13
Jun

နီပေါသန်းခေါင်စာရင်းတွင် လိင်တူဆက်ဆံသူ၊ လိင်ပြောင်းထားသူများကိုပါ အသိမှတ်ပြု

နီပေါနိုင်ငံတစ်ဝန်းရှိ အိမ်ခြေ ၅ ဒသမ ၆ သန်းကို တစ်အိမ်တက်၊ တစ်အိမ်ဆင်း သန်းခေါင်စာရင်း ကောက်ယူခဲ့ရာတွင် အမျိုးသမီးနှင့် အမျိုးသားများသာမက third gender ဟု ခေါ်ဆိုသည့် လိင်တူဆက်ဆံသူနှင့် လိင်ပြောင်းလဲထားသည့် သူများနှင့် ပတ်သက်သော သတင်းအချက်အလက်များကိုပါ ကောက်ယူခဲ့ကြောင်း သိရသည်။

လိင်တူဆက်ဆံသူများနှင့် လိင်ပြောင်းထားသည့် သူများကို နီပေါနိုင်ငံ၏ ဗဟိုစာရင်းအင်းဗျူရိုက တရားဝင် အသိအမှတ် ပြုပေးခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ တရားဝင် အသိအမှတ်ပြုခြင်းသည် ၂၀၀၇ခုနှစ်က ဖြစ်ပွားခဲ့သည့် လိင်ခွဲခြားမှုမရှိပဲ သာတူညီမျှ ရရှိရေးလှုပ်ရှားမှုအတွက် အတည်ပြုပေးခြင်းဖြစ်သည်။

စာရင်းအင်းဗျူရိုမှ ပြောရေးဆိုခွင့်ရှိသူ Bikash Bista က မတူညီသည့် အမြင်များနှင့် ရှေးရိုးစွဲ အစဉ်အလာရှိသည့် နိုင်ငံကို အမြင်ပွင့်လင်းစေရန် ကြိုးပမ်းမှုအဖြစ် လိင်အမျိုးအစား စာရင်းအသစ်တစ်ခုကို ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

လိင်ပိုင်းဆိုင်ရာ ဖော်ထုတ်မှု၊ လိင်သတ်မှတ်မှုနှင့် လိင်ပိုင်းဆိုင်ရာ တားမြစ်မှုများကို အခြေခံသည့် ခွဲခြားဆက်ဆံမှုများကို အဆုံးသတ်စေရန်အတွက် နီပေါတရားရုံးချုပ်က ၂၀၀၇ခုနှစ် အတွင်းက အမိန့်ချမှတ် ထားခဲ့ကြောင်း သိရှိရသည်။

No 37, Vol 6, June 15, Wednesday 2011

Weekly Eleven News - နီပေါသန်းခေါင်စာရင်းတွင် လိင်တူဆက်ဆံသူ၊ လိင်ပြောင်းထားသူများကိုပါ အသိမှတ်ပြု

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top