15
Sep

နာဂစ်အလွန် HIV/AIDS ကာကွယ်ရေး စီမံချက်စတင်

ဧရာဝတီတိုင်း
မြို့နယ် ငါးမြို့နယ်တွင် HIV/AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများ စီမံချက်ကို မေလမှ
စတင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ယင်းစီမံချက်အရ
မြို့နယ် ငါးမြို့နယ်ရှိ ကျေးရွာ ၁၀ရွာမှ အမျိုးသမီး သုံးဆယ်နှင့် အမျိုးသား ၃၀တို့အား
HIV/AIDS ကာကွယ်တားဆီးရေး အသိပညာပေး ဆောင်ရွက်နိုင်ရန် သင်တန်းများ ပို့ချခြင်း အဆိုပါ
စေတနာ့ ဝန်ထမ်းများက မိမိတို့နေထိုင်ရာ ရပ်ရွာ အသိုင်းအဝိုင်းတွင် နှစ်သိမ့်ဆွေးနွေး
ပညာပေးခြင်း အိမ်တိုင်ရာရောက် ပြုစု စောင့်ရှောက်ခြင်း ကွန်ဒုံးများ ဖြန့်ဝေခြင်း ပညာပေး
စာစောင်များ ဖြန့်ဝေခြင်း ဟောပြောခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နာဂစ်မုန်တိုင်း
တိုက်ခတ်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းတွင် ရွေ့ပြောင်းသွားလာ နေထိုင်သူများ ပိုမို
များပြားလာကြောင်း ယင်းအနက် လူမှုကူညီရေး ဆောင်ရွက်သူများ၊ ဆောက်လုပ်ရေး သမားများ၊ ပို့ဆောင်ဆက်သွယ်ရေးသမားများ၊
စသည့် နာဂစ် မုန်တိုင်း မသင့်ခဲ့သော ဒေသများမှ သူများလည်း ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက်
လာရောက်မှုများ ရှိခဲ့သည့်အတွက် HIV/AIDS လုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်လာကြောင်း
သိရသည်။

www.first-11.com

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top