နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ၏ မြန်မာနိုင်ငံတွင် HIV/AIDS ကုသပေးသော အကြီးဆုံးဆေးခန်းအဖြစ် အင်းစိန်မြို့နယ်ရှိဆေးခန်းကို ပြင်ဆင်ဖွင့်လှစ် လိုက်ပြီ ဖြစ်ကြောင်း အဆိုပါအဖွဲ့က နိုဝင်ဘာ ၂၉ ရက်က ထုတ်ပြန်လိုက်သည်။ အဆိုပါဆေးခန်းတွင် လက်ရှိ HIV ပိုးရှိသူ ပေါင်းတစ်သောင်းခန့် ကုသမှု ခံယူလျက်ရှိပြီး ၎င်းတို့မှာ တီဘီကဲ့သို့သော အခြားရောဂါများ ကိုပါ ကူးစက်ခံထားရသူများလည်းဖြစ်သည်ဟု သိရသည်။
၎င်းအပြင် ဆေးခန်းကို ဆေးမျိုးစုံယဉ်ပါး တီဘီရောဂါကို တိုက်ဖျက်ရန်အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်သည့် ကျန်းမာရေးဌာနအဖြစ် သီးသန့် ပုံစံထုတ်ရေး ဆွဲကာ ပြင်ဆင်မွမ်းမံထားခြင်း ဖြစ်သည်။ လက်ရှိတွင် အမျိုးသား တီဘီတိုက်ဖျက်ရေး စီမံချက်နှင့် အနီးကပ်ပူးပေါင်း၍ အဆိုပါဆေးခန်းတွင် ဆေးမျိုးစုံ ယဉ်ပါးတီဘီဝေ ဒနာရှင် ၄၅ ဦးကိုကုသပေးလျက်ရှိသည်။ ၎င်းဝေဒနာရှင်များမှာ HIV/AIDS ရောဂါကိုပါ ပူးတွဲ ကူးစက်ခံထားရသူများလည်း ဖြစ်သည်။
နယ်စည်းမခြား ဆရာဝန် များအဖွဲ့သည် မြန်မာနိုင်ငံတွင် HIV/AIDS ဝန်ဆောင်မှုများကို ပထမဆုံးပေးဝေသော အဖွဲ့အစည်းဖြစ်ပြီး HIV/AIDS ဝေဒနာရှင်ပေါင်း ၃၅ဝဝဝ ကျော်ကို လက်ရှိတွင် ကုသပေးလျက်ရှိသည်။ တီဘီနှင့် HIV တွဲဖက်ကူးစက် ခံထားရသော ဝေဒနာရှင် ၃ဝဝဝ ကျော်ကိုလည်း ကုသပေးလျက်ရှိပြီး မြန်မာနိုင်ငံ၏ HIV/AIDS တိုက် ဖျက်ရေး တွင် MSF မှ ဆက်လက် ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။
မြတ်စုငြိမ်း (ရန်ကုန်၊ နိုဝင်ဘာ ၂၉)
ပေါ်ပြူလာ - နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏ HIV/AIDS အကြီးဆုံးဆေးခန်း အင်းစိန်တွင်ဖွင့်




