19
Feb

နာဂစ်နောက်ပိုင်း ဧရာဝတီတိုင်းတွင် အိတ်ခ်ျအိုင်ဗွီ ကာကွယ်မှုတစ်ရပ်ကိုလေ့လာပြုလုပ်

Weekly Eleven News – No 19,Vol  4 (18/2/2009)

<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" /> 

နာဂစ်နောက်ပိုင်း ဧရာဝတီတိုင်းရှိ လေဘေးသင့်သူများအနေဖြင့် အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ကူးစက်ခံရနိုင်မည့် အခွင့်အလမ်းများမှ ကာကွယ်နိုင်ရန် လေ့လာမှုတစ်ရပ်ကို UNAIDS မြန်မာမှ ပညာရှင်တစ်ဦးက ကွင်းဆင်းလေ့လာမှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါလေ့လာမှုကို UNAIDS မှ မြန်မာအတိုင်ပင်ခံတစ်ဦးက လေဘေးသင့်ဧရာဝတီတိုင်းတွင် ကွင်းဆင်းလေ့လာခဲ့ခြင်းဖြစ်ပြီး လေ့လာမှုမှာ တစ်လခန့် ကြာမြင့် ခဲ့ကြောင်းလည်းသိရသည်။

 

လေ့လာမှုပြုလုပ်ရသည့် အကြောင်းရင်းမှာ နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီးသည့်နောက်ပိုင်း ဧရာဝတီတိုင်းရှိ လေဘေးသင့်များအနေဖြင့် စားဝတ်နေရေးအတွက် ရွှေ့ ပြောင်းလုပ်ကိုင်ရခြင်း။ မိမိတို့ ၏အသက်မွေးဝမ်းကြောင်း လုပ်ငန်းများပြန်လည် မစတင်မှီ ရရာအလုပ်များကို လုပ်ကိုင်ရခြင်း စသည်တို့ ကြောင့် အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ကူးစက်ခံရနိုင်သည့် အလားအလာများမှကာကွယ်နိုင်ရန် အတွက်ဖြစ်ကြောင်းသိရသည်။

 

လေ့လာမှုမှရ ရှိလာသော အချက်များကိုအခြေခံကာ ဧရာဝတီတိုင်းရှိ လေဘေးသင့်များ အတွက်ထောက်ပံ့မှုများကို ဧရာဝတီတိုင်းရှိ လေဘေးသင့်သူများအတွက် ထောက်ပံ့မှုများကို ဆောင်ရွက်နေသည့် ပြည်တွင်းပြည်ပ လူမှုကူညီရေး အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်းသိရပါသည်။

 

WeeklyElevenNews (18/2/2009) နာဂစ်နောက်ပိုင်း ဧရာဝတီတိုင်းတွင် အိတ်ခ်ျအိုင်ဗွီ ကာကွယ်လေ့လာမှု တစ်ရပ်ကို ကွင်းဆင်းလေ့လာပြုလုပ်

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top