25
Feb

နယ်တွင်ရှိသော PLHIV တွေကို အေအာရ်ဗီ ဆေးလှူချင်ရင် ဆက်သွယ်ပေးမည်။

 

နယ်တွင်ရှိသော  PLHIV (People Living with HIV) တွေ အေအာရ်ဗီ ( အိတ်ချအိုင်ဗွီ ပိုးထိန်းဆေး )ရရှိနိုင်ဖို့ အတွက်နယ်က PLHIV တွေရဲ့ အကြောင်းတွေကို အင်ဂျီအို အပါအ၀င် အလှူရှင်တွေသိအောင်လုပ်ပေးဖို့ စီစဉ်နေတယ်လို့ Myanmar Positive Group မှသိရပါသည်။

 

Myanmar Positive Group မှ မနော် ( အမည်လွဲပြောင်း) ကအခုလက်ရှိကတော့နယ်က PLHIV တွေ အေအာရ်ဗီ ဆေးရဖို့  ဒီမှာရှိတဲ့ အိုင်အင်ဂျီအို တွေ ဒါရိုက်တာတွေနဲ့ လိုက်ဆွေးနွေးနေတယ် အေအာရ်ဗီ အခမဲ့ပေးတဲ့ ဆေးရုံ ဆေးခန်းမရှိတဲ့နေရာက PLHIV တွေဆိုရင် တကယ် အေအာရ်ဗီ လိုနေတာလေ လက်ရှိနယ်အချို့ က PLHIV တွေလဲ လိုနေပြီ အဲဒါကိုရနိုင်အောင် တတ်နိုင်သမျှ အမ်ပီဂျီ ( Myanmar Positive Group) ကလုပ်ပေးနိုင်ဖို့ စီစဉ်နေတယ်ဟု ပြောပါတယ်။

 

အလှူရှင်တွေ အနေနဲ့ လည်း အမ်ပီဂျီ ကိုဆက်သွယ်နိုင်ပါတယ်လို့ ဆိုပါတယ်။ အေအာရ်ဗွီ ဆေးလှူရင် တစ်နှစ်လုံးစာကို သောက်ရတဲ့ဆေး ပေါ်မူတည်ပြီး ကျပ်သုံးလေးသိန်းကနေ ကျပ် ၁၀ သိန်းလောက်ထိရှိတယ်လို့ ဆိုပါတယ်။

 

မနော် (အမည်လွဲပြောင်း) ကပဲ ဆေးကုမ္ပဏီ တွေနဲ့ လဲ လူဆယ်ယောက်က အေအာရ်ဗီ ၀ယ်ရင် တစ်ယောက်စာ အလကားပေးနိုင်မလား ဆိုတာ ဆွေးနွေးရန် အစီအစဉ်ရှိတယ် PLHIV တွေအနေနဲ့ အေအာဗီ သောက်နိုင်ဖို့ တကယ်အရေးကြီးတဲ့အတွက် အခုလိုလုပ်ဖို့ စီစဉ်ရတာပါ ကမ္ဘာ့ အေအိုင်အက် နေ့ ပြီးရင် နယ်တွေအထိ သေချာဆင်းပြီး သူတို့ ရဲ့လိုအပ်ချက်တွေကို မေးဖြစ်မှာပါလို့ ပြောပါတယ်။

<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" /> 

မော်ဒန် ဂျာနယ် အမှတ် (၁၃၈) ၅၊၁၂၊၂၀၀၈

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top