အမေရိကန်အစိုးရ ၏
ပံ့ပိုပေးမှုဖြင့် လော(စ်)ဇင်းဂျလိအခြေစိုက် ဟပ်ဟောပ် နှင့် ရော(ခ်) အရောနှော သီချင်းများကို
သီဆိုသည့်အဖွဲ့ ၀င်ခြောက်ဦးပါ အိုဇိုမာလ်တီ (Ozomalti) ဂီတ အဖွဲ့ မှာ မေလ တွင် ရန်ကုန်မြို့ သို
့ယဉ်ကျေးမှုသံအဖြင့် လာရောက် လည်ပတ်မည်ဟု သိရသည်။
အိုဇိုမာလ်တီ အဖွဲ့ ၏
အရှေ့တောင်အာရှ ခရီးစဉ် ဉ် ဗီယက်နမ် နိုင်ငံ ဟိုချီမင်း မြို့ တော်၊ထိုင်းနိုင်ငံ
ဘန်ကောက် နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ တို့ ပါဝင်သည်။
ထိုအဖွဲ့ ၏အရှေ့တောင်အာရှ
ယဉ်ကျေးမှုသံအဖြင့် ဖျော်ဖြေရေးခရီးစဉ် အတွင်း HIV/AIDS ၊ဆွံအနားမကြား ကလေးများကျောင်းနှင့် မိဘမဲ့ ကလေးများနှင့်
ဒုက္ခသည်များ အတွက်ဖြစ်ပြီးသူတို့ ၏ဘ၀မြှင့် တင်ရေးအတွက် ရည်ရွယ်လုပ်ဆောင်မည်
ဟုသိရသည်။
အမေရိကန် အစိုးရ၏ ယဉ်ကျေးမှုသံ
အဖြင့် T.V.O.A ဂီတ အဖွဲ
့မှာ ၂၀၀၆ ခုနှစ်က ရန်ကုန် သို့ လာရောက် ဖျော်ဖြေခဲ့သေးသည်။
အိုဇိုမာလ်တီ ဂီတ အဖွဲ့ တွင်
ဆက်ဆိုဖုန်းတီးမှုတ် သူ လည်းဖြစ်သည့်ပြင်
အဆိုတော် တစ်ဦးလည်းဖြစ်သည့် ယူလီဆက် ဘက်လာ က “ကျွန်တော် တို့ ရဲ
့လမ်းရိုးဟောင်းက ခွဲထွက်လာ တဲ့ ဂီတ တွေကို ဒီနိုင်ငံ က
ပြည်သူပြည်သားတွေ နားဆင်ခွင့် ရတာက ကြီးမားတဲ့အခွင့်
အလမ်းပဲ ”ဟု
ဘော်စတွန် ဂီတ ဂျာနယ်နှင့်
အင်တာဗျူးတွင် ပြောသည်။
အိုဇိုမာလ်တီ ဂီတ အဖွဲ့ မှာ
၁၉၉၈ ခုနှစ်က သူတို့ အဖွဲ့  ၏ နာမည်ဖြင့်ပင် ပွဲဦးထွက် အယ်(လ)ဘမ် ကိုထုတ်ဝေခဲ့
ပြီးလူကြိုက်များခဲ့သည်။ ၂၀၀၇ ခုနှစ်က ထိုအဖွဲ့ နောက်ဆုံးထုတ်ဝေခဲ့သော Don’t Mess With The Dragon အယ်(လ)ဘမ်မှာ လည်း လူကြိုက်များသည်။ အိုဇိုမာ(လ်)တီ အဖွဲ့ ၏
ထပ်မံ ထုတ်ဝေမည့် အယ်(လ)ဘမ် အတွက် ပရိုဂျူဆာမှာ နိုင်ငံရေးလှုံဆော်သည့်
သီချင်းများကိုသီ ဆိုသူ ကဗျာဆရာ၊အဆိုတော် နှင့် သီချင်းရေးဆရာ ဇက်ဒီလာ
ရိုချာဖြစ်သည်။ ရိုချာ သည် နိုင်ငံရေး အရ အငြင်းပွားဖွယ် သီချင်းများကို သီဆိုသူ Rage
Againstthe Machine ဂီတ အဖွဲ့ အတွင်
သီချင်းများကို ရေးသားပေးသူ ဖြစ်သည်။အို ဇိုမာ(လ်)တီ အဖွဲ့ ၏ ဂီတ ပုံသဏ္ဍန် မှာ
ဟပ်ဟောပ်၊ရောခ် ၊ဆယ်ဆာ နှင့် လက်တင် များကို ရောနှောထားသည့် Fusion ဂီတ ပုံသဏ္ဍန် ဖြစ်သည်။
နာမည်ကျော် ဟပ်ဟောပ် ဂီတ အဖွဲ
့ယဉ်ကျေးမှုသံအဖြင့်ရန်ကုန်သို့ လာမည်




