4
Jun

နီကာရာဂွါတွင် လိင်အလုပ်သမားများကို လူတန်းစားအဆင့်သစ် သတ်မှတ်

လိင်အလုပ်သမားတွေကို အစိုးရနဲ့ တရားရေးစနစ်တို့ရဲ့ တရားဝင် ကိုယ်စားလှယ်တွေအဖြစ် ဇွန် ၂ ရက်နေ့ ကျရောက်တဲ့ နိုင်ငံတကာ လိင်အလုပ်သမားများနေ့မှာ နီကာရာဂွါနိုင်ငံ တရားရုံးချုပ်က လူတန်းစားအဆင့် သတ်မှတ်ပေးလိုက်ပါတယ်။

ခုလို လိင်လုပ်သားတွေရဲ့ အခွင့်အရေးကို အသိအမှတ် ပြုလိုက်တာဟာ လမ်းဟောင်းကနေ ခွဲထွက်ပြီး သမိုင်းဝင် တိုးတက်တဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။

လိင်အလုပ်သမား ၁၈ ယောက် ပါဝင်တဲ့ အဖွဲ့တဖွဲ့ကို သူတို့ရဲ့ အသက်မွေးလုပ်ငန်းမှာ အဖြစ်အများဆုံး မတော်မတရားပြုမှုတွေနဲ့ ဥပေက္ခာပြု လျစ်လျူရှုခံရခြင်းတွေနဲ့အတူ ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေကို တာဝန်ယူ စီမံထိန်းသိမ်းနိုင်စေဖို့ နည်းပညာနဲ့ တရားရေးဆိုင်ရာ လေ့ကျင့်မှုတွေ စီစဉ်ပံ့ပိုးပေးထားပါတယ်။

နီကာရာဂွါ တရားရေးစနစ်ရဲ့ ဒု-ဥက္ကဋ္ဌ မာဗင် အဂွီလာက “ကမ္ဘာမှာ ကျနော်တို့ တနိုင်ငံတည်းသာ လိင်အလုပ်သမားတွေကို တရားရေးဆိုင်ရာ ပံ့ပိုးကူညီပေးသူတွေအဖြစ် ဆက်ဆံပေးတဲ့နိုင်ငံ ဖြစ်ပါတယ်။ သူတို့ကို ဖမ်းဆီးတာမျိုးလည်း မလုပ်၊ သူတို့ရဲ့ အလုပ်ကိုလည်း ရာဇ၀တ်မှုအဖြစ် မသတ်မှတ်တဲ့ တခုတည်းသောနိုင်ငံပါ။ ကျနော်တို့ သူတို့ကို လိင်လုပ်ငန်းလုပ်လို့ ထောင်ထဲထည့်မှာ မဟုတ်ပါဘူး။ လိင်လုပ်သားတွေကို ပြစ်မှု ကျူးလွန်သူတွေလို ထောင်ထဲ ထည့်နေတဲ့ နိုင်ငံတွေ နီကာရာဂွါနိုင်ငံနားမှာ ရှိနေပါတယ်။” လို့ ပြောပါတယ်။

လိင်အလုပ်သမားတွေက သူတို့ကို သတ်မှတ်ပေးလိုက်တဲ့ လူတန်းစားအဆင့် သတ်မှတ်ချက်ကို ကြိုဆိုခဲ့ကြပြီး အရင်ကဆို သူတို့ အကူအညီလိုချိန်မှာ အစိုးရက လုပ်ဆောင်ပေးတာ နည်းနည်းပဲရှိတယ်လို့ ပြောပါတယ်။

လက်တင်အမေရိကနဲ့ ခရစ်ဘီယန် အမျိုးသမီး လိင်လုပ်သားများကွန်ရက် (RedTraSex) ရဲ့ အဆိုအရ နီကာရာဂွါ အမျိုးသမီး ၁၄၅၀၀ လောက်က လိင်ကုန်ကူးခြင်းနဲ့ အသက်မွေးနေကြပြီး အဲ့ဒီထဲက ခန့်မှန်း ၁၄ ရာခိုင်နှုန်းလောက်ဟာ တချို့ ကျွမ်းကျင် အတတ်ပညာဆိုင်ရာ အဖွဲ့အစည်းတွေမှာ အကျိုးခံစားခွင့် ရှိနေကြသူတွေ ဖြစ်ပါတယ်။

အခု လူတန်းစားသစ် အဆင့်သတ်မှတ်လိုက်တဲ့ အစီအစဉ်သစ်နဲ့အတူ နီကာရာဂွါ ရဲတပ်ဖွဲ့ကလည်း လိင်လုပ်ငန်းခွင်ထဲက အမျိုးသမီးတွေ တက်ရောက်လာတဲ့ RedTraSex ကွန်ရက်နဲ့လည်း ဆက်ဆံရေးတရပ် ထူထောင်ထားပါတယ်။

လိင်အလုပ်သမားတွေကို ကြီးကြီးမားမား အသိအမှတ်ပြုလိုက်တဲ့ နီကာရာဂွါနိုင်ငံက ဆုံးဖြတ်ချက်ဟာ ဗဟိုအမေရိကမှာ တွန်းအားတရပ် ဖြစ်လာပါတယ်။

ကော့စတာရီကာ၊ ဟွန်ဒူးရပ်စ်နဲ့ ပနားမားနိုင်ငံတွေမှာ တက်ကြွလှုပ်ရှားသူတွေက လိင်လုပ်သားတွေကို အသိအမှတ်ပြုပေးဖို့ ဥပဒေတွေ မြှင့်တင်ပေးနေချိန်မှာ ဂွာတီမာလာနိုင်ငံမှာလည်း လိင်လုပ်သားများသမဂ္ဂ အဖွဲ့တခုကို ဖန်တီးထူထောင်ဖို့ လုပ်ဆောင်နေကြပါတယ်။

ဒီဗွီဘီ - နီကာရာဂွါတွင် လိင်အလုပ်သမားများကို လူတန်းစားအဆင့်သစ် သတ်မှတ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top