15
Mar

နယ်စပ်ထောင်များရှိ နိုင်ငံရေးအကျဉ်းသားများ HIV / AIDS ကူးရန်လွယ်ကြောင်း ဦးတိတ်နိုင်ပြော



နှစ်ရှည်ထောင်ဒဏ်တွေ
ချမှတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဝေးလံတဲ့ နယ်စွန်နယ်ဖျားက ထောင်တွေကို
ပို့ဆောင်နေရာမှာ ဒီဇင်ဘာလ ၁ ရက်နေ့ မနေ့က မနက်ပိုင်းမှာ ၈၈ မျိုးဆက်ကျောင်းသား
ကိုပြုံးချို ခေါ် ကိုဌေးဝင်းအောင် အပါအဝင် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတဲ့ ၅ ဦးဟာ
တနင်္သာရီတိုင်း ကော့သောင်းမြို့က အကျဉ်းထောင်ကို ရောက်ရှိလာတယ်လို့
မျက်မြင်သက်သေတွေက ပြောပါတယ်။

 

၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုနဲ့အတူ ကော့သောင်း အကျဉ်းထောင်ကို ရောက်ရှိ လာသူတွေ
ကတော့ ကိုကျော်မင်း၊ ကိုထွန်းလင်းအောင်၊ ကိုအောင်မျိုးပိုင်နဲ့ ဦးချစ်ခင်
တို့ဖြစ်ကြပြီး ရန်ကုန် အင်စိန် အကျဉ်းထောင်ကနေတဆင့် မြစ်ကြီးနား သင်္ဘောနဲ့
ကော့သောင်းမြို့ကို
ရောက်ရှိလာ ကြတာဖြစ်တယ်လို့
ဒေသခံ တဦးက
RFA ကိုပြောပါတယ်။

 

ဒေသခံ
တဦး။ 
ကိုပြုံးချိုနဲ့
ထောင်ဒဏ် ၆၅နှစ်က နှစ်ယောက်၊ နောက် ၁၀နှစ်က သုံးယောက်၊ မြစ်ကြီးနား သင်္ဘောနဲ့
ရောက်လာတယ်။ မြစ်ကြီးနား သင်္ဘောနဲ့ ဒီမှာ ဝင်တဲ့အချိန်ကတော့ ကျွန်တော်တို့ ဒီရှေ့က
မြင်ရတာတော့ မနက် ၉နာရီ ကျော်ကျော်လောက်မှာ၊ ၉နာရီပတ်ဝန်းကျင် ၁၀နာရီပေါ့နော်။
အဲဒီလောက်မှာ ရောက်လာတယ်။

 

ကော့သောင်း အကျဉ်းထောင်ကို
ရောက်ရှိလာတဲ့ ကိုပြုံးချိုကို သူရဲ့ဇနီး ဖြစ်သူ မဝါ နဲ့ ထောင် အာဏာပိုင်တွေက
လက်ခံတွေ့ဆုံခွင့်ပေးခဲ့သလို လိုအပ်တဲ့ စားသောက်စရာ တွေကိုလည်း ပေးခွင့်ရခဲ့တယ်လို့
ဆက်ပြောပါတယ်။

 

ဒေသခံ
တဦး။ 
ကျန်းမာရေးကတော့
လောလောဆယ်တော့ ကောင်းနေသေးတယ်၊ ကျန်းမာရေးလည်း ကောင်းတယ်၊ အဆင်ပြေတယ်ပေါ့နော၊
အဲဒီလိုပဲ ပြောတယ်။ ဒါပေမဲ့ ရောက်တာလည်း မနေ့ကမှ ရောက်သေးတာကိုး။ ဒီမှာတော့ တလကို
နှစ်ကြိမ် တွေ့ခွင့်ပြုမယ်လို့ လောလောဆယ် ထောင်မှူးကတော့ ပြောတယ်တဲ့။ ဒီမှာ
ရောက်ခါစပဲ ရှိသေးတော့ သူတို့အနေနဲ့ ဘယ်လိုလဲ ဆိုတာကတော့၊ ဘယ်လိုထားတယ်
ဘာညာဆိုတာကတော့ နောက်တကြိမ် တွေ့မှပဲ သိရမယ်။

 

အလားတူ ၈၈ မျိုးဆက်ကျောင်းသား
ကိုလှမျိုးနောင်နဲ့ ကိုသိန်းဝင်းတို့ဟာလည်း ကချင်ပြည်နယ် မြစ်ကြီးနား
အကျဉ်းထောင်ကို ရောက်ရှိနေပြီး ကိုလှမျိုးနောင်ဟာ မျက်လုံးနဲ့ ခါး ဝေဒနာတွေကြောင့်
ကျန်းမာရေး မကောင်းဖြစ်နေတယ်လို့ သိရပါတယ်။

