9
Jan

ပဋိဇီဝဆေးသစ်ကို ယူအက်စ် ဆေးပညာရှင်တွေကတွေ့ရှိ

ပဋိဇီဝဆေးဆိုတာ ဗက်တီးရီးယားတွေကိုနိုင်တဲ့ ဆေးတွေဖြစ်တယ်။ သက်ရှိတမျိုးကနေ နောက်သက်ရှိကိုနိုင်စေလို့ အင်တီဘိုင်အောတစ်လို့ခေါ်တယ်။ ဆေးအသစ် ၂၅ မျိုး တွေ့ရှိလာပါပြီ။ ဆေးသစ်တွေမပေါ်တာတာ ဆယ်စုနှစ် ၃ စု လောက်ရှိပါပြီ။ Journal Nature ဂျာနယ်မှာ Game-changer တိုက်ပွဲကို ပြောင်းစေမဲ့ တွေ့ရှိချက်လို့ တင်စားထားပါတယ်။ ဒါ့အပြင် အပေါ်မှာသာ မြင်ရတဲ့ ရေခဲတုံးကြီးအဖျားပိုင်းလို့ပါ ဆိုလိုက်ပါသေးတယ်။

၁၉၅ဝ-၆ဝ ကတည်းက ပဋိဇီဝဆေးပေါ်ခဲ့တာပါ။ ၁၉၈၇ နောက်မှာ အခုမှသာပေါ်ပါတယ်။ ဒီကြားထဲမှာ ရောဂါပိုးတွေက ပေါ်ပြီးသား ပဋိဇီဝဆေးတွေကို ခံနိုင်ရည်တွေ ဖြစ်လာနေပါတယ်။ ၁၉၄၅ မှာ ဆေးပညာနိုဗယ်လ်ဆုရခဲ့သူ Sir Alexander Fleming ကနေ ပနယ်စလင်ကိုတွေ့ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဘော့စတွန်မှာရှိတဲ့ Northeastern University တက္ကသိုလ်မှာ အသစ်တွေ့လာတာဖြစ်ပါတယ်။ ဗက်တီးရီးယားတွေနေစရာ ဟော်တယ်ဆောက်ပေးသလိုလုပ်ရပါသတဲ့။ တမျိုးကို တခန်းစီမှာ ထားပေးတယ်။ ပြီးတော့ မြေကြီးထဲမှာမြှုပ်ထားတယ်။ အဲဒီ Soil bacteria တွေထဲက တဝက်လောက်ကို မွေးယူလို့ရတယ်လို့ ယူဆကြပါတယ်။

အဖွဲ့ခေါင်းဆောင် Prof Kim Lewis ပါမောက ကင်မ် လူးဝစ်ကပြောတာက ဒီနည်းနဲ့ ပဋိဇီဝဆေးသစ် ၂၅ မျိုးကိုတွေ့ပါပြီ။ Teixobactin ကနောက်ဆုံးပေါ်ဖြစ်ပြီး အလားအလာကောင်းပါတယ်တဲ့။ MRSA ခေါ်တဲ့ ဆေးယဉ် ဗက်တီးရီးယား ရောဂါကို ကြွက်တွေမှာစမ်းတာ ဒီဆေးကနိုင်တယ်။ လူတွေကို ဆက်စမ်းပါတော့မယ်။ ဆေးယဉ်တာ မဖြစ်နိုင်လောက်ဘူလို့လဲ ထင်ထားပါသေးတယ်။ ဒီဆေးသစ်ကနေ ဗက်တီးရီးယားတွေအတွက် ဆဲလ်နံရံ တည်ဆောက်ဘို့မှာ လိုအပ်တဲ့ အဆီနေရာကို ပစ်မှတ်ထား တိုက်ဖျက်လို့ပါ။

အကန့်အသတ်တွေတော့ရှိတယ်။ Gram-positive bacteria ပိုးအမျိုးအစားတွေသာနိုင်တယ်။ အဲဒီအထဲမှာ MRSA နဲ့ Mycobacterium tuberculosis ခေါ်တဲ့ တီဘီပိုးတွေလဲပါတယ်။ Gram-negative bacteria အမျိုးအစားထဲက E. coli ပိုးကိုတော့မနိုင်ပါ။

- Antibiotics ပဋိဇီဝဆေးများ http://doctortintswe.blogspot.com/2014/11/antibiotics.html
- Antibiotic resistance ပဋိဇီဝဆေးယဉ်ခြင်းဟာ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်ဖြစ်နေပြီ http://doctortintswe.blogspot.com/2014/11/antibiotic-resistance.html
- Antibiotics for Viral Infections ပဋိဇီဝဆေး ကောင်းကျိုး-ဆိုးကျိုး http://doctortintswe.blogspot.com/2014/11/antibiotics-for-viral-infections.html

ဒေါက်တာတင့်ဆွေ (၇-၁-၂ဝ၁၅)

ဒေါက်တာတင့်ဆွေ - ပဋိဇီဝဆေးသစ်ကို ယူအက်စ် ဆေးပညာရှင်တွေကတွေ့ရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top