြင့် ARV ဆေးဝါးများကို ယင်း၏သဇင် ဆေးခန်းမှတဆင့် တိုက်ကျွေးလျှက်ရှိပြီး သဇင်
ဆေးခန်းများကို ရန်ကုန်တိုင်းတွင်၊ လှိုင်သာယာ၊ ၈မိုင်၊ အင်းစိန်၊သာကေတနှင့် ဒလ၊
မန္တလေးတိုင်းတွင် ချမ်းအေးသာဇံ၊ ရှမ်းပြည်နယ်တွင်၊ လားရှိုးနှင့် မူဆယ်၊ ကချင်ပြည်နယ်တွင်၊
မြစ်ကြီးနား၊ ဆိုင်းတောင်၊ မရှိကတောင်၊ တာမခန်၊ လုံးခင်း၊ ဖားကန့် နှင့် ဗန်းမော်၊
ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်းတော တနင်္လာရီတိုင်းတွင်
ထားဝယ်တို့  တွင်ဖွင့်လှစ်ထားရှိသည်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (ဟော်လန်) AZG သည် HIV ဝေဒနာရှင်များအား ARV ဆေး တိုက်ကျွေးသည့် လုပ်ငန်းအပြင် ငှက်ဖျားရောဂါ မိခင်နှင့်ကလေး
ကျန်းမာရေး စောင့်ရှောက်မှု တီဘီ၊ရောဂါနှင့် လိင်ဆက်ဆံမှုမှ ကူးစက်သောရောဂါစသည့်
ကျန်းမာရေး ဆိုင်ရာလုပ်ငန်းများကို မြန်မာနိုင်ငံတွင် ဆောင်ရွက်လျှက်ရှိကြောင်း
သိရသည်။

မြန်မာနိုင်ငံတွင် ARV ဆေးလိုအပ်သည် ဝေဒနာရှင်ပေါင်း ၆၆၀၀၀ ခန့် ရှိသည်ဟု
Fund
For HIV/AIDS in Myanmar
နှစ်ပတ်လည် အစီရင်ခံစာ အရသိရပြီး
မြန်မာနိုင်ငံတွင်
ARV ဆေးဝါးရရှိသည့်
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်ဦးရေသည် ၆၀၀၀ နီးပါးတိုးမြှင့်လာခဲ့သည်ဟု
UNAIDS မြန်မာ၏ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလအထိ ကောက်ခံရရှိသော စာရင်းများအရသိရသည်။

၂၀၀၄ ခု စက်တင်ဘာလတွင် ပြုလုပ်သည့် ကျန်းမာရေး ၀န်ကြီးဌာနနှင့်
ဂျနီဗာမြို
့UNAIDS နှင့် WHO ဌာနချုပ်မှ ပူးပေါင်းဆောင်ရွက်သော ခန့်  မှန်းတွက်ဆခြင်း
အလုပ်ရုံ ဆွေးနွေးပွဲ၏ ခန့် မှန်းတွက်ဆမှုအရ မြန်မာနိုင်ငံတွင်
HIV ပိုးကူးစက်ခံထားရနိုင်သူနှင့် အေအိုင်ဒီအက်စ် ဝေဒနာခံစား
နေရသူ စုစုပေါင်း ၃၃၈၉၁၁ ဦးရှိသည်ဟုသိရှိရပါသည်။

Weekly Eleven,
No-1, Vol-3,(17/10/2007)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top