 

အခုလို ရာသီဟာ
မြစ်ကြီးနားအကျဉ်းထောင်မှာ အလွန်ချမ်းအေးတာကြောင့် မန္တလေးတိုင်း အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေအနေနဲ့ အနွေးထည်နဲ့ စောင်တွေ ပေးပို့နိုင်အောင်
စီစဉ်နေတယ်လို့လည်း အဖွဲ့ဝင် တဦးက အခုလို ပြောပါတယ်။

 

NLD အဖွဲ့ဝင်။  မြစ်ကြီးနားကို ပြောင်းလာတဲ့ ကိုလှမျိုးနောင်နဲ့
ကိုသိန်းဝင်း ကိစ္စကတော့ ကျွန်တော်တို့ အဖွဲ့ထဲက လူတွေ ပြီးခဲ့တဲ့ တနင်္လာနေ့က ပါဆယ်
ပေးလို့ရမယ်လို့ ပြောတယ်ဗျ။ လူကတော့ တွေ့လို့ မရဘူးလေ။ သူတို့ ရောက်နေတာကို
confirm
လုပ်လို့ ရတယ်။ နောက်ပြီးတော့ သူတို့ လိုအပ်တဲ့ စောင်နဲ့ အနွေးထည်ပေါ့နော်၊
အဲဒါတွေ ပို့ပေးလို့ ရမယ်လို့ ပြောတယ်။ ကာယကံရှင် မိသားစုဝင်တွေ မဟုတ်တဲ့အတွက်
တွေ့လို့ရမှာ မဟုတ်ဖူး။

 

စစ်အစိုးရ
အာဏာပိုင်တွေက ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကို နယ်စပ်ဒေသက
အကျဉ်းထောင်တွေနဲ့ ဝေးလံတဲ့ နယ်မြေတွေက ထောင်တွေကို
ပို့ဆောင်နေတာတွေဟာ ကျန်းမာရေးအရ စိုးရိမ်ရတဲ့ အခြေအနေတွေ
ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
(မြန်မာနိုင်ငံ) က
အတွင်းရေးမှူး ကိုတိတ်နိုင်က
RFA ကို အခုလို
ပြောပါတယ်။

 

ကိုတိတ်နိုင်။    နယ်စပ်ဒေသမှာရှိတဲ့
ထောင်တွေမှာ ငှက်ဖျားရောဂါက
အဓိက
ရှိတာပေါ့နော်။ အဲဒီမှာရှိတဲ့ ထောင်တွေထဲမှာ သူတို့ ဒေသခံတွေတောင်မှ တော်တော်နဲ့
ထိုးနိုင်ဖို့ မလွယ်ဘူးပေါ့။ တစိမ်းဆိုရင်တော့ အလျင်အမြန် ကူးနိုင်တဲ့
အနေအထားမျိုး ရှိတယ်။ အဲဒီနေရာမှာ အများစုက ထောင်ဆရာဝန်မရှိဘူး။ ကျန်းမာရေးအရ
တစုံတခု ဖြစ်တယ်ဆိုလို့ရှိရင်
မြို့နယ်ဆရာဝန်ဆီ
အကူအညီ တောင်းရတဲ့အခါကျတော့ အရှုပ်အယှက် ဖြစ်တဲ့အတွက် လွယ်လင့်တကူ ကျန်းမာရေး
စောင့်ရှောက်မှု မရနိုင်ဘူး။ ကော့သောင်းထောင်ကတော့ နယ်စွန်နယ်ဖျားမှာရှိတဲ့
ထောင်ဆိုတဲ့ အခါကျတော့ အဲဒီထောင်ထဲမှာ ကျနေတဲ့ အများစုက ငါးဖမ်းတဲ့လူတွေ၊ အဲဒီ
နယ်စပ်မှာရှိနေတဲ့ ရာဇဝတ်သားတွေကတော့ အဲဒီလိုမျိုး နေတာတွေ များတယ်။ သူတို့က
မူးယစ်ဆေးဝါး သုံးစွဲမှုများတယ်ပေါ့။ အဲဒီထောင်ကတော့။ အဲလိုမျိုး လူတွေ ကြားထဲမှာ
နေရတဲ့အခါကျတော့ ဒီ
HIV / AIDS ရောဂါ
ကူးစက်ဖို့အတွက် လွယ်ကူနိုင်တယ်။ ဒါကြောင့်မို့ ပိုသတိထားရမယ်။

RFA:

2008-12-02

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top