11
Apr

နယ်မှ HIV/AIDS နှင့် နေထိုင်သူများအတွက် ARV ရရှိရန် ကြန့်ကြာ



HIV/AIDS နှင့် နေထိုင်သူများအတွက် ARV ဆေးအခမဲ့
ပေးဝေနေသည့် ရန်ကုန်မြို့မှ INGO များထံတွင် နယ်ဒေသများမှ HIV/AIDS
နှင့်နေထိုင်သူများက ဆေးဝါးတောင်းခံရာတွင် ကြန့်ကြာမှုများရှိနေကြောင်း၊
အခက်အခဲများလည်း ရှိနေကြောင်း မန္တလေးတိုင်း ကျောက်ပန်တောင်း မြို့နယ်မှ ARV ဆေးဝါး
လာရောက်ရယူသည့် ဝေဒနာရှင် အချို့ကပြောကြားသည်။

 

မြန်မာနိုင်ငံရှိ HIV/AIDS နှင့်နေထိုင်သူများကို
ARV ဆေးဝါး ပမာဏ အများဆုံး ထောက်ပံ့ပေးနေသည့် နယ်သာလန် အခြေစိုက် နယ်စည်းမခြား
ဆရာဝန်များအဖွဲ့ AZG အနေဖြင်လည်း ၂၀၀၇ ခုနှစ်အတွက် ဝေဒနာရှင် ၆၀၀၀ ဦးအထိသာ ARV
ဆေးဝါးထောက်ပံ့နိုင်အောင် သတ်မှတ်ထားပြီး ယင်းပမာဏထက်ကျော်သော HIV/AIDS
ဖြင့်နေထိုင်သူများအတွက်မူ ARV ဆေးဝါး ပေးနိုင်မှု မရှိကြောင်း မြန်မာနိုင်ငံ
ဆိုင်ရာ AZG အဖွဲ့မှ ဒေါက်တာ စန်းဦးက The Voice Weekly သို့ပြောကြားသည်။

 

လတ်တလော အခြေအနေတွင် နယ်ဒေသများမှ လာရောက်သည့်
ဝေဒနာရှင် ရာဂဏန်းနီးပါး ဆေးဝါးရရန် အခက်အခဲ ရှိနေကြောင်း အချို့သူများမှာ
ဆေးဝါးရရှိရန် စောင့်ဆိုင်းရင်း ခုခံအား အလွန်အမင်း ကျဆင်းကာ
အသက်ဆုံးရှုံးမှုများလည်း ရှိနေကြောင်း လတ်တလော ဆေးဝါးအလွန်လိုအပ်နေသည့် HIV/AIDS
နှင့်နေထိုင်သူ ၄၀နီးပါးမှာ ARV ဆေးဝါး ရရှိခြင်း မရှိသည့် အနေအထားတွင်ရှိကြောင်း
ယင်းဝေဒနာရှင်များ ဆေးဝါးရရှိရေးအတွက် လိုက်လံ ဆောင်ရွက်ပေးနေသည့်
စေတနာရှင်တစ်ဦးက ထပ်မံဖြည့်စွက် ပြောကြားသွားသည်။

 

The Voice Weekly ( May-7-2007)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top